Part -7~ Argument

Start from the beginning
                                    

" ဘာလုပ်ဖို့လဲနင်ကမန်နေဂျင်းအမကိုဘာလို့မေးတာလဲ ''

ယွီပင်းရဲ့အမေးကို လင်းချန်ကနားမလည်လို့ ပြန်မေးလိုက်တယ် ။

" ငါမန်နေဂျင်းအမကိုကြိုက်လို့် ကြည့်ပါဦး မချောဘူးလား သူကigပဲသုံးတယ်ထင်တယ်သူ့igက privateပဲလုပ်ထားလို့ သူပြန်follow မှသူတင်ထားတာတွေကြည့်လို့ရမှာငါကသူ့ပုံလေးတွေ ကြည့်ချင်သေးလို့ ''

" တော်ရုံပဲမှန်းစမ်းပါ မတန်တရာနှိုင်းလို့ရတဲ့အခြေနေမှမဟုတ်ဘဲ အမြင့်ကိုမှန်းပြီးမှအောက်ကိုပြုတ်ကျရင် အရမ်းခံရခက်လိမ့်မယ် ''

" နင်ကလဲပြောချက်ကြီးကရက်စက်လိုက်တာငါလဲ ရမယ်မမှန်းပါဘူး ဒီအတိုင်းကြိုက်လို့ပါဟာ ''

" ယွီပင်းပြောတာလဲဟုတ်တာပဲမင်အာက အရမ်းလှလွန်းတာငြင်းလို့မှမရဘဲ ''

လင်းချန်ပြောတဲ့စကားကိုရန်ဖေးက တွေးရင်းနဲ့ဝင်ငြင်းတယ် ။

" ကော ဘယ်အချိန်တုန်းကပြန်ရောက်တာလဲ ''

"အင်း ခုနကပဲ ''

"ကော အပြင်မှာမင်အာ့ကိုမြင်ဖူးတယ်မလားလှလား''

"ဒါပေါ့ သေချာပေါက်ကိုလှတာ ယောကျ်ားတွေအရူးမူးဖြစ်သွားနိုင်လောက်တဲ့အလှမျိုးလေ ''

" ဝါး...ကျွန်တော်လဲတွေ့ချင်လိုက်တာ ဒါနဲ့မင်အာကအခုဘယ်မှာလဲ နယူးယောက်? ပဲရစ်? "

"ဒါတော့ငါလဲမသိဘူး မင်အာထွက်သွားတာ ၃နှစ်တောင်ရှိပြီလေ''

ယွီပင်းကတော့ ရန်ဖေးရဲ့အပြောကြောင့် စိတ်ဓာတ်ကျသွားတယ် သူတကယ်ပဲ မင်အာ့ကိုတွေ့ချင်နေတာ ။

ယွီပင်းစိတ်ညစ်ညစ်နဲ့ ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးသွားယူပြီးဖောက်သောက်လိုက်တယ် ။

" ကျဲ...သက်သာသွားပြီလား ဗိုက်ဆာလို့လား ''

သူမီးဖိုချောင်ထဲကထွက်လာတော့ ထမင်းစားခန်းထဲကနေ ကျဲထွက်သွားတာတွေ့လိုက်ရတာမို့လှမ်းခေါ်ပေမယ့် လှည့်မကြည့် သူကျဲကိုစိတ်ပူလို့ အနောက်ကပြေးလိုက်သွားပေမယ့် ထမင်းစားခန်းကိုဖြတ်သွားတာအထိမြင်လိုက်ပြီး ဧည့်ခန်းနားရောက်တော့မတွေ့ရတော့ဘူး ။

Mysterious Love ( Completed ) Where stories live. Discover now