"အဲ့နေ့ကပန်းတွေကိုဓာတ်ပုံလိုက်ရိုက်ရင်းနဲ့
ဆာကူရာပွင့်တွေအောက်မှာရပ်နေခဲ့တဲ့ကိုကို့
ကကျော်မသွားနိုင်လောက်အောင်ကျွန်တော့်အမြင်
အာရုံတွေကိုဆွဲဆောင်ထားခဲ့တာ"

"အဲ့ဒီနောက်ကိုကို့ကိုကျောင်းမှာပြန်တွေ့တော့
ဘယ်လောက်ဝမ်းသာနေခဲ့လဲတောင်မပြောတတ်ဘူး ပြီးတော့ကိုကိုကကျွန်တော်တို့အသင်းရဲ့
နည်းပြတောင်ဖြစ်နေခဲ့သေးတယ်၊
အဲ့ဒိ်အချိန်တုန်းကကျွန်တော်တွေးခဲ့တာက
ကျွန်တော်တို့နှစ်ယောက်ဘယ်လောက်တောင်
ရေစက်စုံနိုင်လိုက်သလဲပေါ့၊
အဲ့ဒီနောက်ပိုင်းမှာကိုကိုကသိသိသာသာသဘော
ကျကြောင်းပြလာတော့လည်းကျွန်တော်ကျေနပ်
နေခဲ့တာပဲ၊
မပြောပြပေမဲ့လည်းနေ့တိုင်းနွေဦးပန်းလေးတွေ
လာထားသွားတတ်တဲ့ကျွန်တော့်ရဲ့နွေဦးလေးကို
လည်းကျွန်တော်ကအမှတ်မထင်ဖမ်းမိသွားခဲ့တယ်
ဒါပေမဲ့ကျွန်တော်မသိချင်ယောင်ဆောင်နေခဲ့တာ
ကိုကို့စီကနောက်ထပ်ပန်းစည်းလေးတွေထပ်မရ
တော့မှာစိုးလို့၊
ချစ်မချစ်မသဲကွဲသေးပေမဲ့အဲ့ဒီအနေအထားလေး
အတိုင်းကိုအရမ်းသဘောကျနေခဲ့တာ
ဒါပေမဲ့ရုတ်ရက်ကိုကိုပျောက်သွားပြီးပန်းစည်းလေး
နဲ့စာလေးတွေရောက်မလာတော့တဲ့အချိန်မှာပဲ
ကျွန်တော်သိလိုက်တာကကိုကို့ကိုချစ်နေမိပြီဆို
တာပဲ အဲ့ဒါကြောင့်ကျွန်တော့်ကို ဘယ်တော့မှ
ထားမသွားပါနဲ့ကိုကို တွေ့ဆုံခဲ့တဲ့အချိန်ကာလ
ဘယ်လောက်မှမရှိသေးပေမဲ့ ကျွန်တော်ကတော့
ကိုကို့ကိုမစွန့်လွှတ်နိုင်တာသေချာတယ်
အဲ့ဒါကြောင့် ကျွန်တော့်ရဲ့နွေဦးအဖြစ်သတ်မှတ်
ထားတဲ့ကိုကိုကဘယ်ရာသ်ီပဲဖြစ်ဖြစ်မပြောင်းလဲပဲ
ကျွန်တော့်ရဲ့အနားမှာပဲနွေးထွေးတဲ့နွေဦးလေးအ
ဖြစ်အမြဲရှိနေပေးပါ"

ရိပေါ်ရဲ့စကားတွေဆုံးတဲ့အချိန်မှာရှောင်းကျန့်
အနည်းငယ်တောင်ဆွံ့အသွားမိတယ်
အမြဲတမ်းကိုယ်ကပဲစသိပြိီးကိုယ်ကပဲပိုချစ်တယ်
လို့ထင်လာခဲ့ပေမဲ့ ရိပေါ်ရဲ့စကားတွေကို
ကြားပြီးတဲ့အချိန်မှာအားနာသလိုတောင်ဖြစ်လာမိတယ်

မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေတဲ့ကောင်လေးရဲ့
နဖူးကိုခပ်ဖွဖွလေးအနမ်းခြွေလို့
နှစ်သုံးရာထင်ရှုးပင်ကြီးစီကိုလက်တွဲလျှောက်လာခဲ့ကြတယ်

Spring in yoursWhere stories live. Discover now