PANORAMA interview with NCT DREAM (JISUNG CUT MYANMAR TRANSLATION)

7 2 0
                                    

Q-မင်းတို့က စံချိန်ချိုးခဲ့တယ် Glitch Mode Albumက အမြန်ဆုံးနဲ့ Double Million Seller Album ဖြစ်လာခဲ့တယ်ဆိုတာ သိလိုက်ရတော့ ဘယ်လိုတုံ့ပြန်ခဲ့လဲ မှတ်မိလား?

🐹:လူတော်တော်များများက ကျွန်တော်တို့ရဲ့ Albumကို ကြိုက်တဲ့ပုံ ပေါ်တဲ့အတွက် အရမ်းဝမ်းသာပြီး ကျေးဇူးတင်မိပါတယ် ပရိသတ်တွေက ကြိုက်မှာလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ကြပေမယ့် ဒီအံ့သြစရာကောင်းတဲ့သတင်းက အဲဒီစိုးရိမ်မှုတွေကို ပျောက်ကွယ်သွားစေပါတယ်

Q-NCT DREAMရဲ့ strengthက ဘာလဲ?

🐹: အဖွဲ့ဝင်တိုင်းက ချစ်စရာကောင်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ စွဲဆောင်မှုရှိတယ် ကျွန်တော်တို့ရဲ့strengthက အဖွဲ့ဝင်တွေ စုစည်းပြီး ကျွန်တော်တို့ရဲ့ပရိတ်သတ်တွေဆီ positive energy ဖြန့်ဝေပေးရင်း ဂီတကို ဖန်တီးခြင်း ဖြစ်ပါတယ်

Q-Jisungက အတူတူလျှောက်လမ်းခဲ့ကြတယ်
အသက် 14နှစ်မှာပွဲဦးထွက်ခဲ့တယ်...အဖွဲ့လိုက် အတူတူကြီးပြင်းကြတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ?

🐹: ကျွန်တော် ငယ်ငယ်ကတည်းက အဖွဲ့ဝင်တွေနဲ့ အတူရှိခဲ့ပါတယ် သူတို့နဲ့ ကြီးပြင်းလာရုံသာမကဘဲ သူတို့ကိုအားကိုးနိုင်တာကြောင့် သူတို့ဆီက positive influenceတွေအများကြီးရခဲ့တယ်  တစ်ယောက်နဲ့တစ်ယောက် အမြဲဂရုစိုက်နေတာကြောင့် တစ်ယောက်နဲ့တစ်ယောက် အများကြီးသင်ယူခဲ့ရတယ်  NCT DREAMက ကျွန်တော့်ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိနေပါတယ်

Q-တစ်ယောက်နဲ့တစ်ယောက် စကားပြောရင်း ခဏခဏပြန်သတိရမိတဲ့ အမှတ်တရလေးတွေ ရှိလား?

🐹:သင်တန်းသားဘဝတုန်းက ကျွန်တော်တို့ရဲ့ ပထမဆုံး အထင်အမြင်တွေအကြောင်း ပြောရင်း အချိန်ဖြုန်းတာ တစ်ယောက်နဲ့တစ်ယောက် နောက်ပြောင်တာ ပျော်ရွှင်စရာအမှတ်တရတွေကို ပြန်အမှတ်ရစေတာက ကျွန်တော်တို့ အကြိုက်ဆုံးအရာတွေပါ တူညီတဲ့အရာတွေကို ထပ်ခါထပ်ခါပြောနေရင်တောင်မှ စကားပြောရတာကို နှစ်သက်ပြီး ကျွန်တော်တို့အချင်းချင်း အချိန်ဖြုန်းတာကို သဘောကျပါတယ်

Q-မင်းရဲ့နောက်ဆုံးAlbumကို တခြားစကားလုံးနဲ့ ဖော်ပြနိုင်ရင် ဘယ်ဟာဖြစ်မလဲ?

🐹:ကျွန်တော်တို့ရဲ့Albumမှာ ကြီးမားတဲ့ စွမ်းအင်ကြောင့် "ပျော်ရွှင်မှု"ဆိုတဲ့စကားလုံးကိုရွေးချယ်ချင်ပါတယ်

Q-မင်းဆီက ငါတို့ အခုဘာကိုမျှော်လင့်ထားရမလဲ?

🐹:ကျွန်တော်တို့ debutလုပ်လာတာ 7နှစ်ရှိပြီ
ကျွန်တော်တို့က ငယ်သေးတဲ့အတွက်ကြောင့် ကျွန်တော်တို့လုပ်ချင်တာတွေ အများကြီးလုပ်တယ် NCT DREAMအဖြစ် လိုချင်တာမှန်သမျှ ပြီးမြောက်အောင်မြင်နိုင်စေဖို့အတွက် ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့ အကောင်းဆုံးကြိုးစားသွားပါမယ် ဒါ​ကြောင့်​ ​နောက်​ထပ်​ဖြစ်​လာမယ့်​အရာ​တွေကို ​စောင့်​ကြည့်​ပါ
eng tran cr eunoicjisung

0205's Asteroid
#NCTDream #지성 #Jisung

All about JISUNG Where stories live. Discover now