မောင့်အလိုကျ 💙33💙

Start from the beginning
                                    

"အာာ... မွှေးနေရောကွာ..မွ..မွ..."

"ခစ်..ခစ်.."

"သဘောကျတယ်ပေါ့...ဟုတ်လား...daddy့ သားလေးက..မွ.."

သားတစ်ကိုယ်လုံးကို​မွှေ့ ကာနမ်းနေသည့်
မောင်...သားကလည်းတစ်ခစ်ခစ်နဲ့ ကိုသဘောတွေကျနေတာ...။

"မောင်...သားကိုပေးတော့..သွားတော့လို့ ...
အင်္ကျီတွေကြေကုန်တော့မယ်...အစည်းအဝေးခန်းဝင်ရမှာကို..."

သားကိုဘေးနာက..အကူကောင်မလေးဆီခဏပေးလိုက်ပြီး..မောင့်အင်္ကျီကို..သေချာလက်ကလေးနဲ့ ပြန်သပ်ပေးလိုက်သည်...။

"မောင့်ကို..kissပေးဦးလေ"

"ဟင်...ခုနကပေးပြီးပြီလေ..."

"မရဘူး..ခုကခု..ခုနကခုနပဲ.."

"ကဲ..ရော့...ပြွတ်စ် ..ရပြီမလား..သွားတော့နော်.."

နှုတ်ခမ်း ဖက်ခနဲ တစ်ချက်အနမ်းပေးလိုက်သည်...။

"မောင်..မှာတာတွေမမေ့နဲ့ နော်..honey "

"ဟုတ်ကဲ့ပါ.. မောင်ရယ်"

မောင်က..အဲ့တော့မှစိတ်ချလက်ချကားပေါ်တက်သွားတော့သည်...။

ခြံရံကားပေါ်ရောက်တာနဲ့ ..မျက်နှာကချက်ချင်းခုနကအပြုံးတို့ ပျောက်ကွယ်သွားပြီး...

"မောင်းတော့..."

"ဟုတ်ကဲ့..boss"

တော်ပြီလေ...သူ့ အပြုံးတွေက..honeyနဲ့ သားအတွက်ပဲ..တစ်ခြားသူအတွက်..ငါးမူးဖိုးတောင်မပေးနိုင်ဘူး...။

ကားအနက်ကြီးသုံးစီး...မျက်လုံးထဲကထွက်သွားသည်..အထိသွန်းရပ်ကြည့်နေမိသည်..။ဒီ​နေ့ မှဘာလို့ လည်းမသိမျက်ခုံးတွေလှုပ်လိုက်တာ...အခုတောင်တစ်ချက်လှုပ်နေသည်...။

သားလေးကို ကောင်မလေးဆီက ပြောင်းချီလိုက်ပြီး..ဝင်မည်အလုပ်...

~~ဝူးး~~ဝူးး~~ဝေါ

အသံမျိုးစုံပေးကာ...ဝင်လာတဲ့ ပြိုင်ကာအဝါရောင်လေး...။တစ်ခါမှဒီကားနဲ့ ဧည့်သည်မလာဘူးပါဘူး..။ဘယ်သူပါလိမ့်...သွန်းလည်းပြန်မဝင်သေးဘဲ..ကားထဲကလူထွက်လာတဲ့ အထိစောင့်နေလိုက်သည်...။တစ်ဖက်ကတစ်ခါးကိုဖွင့်ကာဆင်းလာတဲ့ သူကြောင့်...ဘုရားကိုသာတလိုက်မိသည်...။

မောင့် အလိုကျ 💙(completed)Where stories live. Discover now