"နေပါဦး နင်ဒီလောက် ကြိုးစားနေတာ မိန်းမတင်တောင်း တော့မှာမို့လို့တော့ မဟုတ်ပါဘူးနော်"

ဟုတ်ပါတယ်​ ယောစန္ဒာမောင်က အဲ့လိုရယ်ပါ။ကိုယ့်ကိုယ်ကို Pansexualလို့ ခံယူထားပေမယ့်
မိန်းကလေးကြိုက်တဲ့ စကေးက ရာခိုင်နှုန်း ပိုများတဲ့ ဂေးမကြီး။

"ပေါက်ပေါက်ရှာရှာ ငါ့ရဲ့ညာဘက်လူ
ူ(right person) ကမွေးသေးရဲ့လား မသိဘူး  TT"

"နင့်ညာဘက်လူက ငါမဟုတ်တာတော့ သေချာတယ်"

လေးလေးနက်နက် တွေးနေတဲ့ပုံနဲ့ လာရွဲ့နေတဲ့
တရုတ်ဖြူလေးရှိန်း။

"ငါ့ လာရွဲ့မနေနဲ့နော် ။  အမယ်... မေ့နေတာ ညနေကျရင် စာရင်းစစ် ထားတဲ့ file တွေကို
ိုBoss ဆီသွားပေးရဦးမယ် သိလား"

ရှိန်းက အခုမှ  ပြာပြာသလဲနဲ့ ပါးစပ်ကြီး နားရွက်တတ်ချိတ်အောင် ပြုံးပြပြီး
စားနေတဲ့ ပန်းကန်ထဲက အသားဖတ်တွေပါ လာထည့်ပေး
နေသည်။

"ဟီး ယောကလည်း ငါကစတာလေ။ စားနော် ဒီဟာလေးက နင်ကြိုက်တယ် မဟုတ်လား "

"တတ်လည်း တတ်နိုင်တယ်နော်။ ကိုယ့်ဘာသာကိုယ် စားပါ။ ပို့ရမဲ့ဖိုင်တွေကို ညနေ အလုပ်ဆင်းခါနီးကျရင် မယုဆီမှာ သွားတောင်းလိုက်။ ဟွန်း ငါ့ကိုတော့ အချောင်ခိုတယ် ထင်တော့မှာပဲ"

"ယောကလည်း မထင်ပါဘူးဟ။သူတို့ကို ဂရုစိုက်မနေနဲ့ ဟဲဟဲ"

"အဲ့တာဆို နင်လည်း Boss ကိုဂရုစိုက် မနေနဲ့လေ။ တိုက်ရိုက်သာ ဖွင့်ပြောပစ်လိုက် သဘောကျတယ်လို့ "

"ယောကလည်း သူက ငါတို့လို မဟုတ်ဘူးလေ။ ဖြောင့်တန်းနေတာ ။ တော်ကြာ အလုပ်ပါ ထုတ်လိုက်မှ မတွေ့ရပဲ နေတော့ရင် ဘယ်လိုလုပ်မလဲ "

"ဟွန်း"

မျက်နှာငယ်လေးနဲ့​ ပြောနေတဲ့ သူငယ်ချင်းလေးကို
နှာလေးမှုတ်ရင်း စိတ်ဆိုးဟန်ဆောင်ပြလိုက်သည်။
ဆိုးလည်း မဆိုးရက်ပါဘူး ကိုယ်ကလည်း
အခုလို ကူညီပေးနေရတာကိုပဲ ကျေနပ်နေတာ။ရှိန်းက အလုပ်မှာ ဒီလောက်မြဲနေတာ Boss ခွန်နေသစ် ကြောင့်ပဲ။သူ့ခမျာ မိဘတွေက UKကို ပညာတော်သင် ပို့တာတောင်
အတိုက်အခံ လုပ်ထားပြီး ခွန်နေသစ်နားမှာ နေနေတဲ့သူ။
ကိုယ်ကလည်း အဲ့လိုဆို မနေနိုင် ကိုယ်ဖိရင်ဖိ ကူညီပေးပြီး ပီတိကိုစားရမှာ။ အခုတော့ အခြေအနေက ဒုံရင်းပဲ။ရှိန်းကလည်း ဒီ့ထပ် ပိုမတတ်။Boss ကလည်း အဖြောင့်တစ်လိုင်း။
ဘဝက Drama မဟုတ်တော့ သူက ကိုယ့်ကို ပြန်ကြိုက်
မလား မသေချာပဲနဲ့ မစွန့်စားရဲတဲ့ သူငယ်ချင်းလေး ကိုလည်း
နားလည်ပါတယ်။ဒီလိုနဲ့ပဲ တဖြေးဖြေးတော့ အဆင်ပြေလာ ကောင်းပါရဲ့။

Non Romantic System(Completed)Where stories live. Discover now