Part-37~Parent ( Final)

Începe de la început
                                    

" ပါးပါး မင်အာနဲ့အတူ စာလုပ်ပေး ''

" အေးအေး လာပြီ ''
ဝမ်မင်အာလေးက ဝမ်ရိပေါ်ပုံသွင်းထားတဲ့ အတိုင်းစာဂျပိုးပုံစံလေးလို့ အိမ်ပြင်ထွက်ခိုင်းရင်တောင်
သိပ်မထွက်ချင်တော့ဘူး ။

" မင်အာ....မင်အာ လာကိုကိုတို့နဲ့ ဆော့ရအောင် ''

ဘောလုံးပိုက်ပြီး အိမ်ထဲကိုဝင်လာတဲ့မင်ယူ့ကို မင်အာကတစ်ချက်ကြည့်လိုက်ပြီး နှာခေါင်းရူံကာ သူလုပ်စရာရှိတာသာလုပ်နေသည် ရုပ်ကသာ ပါးပါးနဲ့တူတာချေချက်ကတော့ ဝမ်ရိပေါ်သမီးလို့ပြောစရာမလိုအောင်ကိုချေတာ ။

" မင်အာဆော့မယ်လို့ ''

" ထွက်သွား ''
မင်ယူကမင်အာ့ကိုဆော့ဖို့အတင်းဆွဲခေါ်သည် မင်အာက သူ့ဘေးမှာရှိတဲ့စာအုပ်နဲ့ပြန်ထုသည် ဒါလဲမင်ယူက မဖြုံဘူး ဝမ်ရိပေါ်အိမ်ထဲဝင်လာတော့မှ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ သားနဲ့သမီးကိုဆွဲဖယ်ရသည်။

" မင်လေး ဒယ်ဒီတို့နဲ့အတူဆော့ပါလားမင်လေးရဲ့ ''

" ဒယ္ဒီပဲ အိမ်ထဲမှာနေတာကစမတ်ပ်ိုဖြစ်တယ်ဆို မင်လေးက ဒယ်ဒီ့လိုဖြစ်ချင်တာ ''

" ဒယ်ဒီလိုဖြစ်ရမှာပေါ့ ဒါပေမယ့်လဲတစ်ခါတစ်လေ
ဆော့ပေးရတယ် လာဒယ်ဒီတို့နဲ့သွားဆော့မယ် ''

အသန့်ကြိုက်တဲ့မင်အာ့ကိုဝမ်ရိပေါ်ကခြံထဲအထိချီသွားရသည် သားအဖသုံးယောက်ခြံထဲမှာ ဘောလုံးကန်ပြီး ဆော့နေကြသည် ။

" ဒယ်ဒီ ဒယ်ဒီ ဒီနေ့သားသူငယ်ချင်းတွေလဲလာမယ်တဲ့ ''

"ဟုတ်လား ကောင်းတာပေါ့ဒယ်ဒီတို့ကစားဖော်
အများကြီးရှိတော့ကောင်းတာပေါ့ ''

သိပ်မကြာဘူး မင်ယူလေးရဲ့သူငယ်ချင်းနှစ်ယောက်က သူတို့မိဘတွေကလာပို့ကြတော့ မင်ယူလဲအဖော်မက်ပြီး ကစားနေကြသည် မင်အာလေးကလဲ ကစားရတာပျော်သွားတာမို့ရိပေါ်လဲ ဝင်မဆော့ပေးတော့ဘဲ ဘေးကနေပဲကြည့်နေလိုက်သည် ။

" သူဌေးဝမ်ရဲ့ သားရော သမီးရောကချစ်ဖို့ကောင်းတယ်နော်''

" ဒါပေါ့အဖေတွေကချောတာကို ''
ဂုဏ်ဆာတဲ့အပြုံးကြီးနဲ့ပြောလိုက်တော့ တစ်ဖက်ကပြောတဲ့သူ ပင်နင်သွားရသည် ။

Hate is Love  { Complete }Unde poveștirile trăiesc. Descoperă acum