Part-2 ~Wrong face🔞🚨

Start from the beginning
                                    

အိမ်ကြီးထဲဝင်ဝင်ချင်း လှေကားကြီးက တံခါးတည့်တည့်မှာအခန့်သားနှစ်ထပ်အိမ်ဆိုပေမယ့် အိမ်ကြီးကအတော်ကျယ်တယ်  အိမ်ကိုလူလာနေမယ်ပြောထားလို့ သန့်ရှင်းရေးကြိုလုပ်ထားတာမို့အိမ်မှာဖုန်တစ်စက်တောင်ရှိမနေ။

"ဒီနေ့ကတော့ပထမဆုံးနေ့မို့နားလိုက်ပါ မနက်ဖြန်မှပဲအလုပ်စကြတာပေါ့ အခန်းတွေကအများကြီးရှိတာမို့သင့်တော်တဲ့အခန်းမှာပဲ စိတ်ကြိုက်နေလိုက်ကြပါ ''

စကားကိုတုံးတိပြောပြီးထွက်သွားတဲ့ မန်နေဂျင်းကြောင့် ကျန်တဲ့သူတွေမှာကြောင်စီစီ ။

" ဟန်ကော ဒီအိမ်ကိုရောက်ဖူးတယ်မလား အခန်းတွေကဘယ်မှာရှိတာလဲသိလား ''

" ဟန်ကောအရင်က ဒီပရောဂျက်လုပ်သေးတယ်မလား ဘာလို့ရပ်ဆိုင်းလိုက်တာလဲဟင်''

အဖွဲ့ကပါလာတဲ့သူတွေကတစ်ယောက်တခွန်းစီ ရှောင်ဟန်ကို မေးနေတာမို့ ဘယ်ကနေဘယ်လိုစဖြေရမှန်းမသိ ။

" မင်းတို့ကလဲဖြေးဖြေးမေးကြပါဟ အရင်ပရောဂျက်ကို ဖျက်သိမ်းလိုက်တာကအရင်တာဝန်ယူထားတဲ့ မန်နေဂျင်းကနိုင်ငံခြားပြောင်းသွားလို့ ဒီအိမ်ကိုရောက်ဖူးပေမယ့်သိပ်မရင်းနှီးဘူးဟ သူဌေးအိမ်ဆိုတော့အခန်းတော့များတယ် အောက်ဘက်မှာလဲအခန်းတွေရှိတယ်အပေါ်ထပ်မှာရောပဲ''

"အပေါ်ထပ်တော့မနေဘူး မန်နေဂျင်းကဒေါသအိုးရယ် အောက်မှာပဲနေမယ် မိန်းကလေးနှစ်ယောက်က တစ်ခန်းနေလိုက်မယ်ရတယ်မလား ဇီယီကျဲ''

"အင်းကောင်းတာပေါ့တစ်ယောက်တည်းထက်စာရင် ''

ဒီလိုနဲ့ ရှောင်ဟန်နဲ့ဝမ်ကကျိုးချန်က တစ်ခန်းနေပြီး မိန်းကလေးနှစ်ယောက်က တစ်ခန်းရယ်ယွီပင်းနဲ့ရန်ဖေးက တစ်ခန်းအတူနေလိုက်ကြတယ် ။

အိမ်ကြီးကအတော်လဲကျယ် အတော်လဲပျင်းဖို့ကောင်းတယ် ။

ရှောင်ကျန့်အပေါ်ထပ်ကအခန်းထဲကိုရောက်တော့ luggageကိုပစ်ထားပြီးကုတင်ပေါ်တန်းလှဲချလိုက်တယ် သူပါးပါးဆီက အထင်ကြီးမှုလိုချင်တယ် ဒါကြောင့်ဒီပရောဂျက်အောင်မြင်မှဖြစ်မယ် ။

Mysterious Love ( Completed ) Where stories live. Discover now