Part -4~ Leader Wang

Start from the beginning
                                    

"မင်းဘာလုပ်လိုက်တာလဲ ''

"ရေပန်းထဲလွင့်ပစ်လိုက်တာလေမင်းမမြင်ဘူးလား''

"အဟက် ငကြောက်ကောင် ''

"ဘာကွ...''

ရှောင်ကျန့်ကရိပေါ်ရဲ့အကျီကော်လံကိုကိုင်လိုက်ကာထိုးဖို့လုပ်လိုက်တယ်အိမ်ထဲကနေပြီးမန်နေဂျင်းနဲ့ခေါင်းဆောင်ဝမ်ကို အကုန်လုံးကချောင်းကြည့်နေကြတယ် ရှောင်ကျန့်ရိပေါ်ကိုထိုးဖို့လုပ်တော့ဘယ်သူမှလဲ သွားမဆွဲရဲကြဘူး နှစ်ယောက်လုံးကလူချစ်လူခင်ပေါတဲ့ ဘုကလန့်တွေကို ။

ဒါပေမယ့်ရှောင်ဟန်ကပြေးထွက်သွားပြီး ထိုးတော့မယ့်ရှောင်ကျန့်လက်ကိုကာလိုက်တယ် ။
" မန်နေဂျင်းဘာက်ိစ္စမှန်းမသိပေမယ့် တစ်နှစ်ကျော်လောက်အလုပ်အတူလုပ်ရမာမို့သည်းခံလိုက်ပါဒီဘက်ခေါင်းဆောင်ဝမ်ရောအထဲမှာအစည်းဝေးလုပ်ဖို့ ကျတော်တို့ပြင်ထားပြီးပါပြီလာပါအထဲဝင်ရအောင် ''

ရှောင်ဟန်ကလူစုခွဲလိုက်မှ ရိပေါ်ရောရှောင်ကျန့် ရောခွဲလိုက်ကြပေမယ့် ရှောင်ကျန့်ကတော့ ရိပေါ်ကိုဘုကြည့်ကြည့်တုန်း
ရိပေါ်ကတော့ဘောင်းဘီအိတ်ထဲလက်ထည့်ကာ ခပ်မဲ့မဲအပြုံးကိုပါးမှာဆင်လို့ ။

အစည်းဝေးကိုစာကြည့်ခန်းထဲမှာ ထမင်းစားခန်းကခုံတွေယူ ပြီးလုပ်တယ် ရှောင်ကျန့်ထောင့်မကျိုးတဲ့ခေါင်းဆောင်ဝမ်ကို ကြည့်လို့မရပေမယ့်လူတွေရှိတာမို့ အောင့်အီးသည်းခံပြီးသာနေလိုက်ရတယ် ။ အစည်းဝေးပြီးဆိုက်ထဲသွားကြမလို့ ပြင်တော့ရှောင်ကျန့်ကသူ့ကားတံခါးကိုဖွင့်ပြီးအထဲဝင်မလို့ လုပ်လိုက်တော့

"မန်နေဂျင်းဒီမှာဒီဇိုင်းစာရွက်တွေ ၅ထပ်ထိပဲဆောက်ရသေးပေမယ့် အောက်ဘက်ကအခန်းဖွဲ့ စည်းပုံတွေပါ ''

"အာကျေးဇူးဆိုက်ထဲသွားမှာမလားကျတော့်ကားနဲ့
လိုက်ခဲ့လေ ''

"ကျေးဇူးပါ မန်နေဂျင်း ''
ရှောင်ကျန့်နဲ့ရှောင်ဟန်ကားပေါ်အတူတက်သွားတာကို ရိပေါ် လက်ပိုက်ပြီးခပ်လှမ်းလှမ်းကနေကြည့်နေတယ် ပြီးတော့မှသူလဲကားပေါ်တက်ပြီးဆိုက်ထဲသို့သွားလိုက်တယ်။

Mysterious Love ( Completed ) Where stories live. Discover now