10.8K 1.5K 39
                                    

ဘေးနားမှာ ပျံ့ကျဲနေတဲ့ ဘီယာဘူးခွံတွေကို ရိပေါ် လက်နဲ့ပုတ်ထုတ်လိုက်သည် ။ ဘယ်နှဘူးလောက် သောက်ပြီးပြီဆိုတာ သူ ဂရုမစိုက်တော့ ...

သူသိတာက ကိုကို သူ့ကိုမယုံဘူး
ဒီအတွေးတွေကပဲ သူ့ဦးနှောက်ထဲမှာ ကြီးစိုးနေတာ

ကိုကို ဘာလို့ သူ့ကိုမယုံရတာလဲ

"တော်တော့ Leo...မင်းအရမ်းများနေပြီ"

မနေသာတော့တဲ့အဆုံးမှာ Mike က၀င်တားသည် ။

"ဖယ်စမ်းပါ ငါမူးပစ်ချင်တယ်"

ရိပေါ်က ဘာစကားကိုမှ နားမထောင်ဘဲ နောက်ထပ်တစ်ဘူးကို ဖွင့်လိုက်သည် ။

မနေ့က ကိုကိုနဲ့သူ စကားများခဲ့ကြတယ်

သူ Mike ဆီကိုရောက်နေတာ 24နာရီပြည့်တော့မယ်
ကိုကို အခုထိ ဆက်သွယ်မလာသေးဘူး ။

"မင်းနဲ့ Sean ဘာဖြစ်ကြတာလဲ"

Mike က မနေနိုင်လွန်းလို့ထင်ပါရဲ့
ရိပေါ်ကို ထုတ်မေးလာတယ် ။

"သူက ငါ့ကိုမယုံဘူး..."

ရိပေါ်က ဘီယာဘူးကို မပြီး တရှိန်ထိုး သောက်ပစ်တယ် ။

"အိမ်ခွဲမနေဘူးဆိုတာ ငါ့မှာ ၀င်ငွေမရှိလို့တဲ့"

"မဟုတ်သေးပါဘူး... မင်း သူ့ကို မင်းမိသားစုအကြောင်း မပြောပြထားဘူးလား"

"ဘာလုပ်ဖို့လဲ ... အဲ့ဒီမိသားစုကို ငါ ခေါင်းထဲက ထုတ်ထားတာကြာလှပြီ"

"မဟုတ်သေးဘူးလေ..."

Mike က ရိပေါ် လက်ထဲက ဘီယာဘူးကို လုယူလိုက်ပြီး သူ့စကားကို ပြန်ဆက်သည် ။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းနဲ့သူက အတူတူနေနေကြပြီ သူ့ဘက်က တမိသားစုလုံးကို အသိပေးထားတာကွာ

မင်းကရော သူ့ကို ဘာတွေ ပွင့်လင်းထားလဲ
မင်းရဲ့မိသားစုအကြောင်း ၊ မင်းရဲ့ ပိုင်ဆိုင်မှုတွေအကြောင်း ၊ နောက်ဆုံး မင်းရဲ့အလုပ်အကြောင်းတောင် မင်းမပြောပြထားဘူးမဟုတ်လား"

"ငါ မပြောချင်ဘူး ငါ အချစ်စစ်ကိုပဲ လိုချင်တယ်"

"မင်း မှားနေပြီ"

ငါ့သမက်က ၀မ်ရိပေါ် ( ငါ့သမကျက ၀မ်ရိပေါ် ) COMPLETEDWhere stories live. Discover now