" ဆွဲခဲ့ကွာ ရေး...."

Chan တို့သူငယ်ချင်းတစ်သိုက်ကမ်းခြေမှာထိုင်ကာ ပင်လယ်ပြာကြီးကိုကြည့်နေရာမှာ ဘာစိတ်ကူးပေါက်မှန်းမသိ နေ့လည်ကြီးကို ရေထဲဆွဲချတန်းကစားနေကြသည်။ နောက်တော့ရုတ်တရပ် ပင်လယ်ကြီးကို ငေးနေတဲ့ Soo နဲ့ အခုမှရည်းစားစကား ပြန်ပြောဖို့ ချောင်းနေတဲ့ Chan ခမျာ သူတို့ဝိုင်းမတာခံရကာ ရေထဲသို့ရောက်သွားတော့သည်။ Chan  Soo ကိုပြောမဲ့စကားတွေ​ပျောကမရှသွားရသည်။ ကောင်းကျိုးမပေးတဲ့ကောင်တွေ ဟု စိတ်ထဲကကျိန်ဆဲကာ သူပါရေထဲကိုတွေ့သမျှသူကိုပစ်ချနေတော့သည်။ Soo လည်း Chan ဘက်က ဝင်ပါကာ သူပါရောပြီးဆွဲချနေသည်။ ခနကြာတော့ အကုန်လုံးမောမောနဲ့အရိပ်တွေအောက် ဝင်ကာနားကြတော့သည်။ သိပ်မကြာလိုက် Sehun ဆီက ဆော့ဖို့အကြံကထွက်လာပြန်သည်။ Game က သဲနပန်း ဆော့ကြမယ်ဆိုပဲ ။

Soo Chen Luhan Tao Suho တို့က နောက်တစ်ချီဖြစ်ပြီး Chan Xuimin Sehun Kris Yixing တို့က ပထမအချီဆော့ကြမည်။ အတွဲလိုက်ဆော့ကြတာမို့ နှစ်ယောက်လုံးနိုင်ဖို့လိုသည်။ နှစ်ချီမှာ နှစ်ယောက်လုံးက ကိုယ့်အချီမှာနိုင်ထားမှ နိုင်မည်ဖြစ်ပြီး နှစ်ယောက်လုံးရှုံးရင် အရှုံးသတ်မှတ်ကာ ရှုံးတဲ့အတွဲတွေက နိုင်တဲ့အတွဲက ခိုင်းတာကိုလုပ်ပေးရမည်။

စည်းမျဥ်းကိုအတိုချုံးသတ်မှတ်ကာ ပွဲကို စ,လိုက်ကြသည်။ ဘယ်သူနဲ့ပြိုင်ရမလဲ မဲချတော့ Chan နဲ့ Kris , Sehun နဲ့ Xuimin , yixing က ရှုံးတဲ့အတွဲက သူနဲ့ကစားရမည်။ အကုန်လုံးက အလှည့်ကျဆော့မည်ဖြစ်သည်။ ပထမဆုံး Chan နဲ့ Kris မှာ Chan နိုင်သည်။ Sehun နဲ့ Xuimin မှာ Xuimin နိုင်သည်။ Yixing နဲ့ Kris မှာ Yixing နိုင်သည်။
Tao က ပွဲကိုကြည့်ရင်းပြောလာသည်။

" သေချာတယ် Kris က ဘယ်သူ့ကိုမှနိုင်မှာမဟုတ်ဘူး "

အကုန်လုံးဝိုင်းရယ်ကြသည်။

(EXOShowtime ep4 ကို ကြည့်ကြည့်ပါ အဲ့တုန်းကရှုံးတဲ့ပုံနဲ့ဆင်လို့ 😁)

နောက်ဆုံးတော့ Tao ပြောသလို Kris ဗိုလ်ဆွဲလိုက်ရပါတယ်။ နောက်ဆုံးဆုပါ။ Yixing က ပထမဖြစ်ပြီး Chan နဲ့ Sehun က ဒုတိယနဲ့တတိယဖြစ်သွားသည်။ Xuimin က စတုထ္တနေရာအလိုလိုနေရင်းရသည်ပေါ့။

Happy House(U+Z)Where stories live. Discover now