စာစဉ် ၃၆ ( ၁၃ - ၁၈ )

Zacznij od początku
                                    

ဤကောင်တို့ သည် အလှကျော့ကွင်းသုံးခြင်းက အလုပ်မဖြစ်သည်ကို သိသွားသည့်နောက် နောက်ထပ်ဗျူဟာတစ်ခုကို ပြောင်းသုံးလာကြ၏ ။ သူမလေးအား အစားအသောက်နှင့် ဖမ်းစားလာကြခြင်းပင် ။
အခုဆိုလျှင် သူမ၏အကျီင်္တို့ သည်ပင် ကျပ်ချင်ချင်ဖြစ်လာနေ ချေပြီ ။

ရီဝမ်ဝမ်ခမျာ တစ်နေ့ တစ်ရက်မှမနားဘဲ လေ့ကျင့်ခန်းပုံမှန် လုပ်နေ၍သာ တော်ပေသည် ။ မဟုတ်ပါက ဟိုတုန်းကလို ၀တုတ်မ အဖြစ် ပြန်ရောက် သွားမည်မှာ အသေချာပင် ။

တစ်ချိန်တည်းမှာပင်၊ ခြံဝင်းထဲ၌ ။

ကြေးစားသုံးယောက်သည် ခြံဝင်းထဲက အခြေအနေကို လေ့လာပြီးသွားသည့်နောက် တာဝန်အသီးသီးခွဲလိုက်ပြီး
နံရံပေါ်ကနေ ကျော်တက်လာကြလေပြီ ။

ကြေးစားနှစ်ယောက် ထွက်သွားကြသည့်နောက် ကြေးစားခေါင်းဆောင်သည် သစ်ပင်ပန်းပင်တို့ ကနေ တိုးတိုးတိတ်တိတ် တိုးဝင်လိုက်ပြီး ဆံဖြူယောကျာ်းနှင့် မုတ်ဆိတ်ယောကျာ်းရှိရာဆီ သွားနေ သည် ။

အားလားလား…။

ထိုခေါင်းဆောင်မှာ သူ့ အရှေ့မှ သစ်ကိုင်းတို့ ကို လက်နှင့်ဖယ်ထုတ်လိုက် သည့်အခိုက် ခေါင်းနှစ်ခေါင်းက ရုတ်တရက် သူ့ အရှေ့  ပေါ်ထွက်လာပြီး သူ၏ပစ်မှတ်နှစ်ခုက သူ့အား တည့်တည့်ကြီး စူးစိုက်ကြည့်နေကြလေပြီ…

ဆံရှည်ယောကျာ်းက ၀မ်းသာအားရဖြစ်နေသည် ။
“အဟေးဟေးဟေး…အစ်ကို ချန်း..ကြည့်ပါဦး၊ ကြည့်ပါဦး ။ ဒီမှာ သူခိုးလေးတစ်ယောက် တကယ်ရှိနေတာပဲ ။
အစ်ကို ချန်း… အစ်ကိုက တော်လိုက်တာဗျာ”

မုတ်ဆိတ်ယောကျာ်း ။  “အေးပေါ့ကွ”

“မင်း…မင်းတို့ …” ကြေးစားမှာ ရှော့ရတုန်လှုပ်သွား၏ ။
သို့ သော် ၊
သူသည် ကောင်းကောင်းလေ့ကျင့်ထားသူဖြစ်သဖြင့် မြန်မြန်ဆန်ဆန် တည်ငြိမ်သွားအောင် လုပ်ယူလိုက်နိုင်၏ ။ သူသည် သတိကြီးကြီးဖြင့် ကြည့်နေမိဆဲပင် ။

အောင်မာ…ငါ့ကိုများ သူခိုးလေးတဲ့ ။
မသိတဲ့သူက မကြောက်တတ်ဘူးဆိုတာ တကယ်ပါလား ။

အိမ်တော်ထိန်းကြီးသည် နေရာအား လိုက်လံကြည့်ရှုစစ်ဆေးနေရင်းမှ သူတို့ အား ကျော်သွားချိန် အထဲကိုကျူးကျော်ဝင်လာသည့် ထိုကြေးစား အား
တွေ့ သွားသည် ။ သူသည်လည်း တခနလောက် အံ့အားသင့်သွားပြီး ပြောလာသည် ။
“ဘာဖြစ်နေတာလဲ ။ သူက ဘယ်သူလဲ”

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Opowieści tętniące życiem. Odkryj je teraz