" ဟို..စာရင်း "
" ဘာစာရင်းမှမသွင်းနဲ့..Swimming club မှာမပါရဘူးလို့ ကိုကိုပြောထားတယ်လေ..အခုချက်ချင်းလာ..နင့်ကို Nature club ထဲထည့်ပေးမယ်.. "
" ဟင့်...ကိုကိုကလဲ "
" ဘာမှမလဲဘူး..အခုပဲဟိုဘက်ကလပ်ကိုဝင်ရမယ် "
လက်ကိုဆွဲကာခေါ်လာတော့ မိုးကမ္ဘာ တရွတ်တိုက်ပါလာခဲ့သည်..ပါးစပ်ကလဲ တကိုကိုထဲအော်နေသည်..Nature club ကတန်းစီနေတဲ့လူအုပ်ကြီးထဲဆွဲထည့်လိုက်တော့ တန်းစီနေတဲ့ ကောင်လေးတစ်ယောက်ကို တိုက်မိသွားသည်..
" Sorry "
ဘာမှပြန်မဖြေသော ထိုကောင်လေးက ကမ္ဘာမြေကို ခေါင်းညိတ်ပြသည်..
" ကိုကိုလို့!! "
မိုးကမ္ဘာရဲ့အသံကြားတော့ ထိုကောင်လေးက ကမ္ဘာမြေကို မော့ကြည့်သည်..မျက်လုံးပြူးကာ သူ့ကိုကြည့်လာသော ထိုကောင်လေးကို ကမ္ဘာမြေ ကြည့်နေလိုက်သည်..ကမ္ဘာမြေ့ နှလုံးသားသည် အခုန်ရပ်သွားမလိုခံစားနေရသလို မျက်လုံးထဲမှာလည်း ထိုကောင်လေးတစ်ယောက်ထဲကိုသာ မြင်နေမိသည်..အညိုရောင်ခပ်အုတ်အုတ်ဆံပင်လေးနဲ့ သေးသေးပိစိကောင်လေးသည် ဘယ်ဘက်ပါးပေါ်က ပြတ်ရှဒဏ်ရာကြီးကြောင့် အနည်းငယ်ရုပ်ဆိုးနေသယောင်..ဒါပေမဲ့ ကမ္ဘာမြေ သတိလက်လွတ်စွာ ထိုကောင်လေး ပုခုံးနှစ်ဖက်ကို ကိုင်လိုက်သည်..
" အ.....အဖြူရောင်...ပန်းငယ်လေးတွေ... "
မျက်ရည်တွေဝေ့ဝဲနေသော ထိုကောင်လေးမျက်ဝန်းတွေသည် ကမ္ဘာမြေနှလုံးသားကို နာကျင်စေသည်..
" ကိုကို..သူများကို ဘာလုပ်နေတာလဲ "
ပုခုံးကိုလှုပ်လာသောမိုးကမ္ဘာကြောင့် ထိုကောင်လေးက ကမ္ဘာမြေ လက်တွေကို ဖြုတ်ချလိုက်သည်..
" လူ...လူမှားနေပါတယ် "
ခေါင်းငုံ့ကာ ပြောလာတဲ့ကောင်လေးကို ကမ္ဘာမြေမယုံကြည်နိုင်စွာ...
" မဟုတ်ဘူး..ကိုယ်မမှားဘူး "
" ကျတော် နာမည်စာရင်းပေးရမှာမို့လို့ ခွင့်ပြုပါဦး "
နာမည်စာရင်းပေးကာ ထွက်သွားသောကောင်လေးကို ကမ္ဘာမြေအံ့သြစွာကြည့်နေမိသည်..မမှားနိုင်သော သူ့နှလုံးသားကို ထိုကောင်လေးက လှည့်စားနေပါသည်..
![](https://img.wattpad.com/cover/227032695-288-k626329.jpg)
VOUS LISEZ
My Little symphony ( U + Z )
Roman d'amour🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈 🌎 ဒီကမ္ဘာမြေကြီးရဲ့ များပြားလှသော ပိုင်ဆိုင်မှုတွေကြားထဲမှာ သက်တန့်ငယ်လေး မင်းကိုသာ သူတန်ဖိုးအထားဆုံးပါတဲ့....🌈
Part - 12...
Depuis le début