Chu - ငါ ချုပ်ထိန်းထားရမှာပေါ့ ဒီလိုဆိုရင်

Yeri - အင်း နင့်ကိုယ်နင် ထိန်းထားလိုက်...

Chu - အိုခေ ကဲ အလုပ်လုပ်ရအောင် ဂိုမားဝေါ Yeri yaa...

➖➖➖➖➖

Jane - Rosè ဒါ Unnie ရဲ့ ဆိုင်လေ ၊ လာ
ဆင်းအုံး

Rosè - Nae Unnie

Jane တို့ ဆိုင်ထဲ ဝင်လာတော့ ယုန်မ တို့ အုပ်စုမပြန်သေးပါ ၊

N - Yaa နင်က ဘာလဲ တနေကုန် ငါတို့ကို
ဆိုင်စောင့်ခိုင်းနေတာ

Jane - အမယ် နင့် ဘယ်သူက စောင့်ခိုင်းလို့လဲ။ Ren တစ်ယောက်လုံး ရှိနေတာကို...

N - မသိဖူးဟဲ့ ဒါနဲ့ သူလေးက???

Jane - သြော် သူ့နာမည်က Rosè တဲ့ ၊
ငါ့ညီမလေး လို ခင်ရတဲ့ စာဖတ်ပရိတ်သတ်လေး ဆိုပါတော့။ Rosè ဒါ Unnie သူငယ်ချင်းတွေ Naeyeon ၊ ဒါက Irene ၊ ဒီတစ်ယောက်က Naeyeon ရဲ့ ချစ်သူ Jeongyeon ၊ ဒါက Jeongyeon ရဲ့ သူငယ်ချင်း Lalice တဲ့

Rosè - ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...

Lice - ငါကတော့ တွေ့ရတာ ဝမ်းနည်းပါရဲ့...

Lalice စကားကြောင့် အားလုံး မျက်လုံးလေးတွေ ပြူးသွားကြကာ

Lice - ထွက်သွားတုန်းက ထွက်သွားပြီး
ငါ့ရှေ့ပေါ်မလာနဲ့ဆိုပြီး ငါ့ကို မောင်းထုတ်ထားတဲ့ မင်းက ဘာကိစ္စ ငါ့မျက်စိရှေ့ကိုပြန်ရောက်လာရတာလဲ Rosè...

Rosè - ပြန်ရောက်လာတာမဟုတ်ဖူး တိုက်ဆိုင်သွားတာ အထင်လွဲမနေနဲ့ Lalice shi...

ပြောပြီးပြီးချင်း မျက်နှာချက်ချင်းလွှဲသွားတာ
ကြောင့်

Lice - Jeong ကြီး ငါတို့ပြန်ရအောင် Unnie လဲ ပြန်ရောက်ပြီဆိုတော့

Jeong - အော် အေးအေး Rosè Shi ခွင့်ပြုပါအုံး Unnie Jane တို့ Unnie Ren တို့ရောပဲနော် သဲရေ မောင်တို့သွားရအောင်

Naeyeon - အင်းအင်း သွားပြီဟေ့

သိပ်မူမမှန်တဲ့ သူတို့ကြောင့် Jane စဉ်းစားရ အတော်ခက်နေမိတယ်...

Jane - Rosè .... Rosè

ဘေးမှာ ရပ်နေတဲ့ Rosè ကို ခေါ်နေတာ
သူမကြားတာမို့ လက်နဲ့ အသာပုတ်လိုက်မှ
အသိပြန်ဝင်လာတဲ့ ကလေးမ...

Sad Song ( Unicode + Zawgyi )Where stories live. Discover now