12.6K 1.7K 81
                                    

ZAWGYI

"ကိုကိုရေ လွမ်းလိုက်တာ"

ရိပေါ်က screenကြီးကို ကုန်းနမ်းတော့မတတ်ပင်ဖြစ်နေပြီ

"ဟဟ... မောင်က ပိုနေတာ"

ရိပေါ်က တစ်ဖက်လူကို မျက်စောင်းထိုးလိုက်မိတယ်

စဉ်းစားကြည့်ပါဦး ကြင်စဦးလင်မယားတွေပါဆိုနေမှ အခန်းခွဲနေရပြီး Video call နဲ့ အလွမ်းသယ်နေရတဲ့ဘ၀...

"ကိုကို... ခိုးတွေ့ကြမယ်ကွာ
ကိုကို့ပါးလေးတွေကို နမ်းပစ်ချင်နေပြီ"

"ဟားဟား... မောင်ရယ် ရက်ပိုင်းလေးပဲ သည်းခံရမှာကို ဘယ်လိုဖြစ်နေတာလဲ"

ရှောင်းကျန့်က တစ်ဖက်ကနေ ရိပေါ်ရဲ့အဖြစ်ကို ကြည့်ရင်း ရယ်နေတယ်

"ကိုကို... ဒီလိုဆိုတော့ ကျွန်တော်တို့ ရည်းစားဘ၀ကိုတောင် တွေးမိတယ်သိလား
ညတိုင်း ဒီလိုလေး Video call ပြောရတာလေ

မဝေးချင်တော့လို့ လက်ထပ်ပါတယ်ဆိုနေမှ အခုတော့ ယောက္ခမကောင်းမှု အကြောင်းပြု ပြီး ခွဲနေရပြန်ပြီ"

ရိပေါ်က ဆောင့်ဆောင့်အောင့်အောင့်ပြောတော့ ရှောင်းကျန့်က ထပ်ရယ်တယ်

"ပါးပါးက စိတ်ပူလို့ပါ မောင်ရယ်
မောင်နဲ့ပါးပါးလည်း ဘယ်ဘ၀မှ တည့်ကြမလဲကို မသိဘူး"

"ဒီတစ်သက်တော့ တည့်ကိန်းမမြင်ဘူး ကိုကို
အဖိုးကြီးက ကျွန်တော့်ဆို အမြင်ကြည်တာမဟုတ်ဘူး"

"မောင်ကလည်း ပါးပါးကို သွား သွားမကလိနဲ့လေ
အခုလည်းကြည့် ... မောင် မကျေနပ်လို့ ပါးပါးကိုပါ အခန်းခွဲပြီး အိပ်ရအောင် လုပ်လိုက်တယ်မလား"

ရှောင်းကျန့်က ပြုံးစစနဲ့ပြောတော့ ရိပေါ်က ဘာမှမပြောဘဲ ငြိမ်နေလိုက်တယ်
အမှန်တွေပဲလေနော် ဘာမှပြောစရာမှမလိုတာ

"ပါးပါးက မားမားကို သိပ်ချစ်တာ
အခုဆို ဘယ်လောက်တောင် မောင့်ကို ဒေါပွနေမလဲမသိ

ပြီးတော့ မားမားက Video Call တွေဘာတွေ သုံးတတ်တာမဟုတ်ဘူး
ပါးပါးတော့ လွမ်းနေတော့မှာပဲ

မောင်... မင်းကို သူ အခွင့်သာရင် လက်စားပြန်ချေလိမ့်မယ် သတိသာထားနေ"

ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETEDWhere stories live. Discover now