၁၀

10.5K 1.5K 31
                                    

ZAWGYI

တိုက်ခန်းလေးက တအားမကျယ်ပေမယ့် ကြည်နူးမှုတွေတော့ ဖုံးလွှမ်းနေတယ် ။ လိုအပ်တဲ့ ပစ္စည်းတွေကို ဖြည်းဖြည်းချင်း နေရာချရင်း ဒီတစ်ပတ်တော့ အပြီးသတ်ပြောင်းဖို့ ကြိုးစားနေကြတယ် ။

"တကယ်ပဲ ဒီမှာနေရတော့မယ်နော်"

"ပျော်လား ရိပေါ်"

"အင်း"

ရိပေါ်က ပြုံးလျက်ပြန်ဖြေသည် ။

"ကိုကိုနဲ့အတူ အိမ်ထောင်တစ်ခုကို တည်ထောင်ကြည့်ချင်တာ မောင့်အိပ်မက်ပဲ
ကိုကို ချက်ကျွေးတဲ့ထမင်းကိုစားမယ် ပိတ်ရက်တွေမှာတော့ ကျွန်တော့်ရဲ့ အဆီအငေါ်မတည့်တဲ့ ဟင်းတွေကို ကိုကိုပြန်စားပေါ့

အိမ်အတွက်လိုအပ်တဲ့ပစ္စည်းတွေကို ငြင်းရင်း ခုန်ရင်း အတူတူဝယ်ကြမယ်

ညဘက်တွေဆို ၀ိုင်လေးဘာလေးသောက်ရင်း အစွမ်းကုန်ချစ်ကြမယ်လေ"

ရိပေါ်ရဲ့စကားအဆုံးမှာ ရှောင်းကျန့် မျက်နှာလေးရဲသွားတယ် ။

"ဘာတွေလျှောက်ပြောနေတာလဲ"

ရိပေါ်ကတော့ မျက်နှာရဲရဲလေးကို အသဲယားစွာနဲ့ အားပါးတရ မွှေးကြူ ပစ်လိုက်တယ် ။

"ယူထားတာပဲ ၁နှစ်ပြည့်တော့မယ် ခုထိရှက်နေတုန်းလား ကိုကိုရ"

ရှောင်းကျန့်ကတော့ စတော်ဘယ်ရီသီးလေးလို ရဲတွတ်လျက် ။

ပစ္စည်းတွေ သိမ်းလာလိုက် ၊ တိုက်ခန်းအသစ်လေးထဲမှာ နေရာချလိုက်နဲ့ပဲ ပြောင်းရမယ့်ရက်က တဖြည်းဖြည်းနီးလာခဲ့တယ် ။

"ကဲ သားတို့ရေ... လာ ထမင်းစားကြမယ်"

ဒီညက အိမ်မှာနေတဲ့နောက်ဆုံးညဖြစ်တာမို့ နှုတ်ဆက်ခြင်းမမည်တဲ့ နှုတ်ဆက်ခြင်းပါတီကို အိမ်မှာ လုပ်ဖြစ်ကြတယ် ။

"အာ...မားမား ဟင်းတွေကရှယ်ပါလား"

ရိပေါ်က ပျော်ပျော်ရွှင်ရွှင်ပြောရင်း စားပွဲမှာဝင်ထိုင်လိုက်တယ် ။

"သားကြီး မနက်ဖြန်မနက်ကျ မားမားဟင်းတွေထုပ်ပေးလိုက်မယ် ယူသွားနော်"

"ဟာ မဟုတ်တာ မားမားကလည်း"

ရှောင်းကျန့်က လက်တခါခါနဲ့ငြင်းပေမယ့် ရိပေါ်ကတော့ သဘောတကျကိုပဲထောက်ခံတယ် ။

ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETEDWhere stories live. Discover now