"စ‌‌ဉ်းစားကြည့်လေ တစ်ကိုယ်ကောင်းဆန်တယ် ဆိုပေမယ့်လည်း ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုပဲ ချစ်နေတဲ့ ခံစားချက်က ဘယ်လောက်ကောင်းလိုက်လဲ ပြီးတော့ ကိုယ်လည်း အပြည့်အ၀ ပြန်ချစ်ခွင့် ရနိုင်တာပဲဟာ"

"ဟင် လျှောက်တွေးမနေနဲ့ ပေါက်ကရတွေ ကလေးအတွေးလေးနဲ့ ဒါဆို မိနွယ်အတွက်ကျ ဘယ်တရားပါ့မလဲ သူမချစ်ပဲ ပေါင်းသင်းနေရတာလေ အသိပြန်၀င်လာရင် ဘယ်လောက်တောင် ၀မ်းနည်းလိုက်မလဲ"

"‌အဲ့ဒါလည်း ဟုတ်တာပဲနော်"

ခွဲခြားက ခေါင်းရမ်းကာ နွမ်းခါး၏ ဆံပင် အုပ်အုပ်လေးတွေကို ဖွလိုက်သည်။ တော်သေးတာပေါ့ နွမ်းခါးက အရမ်းကြောက်ပြီး စိတ်ဓာတ်ကျ မသွားလို့။ ထင်ထားတာထက် ပိုပြီး နွမ်းခါးက စိတ်ဓာတ် ကြံခိုင်သည်။ ညတုန်းက အိပ်နေရင်းနဲ့ ယောင်တာကတော့ ခဏခဏပဲ။ ခွဲခြား ရင်ဘက်ကို ဖိပေးမှ ကောင်လေးက အိပ်ပျော်သည်။

ခွဲခြားက ပြန်ခါနီးတွင် လင်းသူရတို့ကို စိတ်မပူရန် ဖုန်းဆက်ထားပြီး rubyတွင် ‌စောင့်နေရန် ပြောထားတာကြောင့် အဆောင် မပြန်ဖြစ်ပဲ ruby သို့ သွားလိုက်ကြသည်။

ဆိုင်ထဲတွင် အကိုတွေနှင့် အတူ ထိုင်နေသော သွဲ့ယမင်းကို တွေ့လိုက်ရတော့ နွမ်းခါးက ခွဲခြားလက်‌မောင်း ကို ကိုင်လိုက်သည်။ သွဲ့ယမင်း မြင်သွားသည်ကို သိတာကြောင့် နွမ်းခါး ပြုံးမိသည်။ ကျွန်တော် အကို့ကို ဘယ်သူနဲ့မှ မမျှဝေ နိုင်တော့ဘူး။

"အမလေး ခွဲခြား‌တို့များ ရည်းစားကိုကျတော့ ကျားဆွဲဆွဲ နွားခွေ့ခွေ့ ကားဂိတ်က တစ်ယောက်တည်း ပြန်လာခိုင်းတယ် နွမ်းခါးကို
ကျတော့ အိမ်ထိ ခေါ်သွားပြီး ဂရုစိုက်နေရလို့ ငါ့ဖုန်းတောင် မကိုင်နိုင်ဘူးပေါ့လေ တော်တော်မှ ပျော်ခဲ့ကြရဲ့လား"

သွဲ့ယမင်း၏ ဒေါသနှင့် ထေ့ငေါ့သည့် စကားလုံးများကို ကြားရတော့ ခွဲခြား စိတ်တိုသွားသည်။ တခြားသူများကလည်း သွဲ့ယမင်းကို မကြည်သလို လှည့်ကြည့်ကြသည်။

"နွမ်းခါး ဘာတွေ ဖြစ်ခဲ့လဲဆိုတာ နင်မသိလို့ ပြောနေတာလား"

ကျော်ဇောက ဒေါသထွက်၍ မေးလိုက်သောအခါ

"သိတယ်လေ သိလို့ ပြောနေတာပေါ့ နွမ်းခါးက သူကိုယ်တိုင်ကကို ပျော့ညံ့ညံ့လုပ်နေမှတော့ ဒီလိုဖြစ်တော့မှာပေါ့ "

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now