Part - 41... ( Final )

509 10 4
                                    

Unicode...

မီးဖိုခန်းထဲဝင်လာတဲ့သမီးလေးက Apron ကိုဆွဲကာ...

" မားမား ပါးကပြောတယ်..မားက သမီးထက်ပါးကိုပိုချစ်တာတဲ့ "

မီးဖိုမီးကိုပိတ်လိုက်ကာ သမီးလေးကိုပွေ့ချီလိုက်ပြီး...

" မားကသမီးကိုပိုချစ်တာပေါ့... "

" တကယ်လား "

" omm...တကယ်ပေါ့ "

" ပါးကိုပြောပေး "

" ပါးဘယ်မှာလဲ "

" အိပ်ခန်းထဲမှာ "

" ဒါဆို သွားရအောင် "

အိပ်ခန်းတံခါးကိုဖွင့်လိုက်တာနဲ့သမီးလေးက ကုတင်ပေါ်ပြေးတက်ကာ...

" ပါးပါး မားကသမီးကိုပိုချစ်တာတဲ့ "

" ကို ကလေးကိုဘာတွေသင်ပေးနေတာလဲ "

" ငယ်ကလည်း....ကိုယ်က "

" မရဘူး မားပြောပြီးပြီ..မားကသမီးကိုပါးထက်အများကြီးပိုချစ်တာတဲ့... "

လက်ဟန်​ခြေဟန်နဲ့ချစ်ဖို့ကောင်းတဲ့သမီးလေးကသက်တန့်ငယ်ကိုမားမားလို့ပဲခေါ်တယ်...

" ပါးရှုုံးသွားပြီ...အဟီး အဟီး... "

အိပ်ယာထဲမှာလူးလှိမ့်နေတဲ့သမီးလေးမကြားအောင်ကမ္ဘာမြေကြီးကသက်တန့်ငယ်ခါးကိုဖက်ကာတိုးတိုးလေး...

" ငယ်က ကိုယ့်ကို ပိုချစ်တာနော် "

ကလေးနဲ့အပြိုင်လုနေတဲ့ကမ္ဘာမြေကတကယ်ကိုအရင်ကမ္ဘာမြေနဲ့မတူ...သက်တန့်ကိုနွေးနွေးထွေးထွေးပွေ့ဖက်ပေးသလိုမျိုးသမီးလေးကိုမွေးစားထဲကလည်းမိသားစုကိုနွေးနွေးထွေးထွေး​ပွေ့ဖက်ပေးတဲ့ကမ္ဘာမြေလိုချစ်သူမျိုးကတစ်ရာမှာတစ်ယောက်ပင်ရှိမယ်မထင်...

ပြုံးကာကမ္ဘာမြေ့လက်တွေကိုပြန်ကိုင်လာတဲ့သက်တန့်ငယ်ကအဖြေမပေး...

" ပါးပါး မားကိုဘာလို့ဖက်နေတာလဲ မားကသမီးအပိုင် "

" အံမယ် ဒီကောင်မလေးစကားတွေတတ်နေပါလား..လာ သမီးကိုလဲဖက်မယ်..ပါးတို့သုံးယောက်အတူတူဖက်တာပေါ့... "

ဝှီးခနဲပြေးလာတဲ့သမီးလေးကကမ္ဘာမြေ့ပေါင်ပေါ်ပြေးတက်ကာ...

My Little symphony ( U + Z ) Where stories live. Discover now