"ဆောရီး ငါ့ညီ မမြင်လိုက်လို့"

"ဟုတ် ရပါတယ်"

အသံသေးသေးလေးထွက်လာတော့ မျက်ခုံးတွန့်မိသေးသည်။ ယောကျာ်းလေးဖြစ်ပြီး နွဲ့နေတာလား။ ထားပါ ငါ့ ကိစ္စ မဟုတ်ဘူး။

သွဲ့ယမင်း၏ အဆောင်ရှေ့ရောက်တော့ ထုံးစံအတိုင်း လေဒီက နှုတ်ခမ်းဆူနေပြီ။

"ဆောရီး လေဒီ ကိုယ် အပြန် ရေတစ်ခါတည်း ချိုးလိုက်လို့ မတွေ့ဝာာကြာပြီကို ကျောင်းစဖွင့်ချင်း စိတ်ကောက်တော့မှားလား"

စိတ်ကောက်သည် မကောက်သည် စိတ်၀င်စား၍တော့ မဟုတ် မျက်နှာဆူပုတ်နေတဲ့သူနဲ့ နှစ်ယောက်တည်းမသွားချင်ရုံ သက်သက်ပဲ။ သို့သော် ခွဲခြားက စကားပြောကောင်းပြီး ဟန်ဆောင်လည်း တော်သည်လေ။

"မကောက်ပါဘူး ဒီတိုင်း နေပူလို့ပါ"

ကားထဲကို ၀င်ထိုင်ရင်း သူမပြောနေသည်။ IR မေဂျာ၏ တတိယနှစ် queenဖြစ်သလို the whole queenရထားသော သူမက ထွေထွေထူထူး ပြောစရာမလိုအောင် လှသည်။ ရွှေရွှေချင်းထပ်မှ မြတ်သည်ဟု ဝိုင်းလှော်ကောင်းမှုကြောင့် ခွဲခြား ထိုမိန်းကလေးကို တွဲဖြစ်ခဲ့သည်။ တစ်နှစ်ပြည့်သွားပေမယ့် သူလည်းကိုယ့်ကို ချစ်သလား ကိုယ်မသိ။ ကိုယ်လည်းသူ့ကို ချစ်တယ်လို့ အဖြေတောင်းတုန်းကသာ ပြောဖူးသည်။ ဒါသည်လည်း ပါးစပ်ပြောတစ်ခု။

"ထုံးစံအတိုင်း ပထမဆုံးနေ့ အတန်းမတက်ဘူးပေါ့ လေဒီ"

"သွဲ့တက်မှာ ကိုရဲ့ ဒီနေ့ သူငယ်ချင်းတွေနဲ့ ချိန်းထားတယ် နေ့လည်ပိုင်းသွားမလို့"

"ဪ ဟုတ်ပြီ လေဒီ ပြင်ဆင်ပြီးရင် ဖုန်းဆက်လိုက် ကိုယ်လာခေါ်မယ် ခုစားပြီးရင် ပြန်စို့"

၃၃လမ်း ရွှေမူဆယ်က အမဲလုံးခေါက်ဆွဲက ခွဲခြား၏အကြိုက်ပင်။ လေဒီကတော့ ရွှေမူဆယ်ထက် အထက်တန်းကျတဲ့ ရွှေပြည်မိုးကို ပိုအကြိုက်တွေ့သည်။ သို့သော် ခွဲခြားခေါ်သည့်နောက်လိုက်ကာ စားတော့စားပေးရှာသည်။

သွဲ့ယမင်းကို အတန်းပို့ပြီးနောက် ထိုင်နေကျ rubyဆိုင်သို့ ရောက်လာခဲ့သည်။ သူငယ်ချင်းတွေနဲ့လည်း မတွေ့တာကြာပြီ။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now