Lonely flower's story

310 51 7
                                    

Zawgyi 🏆

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

Zawgyi 🏆

ဇူလိုင်လ၏ မိုးဖွဲလေးများ ကျဆင်းနေချိန်..........

မိုးထက်သွင်တစ်ယောက် အသက်မပါသော ခြေလှမ်းများဖြင့် လမ်းမထက်တွင် လျှောက်သွားနေလေသည်။ ကျောပိုးအိတ်ထဲမှ ဖုန်းသံလေးက တစ်စာစာ အော်မြည်လျက်ရှိသည်။ သို့သော် ကိုင်သူမဲ့လျက်.....

*********

'မိုး'ကို ဆက်တိုက်ဖုန်းဆက်နေပါသော်လည်း ဖုန်းမဖြေသည်မို့ အတော်ပင် စိတ်ပူသွားရသည်။ လင်းခက်ဆိုသော နာမည်တွေ့သည်နှင့် မိုးက ဖုန်းပြန်ဆက်မည်မှာသေချာလှသည်။

လင်းခက်ဆိုသော မိမိနှင့် မိုးထက်သွင် ဆိုသော 'မိုး'မှာ သူငယ်တန်းကတည်းက အတူတက်ခဲ့ကြသော သူငယ်ချင်းများ ဖြစ်သည်။ မိုးက ငယ်ငယ်ကတည်းက ကျန်းမာရေးချူချာလှသည်။ သူငယ်တန်းအတူတက်သော်လည်း မိမိကသာ ငယ်စဉ်ကတည်းက အစစအရာရာဂရုစိုက်ပေးရသည်။

ပိန်ပါးပါးလေးမို့ ထွားကျိုင်းသော မိမိက ကာကွယ်ပေးရသည်။ ဂရုစိုက်ပေးရသည်မှာ မိမိတို့ ကျောင်းပြီးသည့် အချိန်ထိပင်ဖြစ်သည်။ တက္ကသိုလ်မတူသော်လည်း မိမိမှာ တစ်ပတ်တစ်ခါ မိုး၏ အဆောင်သို့သွားကာ ဖခင်တစ်ယောက်ကဲ့သို့ လိုအပ်သည်များ ၀ယ်ခြမ်းပေးရသည်။

မိမိတို့နှစ်ယောက်လုံးသည် နယ်မြို့လေးက ဖြစ်သည်မို့ တက္ကသိုလ်တက်သည့်အခါ ကျောင်းအဆောင်တွင် နေရသည်။ မိုး၏ အိမ်မှာ မိမိတို့နှင့် ရပ်ကွက်ခြားသော်လည်း မိုး၏ မိဘများနှင့် မိမိ၏ မိဘများက အသိအကျွမ်းများဖြစ်ကြသည်မို့ မိမိအား မိုးကို စောင့်ရှောက်ရန် အပ်ထားကြသည်။

ယခု ကျောင်းပြီးသော်လည်း မိမိမှာ မိုးကို စောင့်ရှောက်နေရဆဲပင် ဖြစ်သည်။ မိမိက နည်းပညာတက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လမ်း၊တံတား ဘက်တွင် အလုပ်ဝင်နေပြီ ဖြစ်သော်လည်း မိုးကမူ သင်တန်းတွေ ဆက်တက်နေဆဲသာ ဖြစ်သည်။

One shot challenge Where stories live. Discover now