Part seven

19 0 0
                                    

ဝဏ္ဏ pov,
#မင်းခန့်ထည် ဆိုတဲ့ ကျွန်တော့အတွင်းရေးမှူးလေး ကျွန်တော့နားမရှိတော့ တခုခုလိုနေသလိုခံစားရတယ်။ အပေါင်းအသင်းများများစားစားမရှိတာမို့များလား။ ခါတိုင်းဆို သော်ဇင်ဝေဆိုတဲ့ ကောင်လေးရှိနေရင် အပျင်းပြေတယ်လို့ခံစားခဲ့မိဖူးတယ်။ မနေ့က အတွင်းရေးမှူးကောင်လေး မရှိတာလစ်ဟာနေချက်က နောင်တချိန် သူမရှိတောင် ကျွန်တော် မနေနိုင်လောက်အောင်ကိုဖြစ်နေတာ။ ခေတ်မိတဲ့ ဘွားချောက သူ့မြေးဖြစ်တဲ့ ကျွန်တော့ အိမ်ထောင်ရေးကို  သူ့သူငယ်ချင်းမြေး သော်ဇင်ဝေဆိုတဲ့ ကောင်လေးနဲ့ လျာထားပုံပေါ်တယ်။ အရင်က ကျွန်တော်က ချစ်ရမယ့်သူမရှိသေးတာကတစ်ကြောင်း၊ တဦးတည်းရှိတော့တဲ့ ဘွားချောကို စိတ်မဆင်းရဲစေချင်တာကြောင့်ပါ ဘာမှမပြောဘဲနေခဲ့မိတာ။ အလုပ်မှာလည်း ဘွားချောစိတ်တိုင်းကျ ဘာမှမသိတတ်တဲ့ lawဘွဲ့ရ သော်ဇင်လေးကို ရှေ့နေခန့်ထားတာ။ အခုချိန်ထိ ဒီကောင်လေးက ကျွန်တော့ကို အမျိုးမျိုးအခက်တွေ့အောင်လုပ်တယ်။ နောင်တချိန် ကျွန်တော့အိမ်ထောင်ရေးကိုတော့ အနှောက်အယှက်ပြုခွင့် မပေးနိုင်ဘူး ။ အဲဒီအတွက် ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားသင့်တယ်ထင်တယ်။ ( မဆိုးဘူးဥာဏ်အမြော်အမြင်ကောင်းတယ်)#

သော်ဇင် " ကိုကြီး"
(ပြောရင်းဆိုရင်းလာပြီ)

ဘွားချော " လာ မြေးလေး မကြွယ် နေကောင်းလား။ တစ်ရက်လောက်လာလည်ဖို့ပြောလိုက်ဦးနော်။ ဘွားချော သတိရနေတယ်ပါပြောပေး။ "

သော်ဇင် " ဟုတ်ဘွားချော။ ဒါနဲ့ ကိုကြီးရော?"

ဘွားချော " မြေးလေး ကိုကြီး ထမင်းစားခန်းမှာ နံနက်စာစားနေတုန်း။ ဒီနေ့အိပ်ရာထနောက်ကျနေတယ်နဲ့တူတယ်။ မနက်က ၇ နာရီမှ ကြေးစည်သံ ကြားမိတာဘဲကွယ်"

သော်ဇင် "ဟုတ် ဘွားချော သားကိုကြီးဆီသွားဦးမယ်နော် "

....
At dining room,
သော်ဇင် " ကိုကြီး "

ဝဏ္ဏ"အဟွတ်.....အဟွတ် အဟွတ်......."

သော်ဇင် "ဟာ ကိုကြီးကလည်း ဖြည်းဖြည်းစားမှပေါ့။ "

ဝဏ္ဏ"ဘာလာလုပ်တာလဲ "

သော်ဇင် "ဘာလဲ ကိုကြီးက မကြိုက်တာလား။ ကိုကြီးနော် အရင်တုန်းကနှင့်မတူတော့ဘူး။ "

သူဌေးနှင့်တွဲဖော်လေးWhere stories live. Discover now