မောင့်အလိုကျ 💙27💙🔞

Start from the beginning
                                    

"လာပြီ!!"

အခန်းရှေ့ ကဘဲလ်တီးသံကြောင့် ဦး အင်္ကျီလဲနေရာကနေ အပြင်ကိုအမြန်ပြေးထွက်လာလိုက်သည်။သူ့ စီကိုလာစရာဧည့်သည်ဆိုတာမရှိ...
UKကမိဘတွေကိုတောင်သူဘယ်မှာနေတယ်ဆိုတာပြောမပြထား...လာစရာဆိုလို့ မြတ်သူရဆိုတဲ့ လူပဲရှိလိမ့် မည်...။

~~ကျွီ~~

တံခါဖွင့်လိုက်တော့ ထင်ထားသည်ဧည့်သည်မဟုတ်...စာပို့ သမားဝတ်စုံနဲ့  လူငယ်တစ်ယောက်...

"ဘာကိစ္စများရှိလို့ လဲဗျ"

"ဒီက ကိုကမ္ဘာဦးလားဗျ"

"ဟုတ် ကျွန်တော်ပါ"

"အကို့ အတွက်စာပါလို့ လာပေးတာပါဗျ"

"ဗျာ ဟုတ်"

"ဒီမှာ လက်ခံကြောင်း လက်မှတ်ထိုးပေးပါဗျ"

"ဟုတ်"

ထိုလူပေးတဲ စာရွက်လေးရဲ့  လက်ခံသူနေရာမှာသူလက်မှတ်ထိုးပေးလိုက်တော့ ကောင်လေးကစာအိပ်အညိုရောင်လေးကို ကမ်းပေးတော့
လှမ်းယူလိုက်သည်။ကောင်လေးကလည်းပေးပြီးတာနဲ့ ပြန်ထွက်သွားသည်။ဦး ကတော့အညိုရောင်စာအိတ်လေးကိုသာ ကြည့်နေမိသည်။

"ဘာစာပါလိမ့် ~~ဟင်!!"

စာအိတ်အညိုရောင်လေးပေါ်က
from Royal construtionဆိုသော စာတန်းလေးနှင်အတူ Royalရဲ့ Logoပါနေတာကြောင့်
လက်တို့ တုန်လာရသည်။CEOအနားမှာနှစ်လလောက်အတွင်းရေးမှူးလုပ်ခဲ့တဲ့သူဘ့အတွက်ဒါကဘာစာဆိတ်ဆိုတာ ကောင်းကောင်းသိပြီးသား......

သူအမြန်ပဲ မြတ်သူရဆိုတဲ့လူဆီကို ဖုန်းခေါ်ဖို့ လုပ်လိုက်သည်။စားပွဲပေါ်တင်ထားတဲ့ သူဖုန်းလေးကိုယူကာနံပါတ်တစ်ခုဆီကိုရိုက်နှိပ်လိုက်ပြီး......

ဖုန်းကတတူတူနဲ့ ဝင်နေပေမယ့် တော်တော်နဲ့ မကိုင်...

*hello...*

"မြတ်သူရ!!! ခင်ဗျားပြောတော့ !သူရောက်လာမှာပါဆို ဘာရောက်လာတာလဲ!! အလုပ်ထုတ်စာရောက်လာတာကို ခဗျားပြောတာလဲ ဟမ်!!!!"

တစ်ဖက်က ဖုန်းကိုင်တာနဲ့  ဦးပြောချင်တာတွေကို ဒေါသတကြီးပြောလိုက်သည်။
*hey...wait ကောင်လေး မင်းဘာလို့ အဲ့လောက် ဒေါသတွေထွက်နေရတာလဲ!"

မောင့် အလိုကျ 💙(completed)Where stories live. Discover now