ဆေးရုံဆင်းပြီးတဲ့နောက်မှာ ပါး ကလုပ်ငန်းတွေအားလုံးကိုရှောင်းကျန့်ကိုဦးစီးစေပြီး
သူကတော့နှစ်နှစ်ဆယ်ကျော်မကျေပွန်ခဲ့တဲ့ဝတ္တရား
တွေကိုပြန်ဆပ်ဖို့အတွက်ဒေါ်လေးယွဲ့တို့နဲ့လိုက်
သွားဖို့စီစဉ်တယ်။

မီနာ့အတွက်တော့တကယ့်ကိုကံကောင်းခြင်းနေ့
ရက်တွေဆိုက်ရောက်လာခဲ့ပြီထင်ပါရဲ့။


အလုပ်ပိတ်ရက်တွေဆိုရင်ရှောင်းကျန့်ကခြံနောက်ဖက်ကပန်းပင်တွေကိုကိုယ်တိုင်ရေလောင်းလေ့ရှိသည်။

ဒီနေ့လည်းပိတ်ရက်ဖြစ်တာမို့ရှောင်းကျန့်ကထုံးစံ
အတိုင်းပန်းပင်လေးတွေကိုရေလောင်းနေတယ်။
ပန်းလေးတွေကိုမြင်ရင်အဝါရောင်ပန်းခင်းကြ်ီးထဲက
အဖြူရောင်ကောင်လေးကိုပြေးမြင်မိတာမို့
တနည်းအားဖြင့်ထိုသူအပေါ်ထားရှိတဲ့သတိရစိတ်တွေကိုလွတ်လပ်ခွင့်ပေးထားခြင်းပင်။

တစ်ခါတလေရှောင်းကျန့်ကကိုယ့်ကိုယ်ကိုယ်ရူးနေ
တယ်လို့တောင်ထင်မိတယ်။
ရှောင်မပြေးဖို့ကိုသူကိုယ်တိုင်ပြောခဲ့တာပေမဲ့
သူပဲရှေ့ဆုံးကထွက်ပြေးခဲ့တယ်၊
ရူးလောက်အောင်တွေ့ချင်ပေမဲ့
မတော်တဆဆုံရမှာကိုတောင်တွေးကြောက်နေမိတယ်၊
မလွမ်းဆွတ်သင့်ပါဘူးလို့အကြိမ်ကြိမ်ပြန်သတိ
ပေးနေတတ်ပေမဲ့
နှလုံးသားကသတိရခွင့်အပြည့်ပေးထားပြန်တယ်။

ရိပေါ်နဲ့ပတ်သက်ရင်ရှောင်းကျန့်ကသူ့ကိုယ်သူ
တောင်ကောင်းကောင်းနားမလည်နိုင်လောက်
အောင်ပင်ရူးသွပ်သွားတတ်သည်။

ရှောင်းကျန့်ကကိုယ့်ကိုယ်ကိုယ်"အရူး"ဆိုတဲ့စကား
လုံးကိုရေရွတ်ရင်းခြောက်ကပ်ကပ်ရယ်သွမ်းသွေးမိတယ်

"ဟုတ်တယ် ကိုကိုကအရူးပဲ
တကယ့်ကိုစိတ်ပျက်ဖို့ကောင်းတဲ့အရူးကြီး"

ရုတ်တရက်အိပ်မက်ဆန်လွန်းလှစွာပဲ
ခါးကိုလာယောက်ရစ်နွယ်တဲ့ခပ်နွေးနွေး
လက်ကလေးတွေ၊
ရင်နှီးလွန်းမကရင်းနှီးတဲ့ခပ်သင်းသင်းဆာကူရာနံ့
လေးရယ်၊
မကြားရတာကြာပြီဖြစ်တဲ့ခပ်သြသြအသံလှိုင်းလေး
ရယ်ကရှောင်းကျန့်ကိုကျောက်ရုပ်တစ်ရုပ်အသွင်
ကိုဆောင်စေတယ်။

Spring in yoursWhere stories live. Discover now