အလိုက်တစ်သိ
( Short story , Final part)
ခုချိန်ထိအိပ်ခန်းထဲပြန်ဝင်မလာသေးတဲ့ ဝန်းငယ်ကြောင့် ကိုယ်တိုင်လဲအိပ်မရပါဘူး ခုချိန်မှာ သူ့ကိုနှစ်သိပ့်ပေးဖို့ထက် သူခံနိုင်ရည်ရှိအောင် လွှတ်ထားပေးလိုက်မယ်လို့တွေးပေမယ့် ဝန်းငယ်ထံက ငိုရှိုက်သံသဲ့သဲ့က အိပ်ခန်းထဲထိပျံ့လွင်လာတော့ ခြေလှမ်းတို့ကသူရှိရာ ဆီကို အလိုလိုရောက်လာမိတယ်
"ဝန်းငယ်"
မော့ကြည့်လိုက်တော့ ကိုကို့မျက်ဝန်းတွေက ကျွန်တော့်ကိုသနားစရာသတ္တဝါတစ်ကောင်လိုအကြည့်မျိုးနဲ့ကြည့်နေတာကြောင့်
"Sorry ကျွန်တော့်ကြောင့်နိုးသွားတာထင်တယ် အဟင်း"
"အိပ်ကိုမအိပ်ရသေးတာ မင်းဒီလိုဖြစ်နေတာ ကိုယ်က ဘယ်လိုအိပ်ပျော်ပါ့မလဲ ဝန်းငယ်"
"အိပ်တော့လေ အချိန်လင့်နေပြီ ကျွန်တော့်ကို ဂရုမစိုက်နေနဲ့ ကျွန်တော့်ကို မရှိတော့တဲ့သူလိုသဘောထားပြီးနေပါကိုကို"
နာနာကျင်ကျင်ပြောနေတဲ့ဝန်းငယ်လက်ကိုအသာဆုပ်ကိုင်ရင်း စိတ်မကောင်းဘူးဝန်းငယ် မင်းဒီလိုဖြစ်နေတာ ကိုကိုလဲ စိတ်မကောင်းပါဘူး ဒါပေမယ့် ကိုကို သူမကိုချစ်တယ်
"တော်သင့်ပြီ ဝန်းငယ် လာထ အိပ်ခန်းထဲသွားရအောင်"
ကျွန့်တော့်လက်ကိုဆွဲခေါ်နေတဲ့ ကိုကိုလက်တွေကို ပုတ်ချပစ်လိုက်တယ် သနားနေတာမလား ဟင့်အင်း ကိုကိုသနားတာကိုကျွန်တော်မလိုချင်ဘူး ကျွန်တော်ကိုကို့ရှေ့မှာပျော့ညံ့မနေချင်ဘူး
"ဝန်းငယ် မင်း"
တစ်အံ့တစ်သြခေါ်လိုက်မိတယ် ကျွန်တော့်အပေါ်ကို ဒီလိုအပြုမှုမျိုးဘယ်တုန်းကမှမလုပ်တဲ့ဝန်းငယ်က ကျွန်တော့်လက်ကိုပုတ်ချပြီး ကျွန်တော့်ကို စူးစူးရဲရဲကြည့်နေတာ
"အဟက် သွားစမ်းပါဗျာ သနားနေတာမလား ဟမ် ကိုကို ကျွန်တော့်ကိုသနားနေတာမလား မလိုဘူး သနားစရာမလိုဘူး အဟင့် ဟီးးသနားသလို ဟင့် အင့် လာ လာ မကြည့်ပါ နဲ့ အဟင့် ဟီးးမသနား ဟင့် ပါနဲ့ သွား ဟင့် အနားမလာနဲ့ အင့် သွားပါဆိုဗျာ"
YOU ARE READING
အလိုက်တသိ (Complete)
Short Storyလိုနေချိန်တိုင်းရှိနေပေးမှာပါ ကိုကို ကိုကို ကျွန်တော့်ကိုမလိုအပ်တော့တဲ့တစ်နေ့ရောက်လာခဲ့ရင်တော့ အလိုက်တသိ ထွက်သွားပေးမှာပါ