To/ Dear Baby..."Extra final"

Začít od začátku
                                    

"အဟတ်...ဘယ်လောက် အမြင့်မှာရောက်နေပါစေ...သူ့ဘတ်က လက်တစ်ကမ်းပဲလိုတာပါဗျ...ခ ဆိုတာ လိုချင်ရင် ရခဲ့တာကြီးပဲ...._လစ်စမ်းပါဗျာ..."

ခ ခခေါင်းခါလိုက်သည်။ တကယ်အရိုင်းအစိုင်းပဲ.....သူ့ကိုပညာပေးမှာ ဖေကြီးမဟုတ်ပဲ ဖေဆိုတာ မသိဘူးလား...ဒီလို လုပ်ရင် သူထိပ်တိုက်တွေ့ရမှာက ဖေ့ကိုပင်... ဘာလို့ဆို ခ ခတောင်သူတို့နှစ်ယောက်အတွတ်ဒုတိယ နေရမှာပဲရှိတာမဟုတ်လား...

"လစ်ရမှာ မင်းလို့ မထင်ဘူးလား..."

တွေးလို့မှမပြီးသေး လူထက်အသံကအရင်ရောက်လာပြီးအခြားခုံပေါ်မှ
လိမ္မော်ရည်ခွက်နဲ့ ကောက်ယူကာ ဖြည်းဖြည်းချင်းလောင်းချလိုက်တဲ့ မှူးငယ်..

ချောမော မှုနဲ့ မလိုက်အောင်
မီးဟုန်းဟုန်းတောက်နေတဲ့ မျက်လုံးတွေ....

ထို ယုံကြည်မှုအပြည့်ရှိတဲ့ တွေဝေမှုမရှိတဲ့ ငယ်ပုံစံကို ဂုဏ်ယူစွာနဲ့ ကြည့်နေလိုက်သည်။

"မင်းကိုအတန်တန်ငါပြောခဲ့တယ်...ဦးဟန်ဆိုတာ မင်းစော်ကား လို့ရတဲ့ အဆင့်မဟုတ်ဘူးဆိုတာ..."

"ဦး....ဦး ဘယ်လိုလုပ်လိုက်တာလည်း..."

"ညစ်ပတ်နေတဲ့ အတွေးတွေ တွေးနေတဲ့ မင်းရဲ့ခေါင်းကို ဆေးကြောပေးလိုက်တာလေ..."

"အဟတ်"

ရွှဲစိုနေတဲ့ ဆံပင်တွေကိုဟန်ပါပါတစ်ချက်ခါလိုက်ပြီး ရယ်လိုက်တဲ့ ခေတ်...

"သိပ်လှတာ ပဲ ဦးရယ်...."

ပါးပြင်ကို ကိုင်ဖို့ပြင်လိုက်တဲ့ ထိုကောင်လေးရဲ့လက်ကိုဇတ်ခနဲ ဖမ်းကိုင်ကာ လိမ်ချိုးပစ်လိုက်သည်။

"အား...အာ..."

ဆိုင်ထဲတွင် ဖြစ်တာမို့ လူတွေအားလုံးက ကြည့်လာကြသည်။
ဆိုင်ဝန်ထမ်းတွေက ဝင်ဆွဲဖို့ပြင်လိုက်ပေ့မယ့်
မင်း​​မြတ်ကို​​မြင်တော့ နောက်ဆုတ်သွားကြသည်။

သူတို့ မမှားဘူးဆိုရင် ဒီလူသည်
သတင်းတွေ မှာပါလာတတ်တဲ့ kingရဲ့ ပဲ့ကိုင်ရှင်မဟုတ်လား...
ဒီဆိုင်သည်လည်းသူတို့groupထဲက တစ်ခုမို့....

"ဖေကြီး"

"အင်း..."

"ဒီတိုင်းပဲကြည့်နေတော့မှာလားဟင်...ဖေ့ကို တစ်ခုခု ကူပြီးheroမလုပ်ဘူးလား..."

To/Dear baby(Completed♥)Kde žijí příběhy. Začni objevovat