ဂျိန်း ခနဲ အသံကြားတာနဲ့ မ ခန္ဓာကိုယ်ဟာ ဆက်ခနဲ တုန်ရီစွာ.... အသံတွေဟာ တဖြေးဖြေး ပိုပိုနီးလာသလို ပိုပိုများလာတော့ စားပွဲခုံအောက်ကို ဝင်ကာ မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ မ... Jen အတွက်တော့ အရမ်းကို ထူးဆန်းနေလေသည်။

ဒီလောက်ထိ မ ဟာ မိုးခြိမ်းသံကို ကြောက်တတ်ခဲ့မယ်လို့ လုံးဝ ထင်မထားခဲ့ပါ....

" မ... မ အဆင်ပြေရဲ့လား..."

ဘယ်လိုမှ လှုပ်ခေါ်လို့မရတဲ့ မ ကြောင့် ခြေ မကိုင်မိ လက်မကိုင်မိဖြင့် သူ့ရှေ့တွင် ဒူးလေးထောက်လျှက်....

" မ သိပ်ကြောက်နေရင် Jen ရင်ခွင်ထဲဝင်နေ Jen ဖက်ထားပေးမယ်နော်.. နောင်ဆိုရင်လေ မ ဘာမှ ကြောက်စရာမလိုဖူး မ ရဲ့ဘေးမှာ Jen ရှိတယ် ကြားလား မ... "

မ ကို သိမ်းကျုံးကာ ဖက်ထားလိုက်ရင်း အမျိုးအမည်မသိတဲ့ ခံစားချက်လေးဟာ Jen ရဲ့ ရင်ထဲမှာ လှိုက်မောလျှက်....

🦋🦋🦋
အဲ့ချိန်က စလို့ Jen ဘယ်လောက်ပဲ ဆိုးခဲ့ ဆိုးခဲ့
ဘယ်နေရာမှာပဲ ရောက်နေပါစေ... မိုးညှို့လာတာနဲ့ မ ရှိတဲ့နေရာကို စွေ့ခနဲ အပြေးလေးသွားကာ Jen ရင်ခွင်ဟာ မ ခိုလှုံရာ နွေးထွေးတဲ့ တံတိုင်းလေး အဖြစ် နေပေးခဲ့တာပါ...။

ခုလဲကြည့် မ မရှိတော့ဖူး ဆိုတာ သိနေလျှက်နဲ့လဲပေါ့....
ရူးမိုက်နေမိတုန်းပဲ မ....

မိုးရေတွေဟာ Jen ကိုယ်ပေါ်ဆက်မကျတော့တာမို့ ဘာများလဲ လို့ မော့ကြည့်လိုက်တော့
ထီးစောင်းပေးထားတဲ့ လူတစ်ယောက်...

" ခလေးမ မင်းဘာလုပ်နေတာလဲ ဒီနေရာမှာ... မိုးတွေရွာနေတာကို မင်းအိမ်ကရော ဘယ်မှာလဲ..."

ဟင်.... နေပါအုံး
ငါဒီအသံကို တရင်းတနှီးကို ကြားဖူးပါတယ်... မိုးရေစက်တွေကြောင့် တန်ပြန် အရောင်ထွက်နေတဲ့ သက်တံရောင် အလင်းကို ကျောပေးလျှက် ကွယ်ထားတာမို့.... မျက်နှာဟာ သေချာမမြင်ရပေ...။

.................................🍒🍒...........................

❤❤❤

သေခြင်းနဲ့ရှင်ခြင်း ကြားက
ဆက်နွယ်နေတဲ့
လောက တခုကို ယုံကြလား....

❤❤❤
______________________________________

Unicode

မိုးတိမ်တွေဟာ တောင်ဘက်ခြမ်းဆီကနေ ညှို့မဲပြီး တိမ်စိုင်မဲတွေ တဖြေးဖြေးတက်လာပြီ မ....
လျှပ်စီးသံတွေဟာ တဂျိန်းဂျိန်းနဲ့ ကြောက်စရာပါလား...
အသံတွေကြောင့် အိပ်နေရာကနေ လန့်နိုးလာခဲ့တယ်..
နာရီ ကို တချုက် ကြည့်မိတော့ ညနေ ၄ နာရီ ခွဲတိတိ....
မ ဟိုးအရင်က ပြောဖူးခဲ့တဲ့ ဒဏ္႑ာရီ လေးရှိတယ်နော်... မိုးတွေရွာချိန် မိုးခြိမ်းသံဟာ မ ရဲ့ ရင်မှာ ကြောက်စိတ်တွေ ဝင်မိတယ်ဆို...

Sad Song ( Unicode + Zawgyi )Where stories live. Discover now