336 to 346(z+u)

1.1K 107 7
                                    

အခန်း (၃၃၆)
A Standoff Between Money and Power (8)
နင် မသိသေးဘူး ထင်တယ် ကောင်းရန်က မေးလာသည်။
ဘာကို သိရမွာလဲ၊ မြန်မြန်ပြော၊ ဘာတွေ ဖြစ်နေတာလဲ ငါ့ကို ပြောပြ
ဟော်မြန်က မိမိကို လိမ်ညာဖုံးဖိ ထားခဲ့တာကို သိခဲ့ရပြီးကတည်းက ကျူလင်းလင်းမှာ စိတ်မအေးနိုင်တော့။
တန့်ခိုင် က လည်း ဒီအကြောင်း သူ့ကို သတိပေးခဲ့သေးသည်၊ ဒါပေမဲ့ သူတို့က အေးအေးဆေးဆေးပဲ နေနေခဲ့သည်။
သို့ပေမဲ့ ပိုငြိမ်းချမ်းနေလေ၊ ပိုပြီး စိတ်မအေးချမ်းရလေ ဖြစ်နေခဲ့တာပင်။ ဒါကြီးက မုန်တိုင်းမလာခင် ငြိမ်သက်သလိုမျိုးလို့သာ ခံစားနေခဲ့ရသည်။
မိမိဘက်မှ တန့်ခိုင်နဲ့ ပတ်သတ်တဲ့ အဆက်အသွယ်အားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်၊ ဒါကြောင့်ပဲ ဒါနဲ့ ပတ်သတ်တဲ့ သတင်းတွေလည်း မရနိုင်တော့တာ ဖြစ်သည်။ တစ္ဖက္က ဟော်မြန်ကလည်း၊ မိမိ စိတ်ပူနေမှာကို စိုးရိမ်ပြီး မိမိကို ဒီအကြောင်းတွေ မပြောပြခဲ့သည့် သူငယ်ချင်း ဖြစ်နေပြန်သည်။
ဒီသတင်းကို ကောင်းရန်သာ ပထမဆုံး ပြောလာသည် မဟုတ်..
အထက်တန်းလွှာရှိ လူအားလုံးပင် ကျူလင်းလင်း၊ ဟော်မြန်နဲ့ ကျိုးကွမ်းမင်တို့ Seductive Fox မွာ ဖြစ်ခဲ့သည့် အကြောင်းတွေကို ကြားသိပြီးကြတာ ဖြစ်သည်။
-မိနစ်၂၀ ခန့် ကြာပြီးနောက်-
ကောင်းရန်က ကျူလင်းလင်းကို သူ့ရဲ့ Jaguar ကားနဲ့ လာကြိုပြီး၊ သူတို့ စားသောက်ဆိုင် တစ္ခု ကို သွားလိုက်ကြသည်။
သူက ဟင်းပွဲ အများကြီး မှာလိုက်ပေမဲ့ ၊ ကျူလင်းလင်းက စားချင်စိတ် မရှိနေ..
ကောင်းရန်က ကျူလင်းလင်းကို ဖြစ်နေတာအားလုံး ကို ဖြည်းဖြည်းချင်း ပြောပြ၏။ အဲ့ဒီနောက်မှာတော့ ကျူလင်းလင်းရဲ့ မျက်ဝန်းအစုံက ချက်ချင်းပဲ နီမြန်းလာလေသည်။
ဟေး .. မငိုပါနဲ့ဟ .. နင် အဲ့လို ကြေကွဲနေတဲ့ ပုံကြီးက ငါ မြင်နေကျ မဟုတ္ဘူး။ ကျူလင်းလင်းရဲ့ ငိုတော့မည့်ပုံကို မြင်ရတော့ ကောင်းရန် လန့်သွားရသည်။
သူ က လင်းလင်းသည် အဲ့ဒီခွေးသားကို နာရီဝက်လောက် ထိုင်ဆဲနေလိမ့်မည် ဟု ထင်ထားတာ ဖြစ်သည်။
ဒါတွေ အားလုံးက ငါ့အမှားတွေပါ ၊ ဟော်မြန် မွာ ဒီလို ဇာတ်ရှုပ်တွေ ဖြစ်ရတာ ငါ့ကြောင့်ပါဟယ်  ကျူလင်းလင်း ရဲ့ မျက်ဝန်းတွေမှာတော့ အပြစ်ရှိနေသူလို ဖြစ်နေသည်။
ကျိုးမိသားစုက ဖမ်းဝရမ်းထုတ်ပြီး၊ ဟော်မြန်ကို ဒေသဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနမှာ တရားရင်ဆိုင်စေမည်ဆိုတာကို ကြားရတာက လင်းလင်းကို ပိုပြီး စိတ်မကောင်း ဖြစ်စေတာပင်။
ဒါကြီးက ကျောက်ခဲကြီးတစ်လုံး မိမိရင်ထဲ ပြုတ်ကျလာသလို ဖြစ်နေကာ၊ အသက်တောင် မရှူနိုင်တော့သလိုပင် ခံစားနေရစေ၏။
ဒေါသတွေ ထွက်မနေနဲ့ဦး၊ ငါ ပြောလို့ မပြီးသေးဘူး။ ဟုတ်တယ် ၊ ဖမ်းဝရမ်း ထုတ်ထားတာတော့ မှန်တယ်၊ ဒါပေမဲ့ ငါတို့ သူ့ကို တကယ် မဖမ်းလိုက်ရဘူး။ ချင်းချူက ငါ့အေဖကို ဖုန်းဆက်ပြီး ဒီကိစ္စကို ညှိလိုက်တယ်။ တရားရင်ဆိုင်ရမဲ့အတွက်လည်း သိပ်ပြီး စိတ်ပူမနေနဲ့။ သူ့နားမှာ ချင်းချူ ရှိနေသရွေ့ နတ်ဖုရားတောင် ဟော်မြန်ကို ဘာမွ သွားလုပ်လို့ ရမွာ မဟုတ္ဘူး
ချင်းချူမှာ အဲ့လို ကာကွယ်နိုင်စွမ်းတွေ ရှိနေတာ ငါသိပါတယ်၊ ဒါပေမဲ့ ဟော်မြန် ဒီလို အရှုပ်ထဲ ကြားညပ်ပါရတာ ငါ့ကြောင့်ပါ။ ဒီလို ဖြစ်ရတာတွေ အကုန်လုံးက ငါ့ကြောင့်ပဲ။ သူ နဲ့ ဘာမွ မဆိုင်ဘူး။ ငါ အဲ့ဒီညက သူ့ကို WeChat message မပို့ခဲ့မိဖို့ ဆုတောင်းမိတယ်။ သူသာ မလာခဲ့ရင် ဒါဆို ကျိုးအိမ် ကလည်း သူ့ကို သည်လို အမဲဖျက်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလေ
ကောင်းရန်က ကျူလင်းလင်းကို မျက်စောင်းထိုးကြည့်လိုက်သည်၊  နင်ဘာတွေ လျှောက်ပြောနေတာလဲ၊ တကယ်လို့ ဟော်မြန်သာ မသွားခဲ့ရင် ၊ ဒါဆို အဲ့ဒီ အမှိုက်ကောင် ကျိုးကွမ်းမင်က နင့်ကို အရယူတော့မှာပေါ့ဟဲ့
အဲ့လို ဆိုရင်တောင် ဟော်မြန်ကို ဒီ ဇာတ်ရှုပ်ထဲ ဝင်ပါစေမိတာထက်တော့ တော်ပါသေးတယ်ဟာ။ သူက ငါ့ရဲ့ အချစ်ဆုံး သူငယ်ချင်း၊ ငါ သူ့ကို မထိခိုက်စေချင်ဘူးလေ
ဟော်မြန်က နင်တွေးသလို ဘယ်တော့မှ တွေးမှာ မဟုတ္ဘူး။ နင့်ကို သူ က အပြစ်မတင်ပါဘူး ကောင်းရန်က လင်းလင်းကို နှစ်သိမ့်ပေး၏။
ဆရာ .. ဒီကို Moitai တစ်ပုလင်း ယူလာပေးနိုင်မလား
ဟေး .. နင် ဘာတွေ လုပ်နေတာလဲ ကောင်းရန်က ဒေါသထွက်လာသည်။
ငါ စိတ်ဓါတ်ကျလွန်းလို့ နည်းနည်းသောက်ချင်လို့ပါ
ဒါပေမဲ့ အရက်ဖြူက ပြင်းလွန်းတယ်ဟ ၊ ဘီယာပဲ သောက်
နိုး .. ငါ Maotai ပဲ သောက်ချင်တာ၊ နင် ငါနဲ့ အတူ မသောက်ချင်လည်း ရတယ် ၊ ငါတစ်ယောက်တည်း သောက်မယ်
ကျူလင်းလင်းက ဒီစကားတွေကို ယောက်ျားလေးတစ်ယောက်လိုမျိုး ပြောနေတာပင်။ သူက ဒီလိုတွေ ပြောနေပေမဲ့လည်း ၊ သူတို့ အတူ စားကြဖို့ အကြံပေးလာသူက ကောင်းရန်လေ။ ဒီလူက ငွေရှင်းပေးမှတော့ ၊ ဒါဆို လင်းလင်းနဲ့လည်း အတူ သောက်ပေးသင့်နေတာပေါ့။
အဆုံးမတော့ .. ကောင်းရန် နှင့် ကျူလင်းလင်းတို့ Maotai တစ်ပုလင်းလုံးကိုရော၊ မရေတွက်နိုင်သော ဘီယာတွေရော ၊ တစ်ယောက် တစ်ခွက်နဲ့ သောက်ပစ်လိုက်ကြတော့သည်။
သူတို့ နှစ်ယောက်သား တစ်ယောက်နဲ့ တစ်ယောက် မွီတြဲက စားသောက်ဆိုင်ထဲက ထွက်လာကြတော့ ၊ နှစ်ယောက်လုံး မူးနေကြပြီမို့ ၊ သူတို့ ဘယ်ရောက်နေကြပြီ ဆိုတာတောင် မသိကြတော့။
နိုး ..အရက် သောက်ပြီး ကားမောင်းခြင်း နိုး  ငါ  ဥပေဒကို နားလည်တယ်၊ ငါတို့ ချိုးဖောက်လို့ မျဖစ္ဘူး.. အေ့ .. အငှားကားမောင်းပေးတဲ့ သူကို ဖုန်းဆက်လိုက် ကောင်းရန်က လင်းလင်းကို သူ့ကားကို မှီလို့ရအောင် ကူပေးလိုက်၏။ နောက်တော့ သူက နံပါတ္တစ္ခုကို ဖုန်းဆက်လိုက်သည်။ ဟေး .. ၉၁၁ ကလား။ ငါ့ကို အငှားယဉ်မောင်း တစ်ယောက် ရှာပေးစမ်း
-၁၅မိနစ်အကြာ၊ အုပ်ချုပ်ရေးဗျူရိုတွင်-
တော်သေးတာက သူတို့ရဲ့ ဗျူရိုမှ အရာရှိတစ်ယောက်က သူတို့ကို လာခေါ်ပေးလို့ပင်။ အကယ်၍ တခြားဗျူရိုကသာ ဆိုရင်တော့ သတင်းတွေကြောင့် သူတို့ရဲ့ နာမည်ပါ ကောင်းနိုင်တော့မည် မဟုတ်တော့။
ပြစ်မှုဆိုင်ရာရဲဌာနရဲ့ ခေါင်းဆောင်က အရက်မူးပြီး ၉၁၁ ကို ဖုန်းဆက်ကာ အငှားယဉ်မောင်း ရှာစေသတဲ့လား
ဒါကြီးက ပြည်သူ့အာဏာကို မရည်ရွယ်ပဲ အလွဲသုံးစား လုပ်လေတာ မဖြစ်နေဘူးလား..
ဗျူရိုမှ အရာရွိကေတာ့ အရက်မူးနေကြတဲ့ ဒီလူနှစ်ယောက်ကို ကြည့်ပြီး ဘာပြောရမှန်းပင် မသိတော့၊  ငါတို့ အခု ခေါင်းဆောင်ကို ဘာလုပ်ပေးရမလဲ
ငါတော့ ငါတို့ ခေါင်းဆောင်က မိန်းမတစ်ယောက်နဲ့ ဒီလောက်ညဉ့်နက်နက်ထိနေပြီး သောက်လာတာကို မြင်ရတာ ဒါ ပထမဆုံးပဲ။ ဒီအမျိုးသမီးနဲ့ ကြားမှာ တစ္ခုခု ရှိမယ် ထင်တယ် တစ်ယောက်သော အရာရွိက ပြောလာသည်။
အဆုံးမတော့.. အရာရွိမ်ားက သူတို့ နှစ်ယောက်လုံးကို ဗျူရိုရဲ့ ဘေးနားရှိ ကြယ်လေးပွင့် ဟိုတယ်မှာ တစ်ခန်းယူပြီး ထားပေးလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
ဆရာ .. ဒါက ကျတော်တို့ လုပ်ပေးနိုင်တာ အကုန်ပဲ အရာရွိမ်ားက ကျူလင်းလင်းနှင့် ကောင်းရန်ကို ဇိမ်ခံအိပ်ရာကြီးပေါ်မှာ အတူတင်ထားလိုက်ကာ၊ တံခါးပိတ်၍ ထွက်ခွာသွားကြတော့သည်။
-နောက်တစ်နေ့မနက်-
ကျူလင်းလင်းတစ်ယောက် ခေါင်းမူးဝေနေပြီး နည်းနည်းလှိမ့်လိုက်တော့၊ မိမိဘေးမှာ တစ်ယောက်ယောက် ရှိနေသည်ကို ခံစားသိလိုက်သည်။
မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်ကြည့်မိကာ .. အဲ့ဒါက ဘာဆိုတာ သတိပြုမိလိုက်တော့၊ သူ ထအော်တော့သည် ..  အားးးးး
လင်းလင်း အော်လိုက်တာနဲ့ ကောင်းရန်လည်း ကြောင်တောင်တောင် နိုးထလာသည်။ သူသည်လည်း မိမိ ဘယ်သူနဲ့ အတူရှိနေခဲ့သည်ဆိုတာ သိသွားချိန်မှာတော့ လန့်ဖျန့်ဆွံ့အ သွားရတော့သည်။
-

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now