နေသစ် အပြုံးအေးအေးလေးနဲ့ ဆတ်ရဲ့ ခေါင်းလေးကိုဖွဖွလေး ပုတ်ပြီး

"အင်းပါ ....ဒါဆို ဆတ်အတွက် ကိုကို သမိုင်းမှာ ဝယ်ထားတဲ့ ကွန်ဒိုကို စီစဉ်ပေးမယ်လေ ကိုကိုက ဒီအတိုင်း သူငယ်ချင်းဆီက ဝယ်ထားပြီးမနေဖြစ်တော့ မနက်ဖန် အလုပ်သမားတွေ ခေါ်ရှင်းခိုင်း ထားလိုက်မယ်လေ ပြီးမှ ပြောင်းပေါ့ "

"ဟုတ် ကိုကို ကျေးဇူးအများကြီးတင်ပါတယ်​နော် ကိုကို "

"ရပါတယ်ဗျာ ဒါဆို သွားအိပ်တော့ မနက်ဖန် ကုမ္ပဏီကို လိုက်မယ်ဆိုရင်"

"Yes Sir"

နောက်ပြောင်ပြောင်နဲ့ငယ်လေးက တကယ့် ကလေးပေါက်
လေး။

******

NT Group ရဲ့Boss ခွန်နေသစ်နဲ့အတူ တွဲဝင်လာတဲ့ ကောင်မလေးက ကုမ္ပဏီက လူအများရဲ့ အာရုံကို ဖမ်းစား ထားတယ်။မြင့်မားသော အရပ်အမောင်း နဲ့ လိုက်ဖက်စွာ crop top အနက်ရောင် ကိုယ်ကျပ်ကို အပေါ်က coat အမဲထပ်ပြီး style pantအနက်ရောင် ၊ half shoeအနက်လေးနဲ့ ခွန်ဆတ်သာ။
ဆံပင်ကိုတော့ ထုံးစံအတိုင်း မြှင့်စီးထားပြီး ကျော့ရှင်းလွန်းတဲ့သူ ။ ကုမ္ပဏီထဲ ဝင်လာချင်း အကြည့်ခြင်း ဆုံမိတော့ ယော ကြောင်အမ်းအမ်းနဲ့ ပြုံးပြမိလိုက်တယ်။ ဆတ်သာလည်း အပြုံးပါးပါးလေး တစ်ချက်ပြန်ပေးပြီး နေသစ်ရုံးခန်းထဲသို့သာ ဆက်သွားဖြစ်သည်။

ယော ဆိုလား။ နာမည်လေးက အဆန်းလေး ဆိုတော့ မှတ်မိနေတယ်။ အမြဲတမ်း ပြုံးနေတာပဲလား။အခုလည်း သူ့ကို ပြုံးပြနေတာ ဘယ်လိုတောင် ချစ်ဖို့ကောင်း နေတာလဲ။ကိုယ်တိုင်က အခြားသူတွေနဲ့ ဆို အရယ်အပြုံး သိပ်မရှိပေမယ့် ယော ဆိုတဲ့ သူက ရုတ်တရက်ကြီး လာပြုံးပြတော့ အူတူတူနဲ့ ပြန်ပြုံးမိသွားသည်။

"ဟဲ့ အဲ့တာ Boss ညီမလား "

"ရုပ်ချင်းတော့ ဆင်တယ်"

"ချောလိုက်တာ "

"MD ဖြစ်လာမယ်ထင်တယ် Boss ညီမဆိုတော့"

ဝန်ထမ်းတွေ တစ်ယောက်တစ်ပေါက် ပြောနေပြီး ဝေဖန်ရေးဆင်း နေကြခြင်းဖြစ်သည်။ တစ်ခါတွေ့ ပြီးသား ယော နဲ့ ရှိန်း ကတော့ ပြောသမျှကိုသာ နားထောင် ​နေလိုက်၏။

Non Romantic System(Completed)Where stories live. Discover now