20200804 Jisung Vlive

8 0 0
                                    

Zawgyi

20200804 Jisung Vlive

🍀Jisungကို Czenniesတွေက  ဦးထုပ်ကို ချွတ်ပြီး hair colorကိုပြခိုင်းခဲ့ပါတယ်  ဒါပေမယ့် companyကခွင့်မပြုလို့ မရပါဘူး
တကယ်တော့ သူလဲ ဆံပင်ကို ဖုံးမထားချင်ဘူး ပြချင်ပါတယ်တဲ့   (ပြတာပါပဲ😂)

🍀Jisungက သူအကြိုက်ဆုံးဦးထုပ်ကပျောက်သွားလို့ အသစ်ထပ်ဝယ်ပေမယ့် သူ့အကြိုက်ရှာမတွေ့ပါဘူးတဲ့

🍀Jisungက မနေ့ကအရမ်းပျော်ဖို့ကောင်းတယ်တဲ့ အထင်လွဲစရာကောင်းနေပေမယ့် သူကအရမ်းပျော်တယ် ၇ယောက်လုံး ဂိမ်းတွေလဲဆော့ကြတယ်တဲ့

🍀Awsazရိုက်ကူးမှုမှာ Jisungက သူလဲပါဝင်တယ်လို့ ပြောထားပါတယ် (ဘယ်သူနဲ့အတူလဲ သိချင်လာပြီ😭)

🍀NCTမှာက memberတွေ အများကြီးရှိတာကြောင့် အကုန်လုံးနဲ့  အရမ်းရင်းနှီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူးတဲ့

🍀Dreamiesတွေအပြင် Jisungရင်းနှီးတာက Jungwoo hyungပါ အရင်တုန်းကအတူတူနေခဲ့တာကြောင့်ပါတဲ့

🍀Jisungက သူnecklaceပျောက်လုနီးပါဖြစ်ခဲ့ပါတယ် ဒါပေမယ့်ရုတ်တရက်ကြီး အဲဒီnecklaceက သူ့အရှေ့မှာပေါ်လာတဲ့ သူရဲ့ ပြန်တွေ့ပါစေဆိုတဲ့ ဆုတောင်းတွေကြောင့် ပြန်တွေ့ခဲ့တာတဲ့😂

🍀Jisungက သူ့ရဲ့ဆံပင်အနောက်က ကာလာက နှစ်ရောင်ဖြစ်နေပါတယ်တဲ့😂

🍀ဆံပင်အနီရောင်နဲ့တုန်းက ဆံပင်ညှပ်ခဲ့ပေမယ့် အခု ဆံပင်တွေက ရှည်ပြီတဲ့

🍀Renjun hyungနဲ့အတူ အာကာသအကြောင်းတွေပြောဖို့ Vliveလုပ်ချင်ပါတယ်တဲ့

🍀Czenniesတွေက SMက ရေကဘယ်လိုအရသာရှိလဲဆိုတော့ အဲဒီမေးခွန်းက ထူးဆန်းတာပဲတဲ့ SMက ရေကိုသောက်ရင် အရမ်းချောလာမှာပါတဲ့ သူကတော့ အများကြီးမသောက်ဖြစ်ပါဘူးတဲ့

(Renjunက SMကရေ‌ကိုသောက်ရင် ချောတယ်လို့ပြောဖူးပါတယ် အဲဒါကြောင့် Czenniesတွေက ရေအရသာဘယ်လိုရှိလဲမေးကြတာ "SMကရေကိုသောက်ရင်ချောတယ်"ဆိုတဲ့စကားက SMမှာ ပြောနေကျစကားပါတဲ့)

🍀Jisungက သူ့အရှေ့ဆံပင်ကို အမြဲတမ်းတိရပါတယ် အဲလိုမှမလုပ်ရင် အရှေ့ကိုကောင်းကောင်းမမြင်ရလို့ပါတဲ့

All about JISUNG Where stories live. Discover now