145 to 150(z+u)

1.2K 125 3
                                    

အခန်း (၁၄၅)

Sorrow

“ ငါ.. ငါ သက်တန့်တံတားမှာ ထင်တယ် “ ကျူလင်းလင်းရဲ့ အသံက အက်ကွဲနေသည်။ ကျူလင်းလင်း အရမ်း ဝမ်းနည်းနေတယ်ဆိုတာ ဟော်မြန့် ပြောနိုင်၏ ။ သူက အရက်မူးနေပုံရပြီး၊ စကားလုံးတွေကိုတောင် ပီပီသသ မရွတ်နိုင်တော့။

“ အဲ့ဒီမှာ ခဏနေဦး ၊ ငါ အခုပဲ လာခဲ့မယ်နော် “ ဟော်မြန့် ဖုန်းချပြီး အမြန်ထ လိုက်သည်။ ဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ သူရဲ့ အပေါ်ဝတ်အကျီကို ဆွဲယူလိုက်သည်။

“ ဘာဖြစ်လို့လဲ “ ချင်းချူက ဟော်မြန့်မျက်နှာဆီက ပူပင်သောကကို သတိပြုမိလိုက်၏။

“ ကျူလင်းလင်းမှာ တခုခု ဖြစ်တဲ့ပုံပဲ ။ ကျမ သူ့ကို သွားကြည့်ပေးလိုက်ဦးမယ် “

“ ကိုယ်မောင်းပို့ပေးမယ်လေ “

“ ဟင့်အင်း… ရတယ် “ ချင်းချူ အလုပ်မှာ ပင်ပန်းခဲ့သည်ဆိုတာ ဟော်မြန့် သိနေသည်လေ။ သူ့ကို ဒုက္ခမပေးချင်သည်မို့ သူ အငှားကားသာ ခေါ်သွားဖို့ စီစဉ်လိုက်သည်။

သို့ပေမဲ့ သူ့စကား မဆုံးခင်မှာပင် ချင်းချူက ဂျတ်ကတ်ကို ယူဝတ်လိုက်ကာ၊ ကားသော့ကို လှမ်းဆွဲယူပြီး တံခါးဘက်သို့ ဦးတည်သွားတော့သည်။

ညအချိန်မို့ လမ်းကြော သိပ်မပိတ်ပေ၊ ချင်းချူကလည်း ကားအရှိန်တင်မောင်းတတ်သူတစ်ယောက်။ သက်တန့် တံတားကို ရောက်ဖို့ အချိန် ၁၅ မိနစ်လောက်ပဲ ယူလိုက်ရသည်။

တံတားပေါ်မှာ ရင်နှီးနေတဲ့ ပုံရိပ်လေးကို အဝေးကပင် လှမ်းမြင်နေရသည်။

အနီရောင်ဝတ်စုံကို ဝတ်ထားပြီး တံတားဘေးအစွန်းမှာ တုန်တုန်ယင်ယင် ဖြစ်နေသူက ကျူလင်းလင်းကလွဲပြီး ဘယ်သူ ဖြစ်နိုင်ဦးမှာလဲ ။

“ ဘုရားရေ၊ ဒီကောင်မလေး သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားနေတာလား “ ဟော်မြန့်တစ်ယောက် ကားရပ်ရပ်ချင်းမှာပဲ ဘာမှ တွေးမနေတော့ဘဲ ပြေးထွက်သွားတော့သည်။

ချင်းချူက ကားရပ်ရာနေရာကို သွားရပ်လိုက်ပြီး သူတို့ရှိရာသို့ လျှောက်လာလေသည်။

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now