ထိုလူကြီး၏ နောက်ဆုံး စကားပင် ဖြစ်သည်။
အပြန်တွင် သူငယ်ချင်းဖြစ်သူ သူဇာလွင်၏ ဆိုင်ကယ်ကို သူမအဆောင်သို့ သွားပို့ပြီးမှ ပြန်လာခဲ့၍ အဆောင်ပြန် နောက်ကျသည် ဖြစ်ရာ ခံ၀န်လက်မှတ် ၀င်ထိုးရသည်။တစ်ညလုံး နွမ်းခါး အိပ်မပျော်ချေ။ ထိုညက ထူးထူးဆန်းဆန်း မိုးများ သည်းထန်စွာ ရွာသွန်းလေသည်။ နွမ်းခါးသည် ကုတင်ပေါ်တွင် ထိုင်လျက် ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။ မိုးသည်းသဖြင့် မီးလည်းပျက်သွားပြီ ဖြစ်ရာ အခန်းတစ်ခုလုံး အမှောင်ကျနေသည်။ ည ၁၂နာရီ ထိုးနေပြီ ဖြစ်တာကြောင့် အဆောင်တစ်ခုလုံးကတော့ မိုးရွာတာကိုပင် မသိ အိပ်မောကျနေလေပြီ။
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါး ခေါက်သံကြောင့် နွမ်းခါးလန့်သွားသည်။
"အကိုလား"
အသံတိုးတိုးဖြင့် တံခါးနားသွားကာ မေးလိုက်တော့ တုံ့ပြန်သံမကြားရပေ။ တံခါးဖွင့်လိုက်တော့ အမှောင်ထဲတွင် ရပ်နေသည့် ခွဲခြားကို မြင်လိုက်ရသည်။
"အပြင်မှာအရမ်းအေးတယ် အထဲ၀င်လေ အကို"
အထဲ၀င်ရန် နွမ်းခါးခေါ်လိုက်တော့ ချက်ချင်းမ၀င်သေးပဲ နွမ်းခါးကိုသာ စိုက်ကြည့်နေသည်။
"လွမ်းတယ် ကိုယ်မင်းမရှိရင် မနေနိုင်ဘူး အနားက ထွက်မသွားနဲ့နော်"
နူးညံ့စွာပြောကာ နွမ်းခါး၏ ခါးကို တင်းကြပ်စွာ ဖက်လာသည်။ ကြည်နူးရိပ်လေးသန်းသွားကာ ခွဲခြား၏ ကျောကို အသာပုတ်ပေးလိုက်သည်။
"အင်း အင်း သိတယ် အဲ့ဒါကြောင့် အထဲ၀င်တော့ မိုးပတ်တယ်"
ခွဲခြားကိုယ်ကို အထဲသို့ သွင်းကာ ရေစိုနေသည့် ခြေထောက်ကို သုတ်ပေးလိုက်သည်။ ဘောင်းဘီတို ၀တ်ထားတာကြောင့် ဒဏ်ရာရထားသော ဒူးခေါင်းကို မြင်လိုက်ရသည်။ ဆေးဘူးကို ယူကာ ခွဲခြား၏ ဒဏ်ရာကို ဆေးလိမ်းပြီး ပတ်တီးစီးရသည်။ ပိုး၀င်ကုန်တော့မှာပဲ အနာကို ဒီတိုင်းကြီးထားရလား။
"အကို ကျွန်တော့ကို ချစ်လား"
မျက်နှာပြောင်သည်ဟု ထင်ရင်လည်း ထင်ပါစေ နွမ်းခါးလိုချင်တာ အကို့ကိုဖြစ်သည်မို့ တခြားသူ၏ အမြင်ကို မလိုအပ်။
![](https://img.wattpad.com/cover/233759324-288-k161590.jpg)