အပြစ်ဟု သတ်မှတ်ထားခြင်းမရှိသည်မို့ ကိုလတ်အား မည်သည့်ရန်စကားကိုမျှ ပြန်မဆိုခဲ့။ ထိုအခါ ကျွန်တော့်အစား မကြီးသင်္ဂီက ကိုလတ်နှင့်စကားပြောသည်။
' တော်တော့ မင်းခန့်..အငယ်လေးက မဟုတ်တာလုပ်နေတာလဲမဟုတ်ဘူး '
' ဘာကိုမဟုတ်တာမလုပ်ဘူးလဲ မကြီး
ယောက်ျားချင်တွဲနေတာ က...''အင်း သိတယ် လူပဲဟာ လူနဲ့တွဲတာ ထူးဆန်းလို့လား နင်ခေတ်နောက်မကျစမ်းပါနဲ့....
နောက်ပြီး အငယ်လေး ဘယ်တုန်းကငါတို့ကို အရှက်ရအောင်လုပ်ဖူးလို့လဲဟဲ့....သူလိမ္မာတာ အကုန်လုံးသိတယ်''အရင်ကမလုပ်ပေမယ့် အခုလုပ်နေပြီမဟုတ်လား'
'ဘာလဲ သူ့ရဲ့နှလုံးသားရေးကိစ္စကို ပုံမှန်မဟုတ်ဘူးလို့နင်ထင်နေတာလား ပတ်ဝန်းကျင်ကရော အငယ်လေးကိုအဲ့လိုထင်တာလား အဲ့ဒါဆိုရင်တော့...နင်ရောအဲ့လူတွေရောခေတ်နောက်ကျနေပြီ..'
'မေမေကရော ဘာမှမပြောတော့ဘူးလား'
' ဘာကိုပြောရမှာလဲ သားလတ်...
သားငယ်က မေမေမွေးထားတဲ့ကလေးပါ..
သူဘာပဲဖြစ်ဖြစ် မေမေလက်ခံပေးရမှာပေါ့..
သားလဲ ခေတ်ပညာတတ်ပဲကွယ်...
ဒါတွေကိုမေမေထက်ပိုပြီးနားလည်ရမယ်..
အခုဆို သားငယ်က စိတ်အားငယ်နေတာ..
မေမေတို့က ပိုပြီးဖေးမပေးရမှာမဟုတ်လား'' အင်း မေမေတို့ပဲနားလည်ပေး သားကတော့ နားမလည်နိုင်ဘူး'
သက်ပြင်းအရှည်ကြီးချကာ ကိုလတ်ထွက်သွားပြီးနောက် မေမေနှင့် မကြီးသာကျန်ခဲ့သည်။
'သားရဲ့လုပ်ရက်က မေမေတို့ကိုအရှက်ရစေလားမေမေ'
'သားက မူးရူးဆိုးသွမ်းနေတာမှမဟုတ်တာ မေမေတို့က ဘာကိုအရှက်ရရမှာလဲသား...
သားကိုမေမေ မွေးထားတာ သားရဲ့ဖြစ်တည်မှုတိုင်းကို မေမေလက်ခံတယ်သား''ဟုတ်တယ်အငယ်လေး ...အငယ်လေးဘာကြီးပဲဖြစ်ဖြစ် အငယ်လေးက မကြီးရဲ့မောင်လေးပဲ
မကြီးတို့လက်ခံပေးတယ် နားလည်ပေးတယ်
အဲ့ဒါကြောင့်မို့လို့ မကောင်းတဲ့နည်းလမ်းတွေနဲ့စိတ်ထွက်ပေါက်မရှာလိုက်ပါနဲ့နော်'
သစ္စာချည်တိုင်(သစ္စာချည်တိုင်)
Start from the beginning