အလိုက်တစ်သိ First part

9.9K 334 16
                                    

အလိုက်တသိ ( Short story )

"လဝန်းသစ်"
ပြောင်းလဲသွားခဲ့တာကြာပြီပေါ့ အင်း ဟုတ်တယ် သူပြောင်းလဲသွားခဲ့ပြီပဲ
အရင်လိုနွေးထွေးမှုတွေ ဘယ်မှာလိုက်ရှာရမှန်းတောင်မသိတော့ဘူး ကျွန်တော့်အတွက်သူ့အပြုံးတွေကလည်းပျောက်ကွယ်ခဲ့တာကြာပြီပေါ့ နှစ်ကိုယ်တူတည်ဆောက်ခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့အချစ်အိမ်လေး ပြိုကျလုနီးနီးဖြစ်နေခဲ့ပါပြီ ဒီလိုအခြေနေတွေဘယ်အချိန်ကစခဲ့တာလဲဆိုရင်တော့...
ကျွန်တော်သိပ်ချစ်ရတဲ့ကိုကိုက ကျွန်တော့်နေရာမှာ အခြားတစ်ယောက်ကို အစားထိုးလိုက်တဲ့အချိန်ကစလို့ပေါ့
ကိုကိုဘယ်လောက်ပဲကျွန်တော့်အပေါ်ပြောင်းလဲနေပါစေ ကျွန်တော်ကတော့ အရင်ကအတိုင်း ဝတ္တရားမပျက် ဆက်ရှိနေပေးခဲ့ပါတယ် အရာအားလုံးကပုံမှန်အတိုင်းလဘ်ပတ်နေဆဲ ကျွန်တော်ရင်တွေနာကျင်ရတာကလွဲလို့ပေါ့

အိမ်ရှေ့မှာကားသံကြားတယ် ကိုကိုပြန်လာပြီထင်တယ် ကျွန်တော်ကိုကိုအနားအပြေးလေးသွားလိုက်ပြီ ကိုကို့လက်ထဲက အိတ်လေးကူသယ်ရင်း စကားစလိုက်မိတယ်

"ပြန်လာတာစောတယ် ကိုကို "

"အင်း "

"ရော့ ရေအေးလေးသောက်လိုက်ဦးကိုကို ပင်ပန်းနေလား ရေချိုးတော့မလား ကျွန်တော် ကိုကိုရေချိုးဖို့သွားလုပ်လိုက်မယ်နော် ခဏစောင့် ရာသီဥတုကအေးတယ် ရေနွေးလေးစပ်ပေးမယ်နော်"

"အင်း "

"ဟုတ်"

ကိုယ့်ကိုမလိုလားတဲ့ကိုကို့အနားကနေအမြန်ထွက်လာရင်း ကိုကိုနဲ့ကျွန်တော်နှစ်ယောက်အတူနေတဲ့အခန်းလေးထဲရောက်တော့မှပဲသက်ပြင်းမောတစ်ချက်ကိုသာချလိုက်မိတော့တယ် ရက်စက်လိုက်တာလို့မဆိုလိုချင်ပေမယ့် ကျွန်တော်နာကျင်ရတယ်ကိုကိုရယ် အလိုက်ကမ်းဆိုးမသိစီးကျလာတဲ့မျက်ရည်တွေကိုခပ်ကြမ်ကြမ်းသုတ်ရင်း လုပ်စရာရှိတဲ့အလုပ်ကိုသာဆက်လုပ်နေမိတော့တယ်

"ထူးပြည့်စုံ"

ဒီနေ့တစ်နေကုန်အလုပ်တွေအရမ်းရှုပ်တာကြောင့် အိမ်ပြန်ရောက်ချိန်မှာတော့လူကပင်ပန်းလွန်းလို့လှုတ်တောင်မလှုတ်ချင်တော့ဘူး နောက်ပြီး "ဝန်းငယ်" သူရှိနေတဲ့ဒီအိမ်ကို ကျွန်တော်ပြန်မလာချင်ဘူးကျွန်တော်အပေါ်အရမ်းကောင်းလွန်းတဲ့ ဒီကောင်လေးကို ကျွန်တော်အားနာတယ် ဒါပေမယ့် ပြန်မလာလို့မှမရတာ ဒီလိုတွေဖြစ်နေလို့ "ဝန်းငယ်"ကိုမုန်းနေလားဆိုတော့ ကျွန်တော်မမုန်းပါဘူး ချစ်သေးလားဆိုရင်လဲ ကျွန်တော်မသိဘူး ခုကျွန်တော့်မှာ သူမလေးရှိနေပြီ သူမအသံကြားရရင်ကျွန်တော်ပျော်တယ် သူမက ကျွန်တော့ကိုပျော်ရွှင်စေတယ် သူမကိုကျွန်တော်ချစ်တယ် ဒါဟာ "ဝန်းငယ် "အပေါ်မတရားဘူးဆိုတာသိပေမယ့် မတတ်နိုင်ဘူး ခုချိန်မှာ သူမလေးကသာ ကျွန်တော့်အရာရာပါ သူမလေးနဲ့အတူနေဖို့အထိကျွန်တော်တွေးထားပြီးသားပါ "ဝန်းငယ်"အတွက်လဲကျွန်တော်စဥ်းစားထားတာတွေရှိပါတယ်

အလိုက်တသိ  (Complete)Where stories live. Discover now