"ငါ့ကိုလွတ်ပါကွာ.."

"ခဏလေးပါ...မောင်။ငါပြောတာလေးနားထောင်ပေး။"

"ဘာလဲ.."

"မောင့်ကို သိပ်ချစ်တယ်။ဒါက ပထမဆုံးဒီလို ရင်ခုန်ပြီးပြောတဲ့စကားဘဲ...။"

ကျနော်အရဲစွန့်ပြီးပြောလိုက်မိတော့တယ်။ယောကျာ်းလေး မိန်းကလေး ဆိုတဲ့ဝေါဟာရတွေမပါဘဲ ရိုးရိုးရှင်းရှင်းလေး ကျနော်နှလုံးသားကို မညာစတမ်းဝန်ခံရရင် ကျနော်မောင့်ကိုတစ်ကယ်ချစ်မိနေပြီ။

"ဒါရုပ်ရှင်ရိုက်နေတယ်ထင်နေတာလား..ရှင်း။လာမနောက်နဲ့.."

"မောင် ငါ့ပုံစံကနောက်နေယ်ထင်လို့လား.."

ကျနော်တို့နှစ်ယောက်အကြည့်ချင်းဆုံမိနေတဲ့အခိုက်အတန့်လေးက အရာအားလုံးရပ်တန့်သွားသလို တိတ်ဆိတ်လို့နေတယ်။မောင်ကကျနော့်ကိုမျက်နာလွဲရင်း သူ့လက်ကိုရုန်းနေပြန်တယ်။

"ချစ်တယ်လို့...။ဘာလို့ဘာမှပြန်မပြောရတာလဲမောင်..။"

"ချစ်တယ်လို့ပြောတာလေ..။ချစ်လားလို့မှမမေးတာ"

မောင်ကတော်တော်လေ ကပ်သီးကပ်ဖက်နိုင်တယ်။ကျနော့်ကိုရှောင်ထွက်ချင်နေတဲ့မောင့်ကို တစ်ဖြေးဖြေး အသည်းယားလာမိပြီ။

"ဒါဆိုမေးမယ်။ချစ်လား.."

"မသိဘူး..ငါကိုအရင်လွတ်ပေး။"

"ဖြေပြီးရင်လွတ်ပေးမယ်လေ။"

ကျနော့်ကိုဒေါသထွက်သလိုကြည့်လာတယ်။မောင်က သမင်ငယ်လေးလိုဘဲ..

"မောင်က အရမ်းချစ်ဖို့ကောင်းတာဘဲ။မောင်သိရဲ့လား..မောင့်ရဲ့အဲဒီမျက်ဝန်းတောက်တောက်လေးတွေကို ငါအရမ်းသဘောကျမိတာ။"

"ပေါက်ကရလာမပြောနဲ့..ငါယောကျာ်းတွေကိုမကြိုက်ဘူး။"

မောင်ဒီလိုဖြေမယ်ဆိုတာ ကျနော်သိပြီးသား။ဒါကြောင့်မောင့်ရဲ့ငြင်းဆိုချက်က ကျနော့်အတွက် ဘာမှမဖြစ်သွားစေဘူး။

"သိတယ်။ငါလည်းယောကျာ်းတွေကိုမကြိုက်ပါဘူး။မောင့်ကိုဘဲသဘောကျမိတာ..မောင့်ကိုချစ်နေပြီဆိုတာသိတုန်းက ကိုယ့်ကိုယ်တိုင်မယုံကြည့်ခဲ့ဘူး။ဒါပေမဲ့ ဘယ်လိုလုပ်ရမှာလဲ..စိတ်က မောင့်ဆီဘဲအမြဲရောက်နေခဲ့တာလေ။ငါက ယောကျာ်းတွေကိုသဘောကျနေတာမဟုတ်ဘဲ ငါသဘောကျတဲ့မောင်က ယောကျာ်းတစ်ယောက်ဖြစ်နေရုံလေးပါ။"

Diary of Poinciana: Blue JacarandaWhere stories live. Discover now