Part-16~Broken Photo

Start from the beginning
                                    

" အား ရေစိုနေတာနဲ့လုံးဝsexy ပဲ ''
ဇီယိနဲ့လင်းချန်တို့မိန်းကလေးနှစ်ယောက်ရိပေါ်ရဲ့ ကြွက်သားတွေကိုငမ်းနေကြတာကိုသူတို့ရှေ့ကကျိုးချန်နဲ့ ရန်ဖေးကတော့အံသြနေရဲ့...

ရိပေါ်ဧည့်ခန်းထဲကိုရောက်တော့ရှောင်ဟန်နဲ့စကားပြောနေ တဲ့ရှောင်ကျန့်ကိုတွေ့တော့ရိပေါ်ရှောင်ကျန့်ရှေ့ဆီကို ခပ်သုတ်သုတ်လျှောက်သွားလိုက်ပြီးထိုင်နေတဲ့ရှောင်ကျန့် လက်ကောက်ဝတ်ကနေဆွဲပြီးခေါ်လိုက်တယ် ။ ဒါပေမယ့်ရိပေါ်ရဲ့လက်ကိုပြန်ဆွဲလိုက်တာမို့ ကြည့်လိုက်တော့...

" ခေါင်းဆောင်ဝမ်စကားပြောရင်လက်မပါပါနဲ့လားဒီမှာပဲ ပြောပါလား ''
ရှောင်ကျန့်လက်ကောက်ဝတ်ကိုဆွဲထားတဲ့ရိပေါ်လက်ကို ရှောင်ဟန်ကတားတယ်

" အဟက် မင်းနဲ့မဆိုင်ဘူးထင်တယ်နော်ကျိုးရှောင်ဟန် မင်းဝင်ပါစရာလဲမရှိဘူး ''

" ခေါင်းဆောင်ဝမ်စိတ်ဆက်တာသိပေမယ့်ဒီလိုမျိိုးကို မန်နေဂျင်းလဲကြိုက်မယ်မထင်ဘူး ''

" မင်းလိုလူတွေအားလုံးရဲ့စိတ်ကိုနားလည်ပေးတဲ့သူ မဟုတ်တာခက်တာပဲဘာလဲတစ်ခုမရတစ်ခုရအောင် လုပ်မယ်များစိတ်ကူးထားလို့စိတ်ကူးထားတာလေး ပျက်မှာစိုးလို့လား ''

ရိပေါ်ပြောလိုက်တော့ရှောင်ဟန့်ရဲ့မျက်နှာသိသိသာသာ ပျက်သွားပြီးရိပေါ်ကိုကိုင်ထားတဲ့လက်တွေပါဒေါသကြောင့်တင်းကြပ်သွားတယ်

" အဟက် ကြောင်သူတော် ''

ရိပေါ်နဲ့ရှောင်ဟန်တို့စကားနာထိုးနေကြတာကိုရှောင်ကျန့်က ဘာမှဝင်မပြောဘဲကြည့်နေပြီးမှ

" ကျွန်တော်ခေါင်းဆောင်ဝမ်နဲ့စကားပြောလိုက်ဦးမယ် စိတ်မပူပါနဲ့ ''

ရှောင်ကျန့်ကရှောင်ဟန်ကိုစိတ်မပူဖို့ပြောနေတာကိုရိပေါ်က ကြည့်မရတော့ဘဲရှောင်ကျန့်ကိုဆွဲခေါ်သွားတယ် ။ စာဖတ်ခန်းထဲထိဆွဲခေါ်သွားပြီးတံခါးကိုပိတ်လိုက်ကာ ရှောင်ကျန့်ကိုနံရံမှာကပ်လိုက်ပြီးရှောင်ကျန့်ပခုံးအပေါ်က
နံရံမှာသူ့လက်ကိုထောက်လိုက်တယ် ။

ရေသိပ်မခြောက်သေးတဲ့ရိပေါ်ရဲ့ကြွက်သား ခြောက်မြောင်းနဲ့ ရေစိုနေဆဲဖစ်တဲ့ဆံပင်က ရေတွေကမျက်နှာချွန်ချွန်ပေါ်ကိုကျလာတဲ့ရေစက်တွေက ဝမ်ရိပေါ်ကသာမန်ချိန်ထက်ပိုဆွဲဆောင်မှုရှိနေသလို...
ရှောင်ကျန့်ရိပေါ်ကိုကြည့်နေရင်းသူ့ကိုယ်သူမလုံလာတာမို့လို့် ခေါင်းကဘေးကိုအကြည့်လွှဲလိုက်တယ်

Mysterious Love ( Completed ) Where stories live. Discover now