" ဟုတ်ကဲ့ Hyung ဝယ်ခဲ့ပေးမယ် "

" ကျေးဇူးပဲ Jimin "

" ဟုတ် "

ဖုန်းချသွားတော့မှ Jimin
စဉ်းစားမိတော့သည် ။

" ဘာလုပ်မလို့တုန်း အရင်ကလဲ
ဝယ်တာမဟုတ်ပဲနဲ့ အိမ်မှာသုံးမလို့လား
ဆိုင်မှာသုံးဖို့ပဲနေမှာပါလေ "

Jimin လဲ အိမ်တွင်းအလှဆင်ပစ္စည်း
ထားရာနေရာကိုရောက်တော့ အမွှေဖယောင်း
တိုင်ထားတဲ့နေရာကို လိုက်ရှာတော့သည် ။
နောက်ဆုံးတော့ရှာနေရင်းတွေ့ခဲ့ပါပြီ ။

" ဟမ်...."

ဖယောင်းတိုင်က စင်ရဲ့အပေါ်ဆုံးတွင်
တင်ထားသည် ။ သေချာတာ သူမမှီ
နိုင်လောက်တဲ့နေရာဖြစ်သည် ။ သူများကို
အကူအညီတောင်းရင်လဲ ကိုယ်အကောင်
သေးတာ လူတွေသိအုံးမည် ။ ခုံခုပြီးတက်ရင်
လဲ ရုပ်ပျက်ဆင်းပျက်နိုင်သေးသည် ။
မထူးတော့တဲ့အဆုံး ခြေဖျားထောက်ကာ
မမှီပေမယ့် လှမ်းယူရတော့သည် ။

" ရ...ရ...ရတော့မယ်
နည်းနည်းလေး ထပ်ရှည်လိုက်ပါလား
အရပ်ရယ် ..."

Jimin လှမ်းယူနေတုံးပဲရှိသေးတယ်
အနောက်ကနေ တစ်ယောက်ကအနောက်
ကနေရောက်လာကာ သူမမှီတဲ့ဖယောင်း
တိုင်လေးကိုလှမ်းယူလိုက်သည် ။ Jimin
လည်းလှည့်ကြည့်လိုက်တော့ ထိုသူရဲ့
ရင်ခွင်ထဲဆုံးဆုံးမြုပ်နေပြီ ။ သူ့ရဲ့မျက်နှာ
ကထိုလူရဲ့ ရင်ဘတ်နဲ့တစ်တန်းတည်း
ဖြစ်နေသည် ။ Jimin လဲမျက်နှာကို
မော့ကြည့်လိုက်တော့ Jungkook
့ဖြစ်နေသည် ။

" မမှီလဲပြောပါလား ကောင်လေး
ယူပေးမှာပေါ့ "

ဟင်...ဟိုမျက်နှာရူးလာပြန်ပြီ

" မင်းကိုဘယ်သူက ယူခိုင်းနေလို့လဲ "

" မယူခိုင်းပေမယ့် ကလေးတစ်ယောက်
ကအမြင်မတော်တာလုပ်နေတော့
ဝင်ကူညီပေးရတာပေါ့ "

" ဘာကလေးလဲ...မင်းကိုထိုးမိ
တော့မယ် ငါကလေးမဟုတ်ဘူး "

" ID card ပြလေ အဲဒါဆို
ယုံမယ် " 

" ဟာကွာ....ပြမယ်
ခဏစောင့် "

Jimin လည်းသည်းမခံနိုင်တော့တဲ့
အဆုံး wallet ထဲမှ ID card ကို
ထုတ်ပြလိုက်တော့သည် ။ Jungkook
လည်း Jimin ရဲ့ ID card ကို
ကြည့်လိုက်တော့မှ မျက်လူံးပြူးမိသည် ။

My Lovely DemonWhere stories live. Discover now