ငါ့ရဲ့ငှက်ငယ်လေး(ငါ့ရဲ့ငှက်ငယ်လေး)

418 30 0
                                    

Zawgyi 🏆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


Zawgyi 🏆

"အချစ်ကပူလောင်တယ်"

လို့ နင်ပြောတော့လေ ငါအရမ်းပြောပြချင်ခဲ့တာ

"ငါ့ရဲ့အချစ်က နင့်အတွက်အေးချမ်းစေမှာပါ " လို့။

ဒါပေမယ့် ငါပြောမထွက်ခဲ့ဘူးသိလား။
ငါ့ရဲ့အတ္တတစ်ခုက နင့်ကို ပျော်ရွှင်စေချင်တယ် အေးချမ်းစေချင်တယ်။တစ်ကယ်တော့ နင်တကယ့်ချစ်ရမယ့်သူကို တွေ့ရင် နင်ပြောခဲ့တဲ့

"အချစ်က ပူလောင်တယ်"

ဆိုတာကို နင်ပြန်မှတ်မိပြီး အရှက်သည်းနေမှာကိုမြင်ချင်မိသေးတယ် မာန်။နင်သိရဲ့လား?  ငါလေ နင့်ကို ငယ်ငယ်ကတည်းက ငှက်ကလေးလို စောင့်ရှောက်ပြီး တစိမ့်စိမ့်ကြည့်နေခဲ့ရတာ။ နင်က အားနည်းလွယ် အားငယ်လွယ်တဲ့အတွက်ကြောင့် ငါ့နင့်ဘေးနားမှာအမြဲရှိနေပေးတယ်။ တခါတလေ တအားဂရုစိုက်တာလွန်သွားတော့ နင်ကပြောတယ်

"နှောင်လွန်းအိမ် နင်က နင့်နာမည်နဲ့လိုက်အောင်ကို သူတစ်ပါး အရမ်းချည်နှောင်တာပဲ " တဲ့

နင်အဲ့လိုပြောလိုက်တဲ့အချိန်တိုင်း ငါပြန်ပြောတတ်တဲ့စကားတစ်ခွန်းကတော့

"နင်က ငါ့ရဲ့အချစ်ရဆုံးသူ မို့လို့လေ မကြိုက်ဘူးလား "

ဆိုပြီး ပြောင်ချော်ချော်ပြောလိုက်တဲ့အခါတိုင်း
နင်ပြောလေ့ရှိတဲ့စကားတစ်ခွန်းကြောင့် ငါနှလုံးသားလေး နာကျင်ခဲ့ရတယ် မာန်။

"မကြိုက်ဘူး အရမ်းစိတ်ရှုပ်တယ် " တဲ့လေ။

နင်က မိုးရေထဲနေရတာကို အရမ်းကြိုက်တယ် ၊ တခါတလေ မျက်မှန်လေးနဲ့ စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်သက်သက် ဖတ်နေတတ်တယ်။ နင့်ရဲ့မျက်ဝန်းလေးတွေကလေ စကားအရမ်းပြောတတ်တယ် ဆိုတာနင်သိလား ။ ငါလေ နင့်ရဲ့ဘေးနားရှိနေတဲ့ ကာလ တစ်လျှောက်လုံး နင့်ရဲ့မျက်ဝန်းတွေကိုပဲ အဓိပ္ပာယ်ဖွင့်ပြီးနေခဲ့တာ။
နင်ကလေ တခါတလေ တအားဆိုးလွန်းတယ် ကိုယ်ခံအားနည်းတာ သိရဲ့သားနဲ့ မိုးရေထဲ ထွက်ပြီး လမ်းလျှောက်နေတတ်တာ။ အဲ့ဒိနေ့က ငါ နင့်ဘေးနားမှာ မရှိခဲ့ဘူး။
ငါရောက်လာတဲ့အချိန်မှာ ငါ နင့်ကို မြင်လိုက်ရတဲ့အချိန် ငါဘယ်လောက်စိတ်ပူသွားတယ်ထင်လဲ။နင့်မျက်ဝန်းတွေထဲမှာ ဝမ်းနည်းနေတဲ့အရိပ်အယောင်တွေ မိုးရေနဲ့ရောထွေးနေတဲ့ နင့်ရဲ့မျက်ရည်တွေ ကို ငါမြင်လိုက်တဲ့အခါ ငါ့ရင်ထဲဆို့နင့် သွားတာပဲ မာန် ။ ငါ ဆောင်းထားတဲ့ထီးကို ပစ်ချခဲ့လိုက်တယ်။
နင့်ဆီ ချက်ချင်းပြေးပြီး နင့်ကို ငါ့ရင်ခွင်ထဲ ထည့်ပြီးဖက်ထားလိုက်တယ်။

One shot challenge Where stories live. Discover now