-GK ရုံးချုပ်တွင်-
ကောင်းရန် ဖုန်းဆက်လာချိန်မှာ ချင်းချူက မနက်ခင်း အစည်းအဝေးတစ်ခု ပြီးကာစ မ်ွသာ ရှိသေးသည်။
ဘာကိစ္စရှိလို့လဲ ကောင်းရန်က မိမိ အလုပ်မှာ ရှိနေတုန်း ဖုန်းဆက်သည်ဆိုလျှင် ဘယ်တော့မှ သတင်းကောင်း တော့ ဖြစ်နိုင်မှာ မဟုတ္တာ သိနေရသည်။
စိတ်အေးအေးထား၊ ငါပြောတာ ပြီးအောင် နားထောင်.. အိုကေ
ပြော
ဗျူရိုက ငါ ခေါင်းဆောင်ပြီး ဖမ်းပေးရမဲ့ ဝရမ်းတစ်ခု ထုတ်လာတယ်။ အမ် .. ငါ တို့ ဖမ်းပေးရမဲ့လူက .. အဲ့ဒါ မင်းရဲ့ ဟော်မြန် ပဲ
ဒါကို ကြားလိုက်ရတော့ ချင်းချူမျက်နှာ ချက်ချင်းပဲ ပျက်သွားရတော့သည်။ ဖမ်းဝရမ်း ထုတ်တယ် ဒါက ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။
-

အခန်း (၃၃၄)
A Standoff Between Money and Power (6)
ဖမ်း ဝရမ်း ? ချင်းချူ ထပ်ပြီး ရေရွတ်မိသည်၊ သူကြားလိုက်တာ မှန်ရဲ့လားဆိုတာ သေချာသွားအောင် ဖြစ်၏။
အေး
ဟော်မြန်ကို ဖမ်းဖို့ ချင်းချူက ထပ်ပြောလိုက်ပြန်သည်။
အဲ့ဒါ ဟုတ်တယ်၊ မင်းရဲ့ မိန်းမ .. ဟော်မြန် ကို ကောင်းရန် ဘာထပ်ပြောရမည်မှန်းပင် မသိတော့။
တကယ်တော့ ၊ ကောင်းရန်သည်လည်း ဖမ်းဆီးခွင့်ဝရမ်းကို မြင်စဉ်က လန့်ဖျန့်သွားခဲ့ရတာ ဖြစ်သည်။ အထက်မှ ဒီလို ဝရမ်းချကာ ဖမ်းဆီးစေသည်ဆိုသည်က ပုံမှန်အားဖြင့် ဆိုလျှင် ကြီးကျယ်လှသော ပြစ်မှုကျူးလွန်သူများကိုသာ ဖြစ်သည်။ အခုလို အုပ်ချုပ်ရေးဗျူရိုရဲ့ ပထမ ပြစ်မှုဆိုင်ရာ ရဲဌာနမွ ပေးလာသည့် အမိန့်ဆိုတော့ ၊ သူတို့ဘက်က ဒါကို အဓိက ပြစ်မှုကြီးလို့ ယူဆလို့သာ ဖြစ်သည်။
ဒါဆို .. ငါ့မိန်းမက တစ်ယောက်ယောက်ကို သတ်ခဲ့လို့လား၊ ဒါမှမဟုတ် မီးတွေ ဘာတွေ ရှို့ထားလို့လား ချင်းချူ မွာ တုန်လှုပ်ချောက်ခြားနေသည်။
သူ့မှာ သည်လို အုပ်ချုပ်ရေးဗျူရိုကတောင်မှ ထုတ်ပေးရတဲ့ ဖမ်းဝရမ်းနဲ့ ဆိုတာကို မှန်းဆကြည့်ဖို့တောင်မှ ခက်ခဲနေရသည်။
ငါ ကြားတာတော့ မြန်က မကြာခင်တုန်းက ကျိုးအိမ်ကို တစ္ခုခု လုပ်ထားပုံပဲ။ မင်းမသိဘူးလို့တော့ ငါကို လာမပြောနဲ့နော်
အဲ့ဒီ သတ္ထုတွင်း ဂွင်လေးမိလို့ ညတွင်းချင်း ချမ်းသာလာတဲ့ အိမ္ကတဲ့လား ချင်းချူက ရွံရှာသလို ပြောလာသည်။ (ချေတာ .. ချေတာ)
မိမိဘက်ကတောင် သူတို့ကို ဘာမွ မလုပ်ရသေးဘူး၊ သူတို့ဘက်က ဈပီး ဒီလိုတိုက်ခိုက်ရဲတဲ့ သတ္တိတွေ ဘယ္ကမ်ား ရလာကြတာလဲ။ သူတို့က အသက်ရှင်နေရတာ ပင်ပန်းပြီတဲ့လား ..
အင်း .. ဟုတ်တယ် .. အဲ့ဒီလူတွေ။ သူတို့က ငွေရှိတယ်လေ၊ ဘယ်သူ့ကို လာဘ်ပေးထားလဲတော့ ငါလည်း မသိဘူး။ သူတို့ ပြောထားတဲ့ ပြစ်မှုကတော့ မင်းရဲ့ မိန်းမ ဟော်မြန်က မစ္စတာကျိုးကို ထက်မြတဲ့ အရာတခုခု သုံးပြီး ဒဏ်ရာရအောင် လုပ်ခဲ့တယ်တဲ့။ သူလည်း ဆေးရုံတက်နေရတုန်း ဆိုပဲ။ ဒါကြောင့် အထက္က လူတွေက မြန်ကို အရင်ဖမ်းထားဖို့ အမိန့်ချပေးလာပြီး၊ အမှု ရင်မဆိုင်ရခင် ခဏ ထိန်းသိမ်းထားမဲ့ပုံပဲ။
သူတို့က တကယ္ကို သေလမ်းရှာနေကြတာကိုး ချင်းချူရဲ့ အမူအယာက တင်းမာနေလေပြီ။
ဒါကြောင့်မို့ .. အခု ငါ ဘယ္လို လုပ်ရမလဲ ကောင်းရန်က သတိထားပြီး မေးလိုက်သည်။
မြန် ကို ထိရဲတဲ့ သူကိုမ်ား ငါက မြင်ချင်မယ် ထင်လို့လား ချင်းချူက ခြိမ်းခြောက်လာသည်။
ဟေ့ကောင် .. ငါလည်း ငါ သူ့ကို တကယ် ဖမ်းလို့ မရဘူးဆိုတာတော့ သိတာပေါ့ကွ၊ ဒါပေမဲ့လည်း ဒါနဲ့ ပတ်သတ်ပြီး တစ္ခုခု တော့ လုပ်ပြဖို့ လိုသေးတယ်လေကွာ။ ငါတော့ မင်း ငါ့အေဖကို မင်းကိုယ်တိုင် ဖုန်းဆက်လိုက်တာ ပိုကောင်းမယ် ထင်တယ်။ တကယ်လို့ ငါသာ မိန်းမတစ်ယောက်ကြောင့်နဲ့ သွားဆက်ရင် သူက ငါ့ကိစ္စတွေလို့ ထင်နေမှာဟ
အေး
နောက်တော့ ကောင်းရန်တောင် ဘာမွ ပြန်မပြောရသေးခင် ချင်းချူ ဖုန်းချသွားတော့သည်။
ငါးမိနစ်လောက်ကြာတော့ ကောင်းရန်တို့ ဗျူရိုရဲ့ ဒါရိုက္တာက ကောင်းရန်ကို ဖုန်းဆက်လာသည်။ ကောင်း အဲ့မိန်းကလေးကို မဖမ်းရသေးဘူး မဟုတ္လား။ မင်းရဲ့ အေဖက အခုလေးတင် ငါ့ကို ဖုန်းဆက်ပြီးပြောတယ်၊ အဲ့မိန်းကလေးမှာ အထူး အဆင့်အတန်းတွေ ရှိနေတယ်တဲ့။ အိုကေလေ .. ငါတို့ လူမွား မဖမ်းမိအောင်ပဲ လုပ်ကြတာပေါ့
အိုး .. ဟုတ်ကဲ့ သိပါပြီ၊ ဒါရိုက္တာ။ ကျတော် နောက်ထပ် အမိန့်တွေကို ပဲ စောင့်နေလိုက်ပါ့မယ်။ ကောင်းရန်က သူ ဘာမွမသိသလို တုံးအ ချင်ယောင် ဆောင်လိုက်သည်။
ဟုတ်တာပေါ့၊ ချင်းချူရဲ့ ဖုန်းတစ်ချက် ခေါ်ဆိုမှုက မိမိကိုယ်တိုင် ခေါ်သည်ထက် ပိုပြီး ထိရောက်သည်လေ၊ မိမိရဲ့ ဖခင်ဖြစ်သူက ချင်းချူကို ငယ်စဉ်ကတည်းက အရမ်း သေဘာက်ခဲ့တာပဲ မဟုတ္လား။
-
ချင်းချူ က ကောင်းရန်ရဲ့ဖခင်ကို ဖုန်းဆက်လိုက်ပြီးနောက်မှာတော့၊ သူ့ရုံးခန်းထဲ အချိန်အကြာကြီး ထိုင်နေမိကာ၊ အခြေအနေအရပ်ရပ်ကို စဉ်းစားကြည့်နေမိသည်။
အခုလောလောဆယ်တော့ ဟော်မြန်အတွက် ဘာမွ မဖြစ်တော့သော်လည်း၊ ဒါက မပြီးသေး၊ သူ သည်လို စောင့်နေလို့တော့ မဖြစ် ။ အခုက ပြန်ပေးဆပ်စေရမည့် အချိန် ရောက်နေပြီလေ။
ကျိုးမိသားစုက သူတို့ဘက်မှ အရင် အကွက်စရွှေ့လာသည် ဆိုတော့
လက်ထောက်ယန်
ဟုတ်ကဲ့ ဆရာ
ဒီတစ္ပတ္စာ ငါ သြားရမဲ့ ခရီးတွေ အကုန်လုံး ဖျက်ထားလိုက်၊ ငါ့ရဲ့ အချိန်ဇယားတွေ အကုန်လုံး အားလပ်နေအောင် လုပ်ထားပေး
ဆရာ .. ဟိုဘက်မြို့က GK ရဲ့ အပျော်ခရီးသွားရွာလေး အစီအစဉ်က နောက်သုံးရက်ဆို စေတာ့မွာ။ အဲ့ဒါတော့ ဆရာ တက်ဖို့ လိုလိမ့်မယ်
ငါ့မွာ ပိုအရေးကြီးတဲ့ ပွဲတွေ တက်ဖို့ ရှိတယ်
ချင်းချူ က ဒီလို ပြောမှတော့ ယန်တစ်ယောက် ထပ်မပြောသင့်တော့ကြောင်း နားလည်လိုက်လေပြီ။
ကျတော် သိပါပြီ ဆရာ .. နောက်တော့ သူ ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။
-
-ညေန ၅နာရီ ၂၀ မိနစ်ခန့် .. တောင်ဘက်ပိုင်း ပြန်လည်ထူထောင်ရေး စင်တာတွင်-
ဟိုင်း .. ကျတော် ဒီမွာ ဟော်မြန် ဆိုတဲ့ မိန်းကလေးကို ရှာနေတာပါ
က်မက ဟော်မြန် ပဲ ဟော်မြန် ကြည့်ကြည့်လိုက်တော့ ပစ္စည်းပို့သည့် ကောင်လေးကို on-call နေရာမှာ တွေ့လိုက်ရသည်။
ဒါက အစ္မ အတွက်ပါ၊ လက်မှတ်လေး ထိုးပေးပါ ခင်ဗျာ
ထိုလူက စာအိတ်တစ်အိတ်ကို ထုတ်ယူပြီး၊ ဟော်မြန်ကို လှမ်းပေးလိုက်သည်။
ဟော်မြန် လက်မှတ်ထိုးပေးလိုက်ပြီးတော့၊ ပို့လာသူကို ကျေးဇူးတင်စကား ဆိုကာ ၊ စာအိတ္ကို ရုံးခန်းထဲသို့ ပြန်ယူလာလိုက်၏။
ထို စာအိတ်ပါးလေးကို ကြည့်နေမိရင်းက ဘာကြောင့်ရယ်မသိ မျက်တောင်တဖျတ်ဖျတ် ခတ်မိသည်။ သူ့မှာ ထူးဆန်းတဲ့ ခံစားခ်က္တစ္ခု ရနေလေသည်။
အထဲမွာ ပါသည့် စာရွက်ကို ဖွင့်ကြည့်မိလိုက်တဲ့ အချိန်မှာတော့ ၊ သူ့ အမူအယာမ်ား ပြောင်းသွားရပြီ။
(ဆင့်ခေါ်စာ) ဆိုသည့် စာလုံးများက ထိပ်ဆုံးမှာ ရေးထားသည်။
ဒါ ဒါက တရားရုံးက ဆင့်ခေါ်စာ မဟုတ္ဘူးလား။ မိမိကို တရားစြဲ ခံရတာလား
-
အခန်း (၃၃၅)
A Standoff Between Money and Power (7)
တရားလိုရဲ့ နာမည် -ကျိုးကွမ်းမင် ဆိုတာကို မြင်လိုက်ရသည်နှင့် ဟော်မြန် အခြေအနေကို နားလည်သွားတော့သည်။
ကျိုးအိမ် ဘက္ကေတာ့ သူတို့ရဲ့ အကြက္ကို စရွှေ့နေပြီ၊ သူတို့က ဟော်မြန်ကို ထိခိုက်ဒဏ်ရာရစေမှုအတွက် တရားစြဲဆို ထားကြသည်။ တစ်ပတ်အတွင်းမှာပင် ဟော်မြန်က ဒေသဆိုင်ရာ အထက် ပြည်သူ့စုံစမ်းစစ်ဆေးရေးဌာနမှာ တရားရင်ဆိုင်ရမည်။
တရားရုံးရဲ့ နာမည်- ဒေသဆိုင်ရာ အထက် ပြည်သူ့စုံစမ်းစစ်ဆေးရေးဌာန ဆိုတာကြီးက ရယ်စရာကောင်းသော်လည်း၊ အဲ့ဒီမွာ စစ်တဲ့ အမှုတွေက တကယ့် အမှုကြီးတွေသာ ဖြစ်သည်။
ထိခိုက်နာကျင်စေမှု ? တကယ်ကြီး ? ငါတောင်မှ သူ့ကို လင်းလင်းကို ဆေးတိုက်ပြီး အဓမ္မကျင့်ရန် ကြိုးပမ်းမှု ဆိုပြီး တရားမစွဲရသေးဘူးလေ။ ဟော်မြန်ရဲ့ နှုတ်ခမ်းတွေ တွန့်သွားသည်၊ သို့ပေမဲ့ သူ ကြောက်လန့်ခြင်း မရှိနေ။ သူ တွေးနေသည်က အဲ့ဒီ ကျိုးအိမ်က လူတွေက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ ဟုပင်။
တကယ်လို့ သူတို့မှာ ငွေနဲ့ အာဏာ ရှိနေသည်ဆိုရင် ၊ မိမိကို ကိစ္စအပြတ်ရှင်းမဲ့ လူတွေ ဘာလို့ မငှားလိုက်လဲ။
ဟုတ်ပါသည် .. သူတို့က လုပ်ချင်သော်လည်း . ကျိုးအိမ်ဘက်မှာ အခွင့်အရေးမရနိုင် ဖြစ်ခဲ့ရသည်ကို ဟော်မြန် မသိပေ။
တကယ်တော့ ဟော်မြန် ရဲ့ နောက်ကွယ်မှာ ချင်းချူသာမက၊ ဆုယွီရော၊ ဟော်စစ်ချန်ပါ ဟော်မြန်ရဲ့ လုံခြုံရေးအတွက် အကုန်လုပ်ထားပေးနေတာ ဖြစ်သည်။
သည်လုံခြုံရေးခံတပ်ကြီးက တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီးထက်တောင် ခိုင်ခံ့နေလေသည်ပဲ။
အခု ကျိုးအိမ်က သူတို့ရဲ့ အဆက်အသွယ်တွေသုံးပြီး ဖမ်းဝရမ်း တစ်စောင် ထုတ်လိုက်နိုင်သော်လည်း၊ နောက်ဆုံးမှာတော့ အဲ့ဒီဝရမ်းက ကောင်းရန်ရဲ့ လက်ထဲမှာသာ အဆုံးသတ်ခဲ့ရသည်။
ထို့ကြောင့်ပင် မစ္စတာချင်းက ဒီပြဿနာကို ဖုန်းလေးတစ်ချက်ဆက်ရုံမျှဖြင့် ဖြေရှင်းလိုက်နိုင်တာ ဖြစ်သည်။
ကျိုးမိသားစု ဘက္က ဒါကို သိသွားလေတော့ ၊ သူတို့မှာ အရူးလို ဒေါသတွေ ထွက်နေကြပြီး၊ ဘာမှမတတ်နိုင်တော့ဘဲ တရားရုံး ဆင့်ခေါ်စာသာ တင်လိုက်ရတော့တာ ဖြစ်သည်။
သူတို့ဘက်ကတော့ တရားရင်ဆိုင်ဖို့ ပြင်ဆင်ပြီး ဖြစ်နေပြီဆိုတာ သိသာနေလေပြီ။
သူတို့ ဘာဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ကြရမှာပေါ့
ဟော်မြန်က ဆင့်ခေါ်စာကို ယူဖတ်ကြည့်လိုက်ပြီး၊ ကိုယ့်ဘာသာ ပြောမိသည်။ ကောင်းပြီလေ.. ဒေသဆိုင်ရာ အထက် ပြည်သူ့စုံစမ်း စစ်ဆေးရေးဌာန နဲ့ ကျိုးမိသားစု၊ ကဲ လာမဲ့ဘေး ပြေးတွေ့ကြရုံပေါ့
အလုပ်ဆင်းတော့၊ ဟော်မြန်က ပစ္စည်းလေးတွေ သိမ်းဆည်းပြီး၊ ပြန်မည် အပြု အသက် ၄၀၊ ၅၀ အရွယ် လူချမ်းသာပုံပေါက်သည့် အမျိုးသမီးတစ်ဦးက ဒေါသတကြီးပုံစံဖြင့် ရောက်လာသည်။
နင်က ဟော်မြန်လား
ဟုတ်ပါတယ်
ငါက ကျိုးကွမ်းမင်ရဲ့ အေမပဲ ထို သူဌေးမကြီးက ပုအိုက်အိုက် ဝတုတ်တုတ် ဖြစ်သည်၊ သူဝတ်ထားတာတွေကလည်း တောက်ပသော တန်ဖိုးကြီး ဝတ်စုံ ဖြစ်၏။
က်မ ဘာကူညီပေးရမလဲ ဟော်မြန်က ဘာမွ မထူးသလို ပြန်မေးလိုက်၏။
ဒီလူက မစ္စက်ကျိုးဆိုတာ သိသွားပေမဲ့လည်း မြန်က မတုန်လှုပ်၊ တကယ္ကေတာ့ ဟော်မြန်မှာ တုန်လှုပ်စရာ အကြောင်းကို မရှိနေတာ ဖြစ်သည်။
သူက အပြစ်မကင်းစရာ ဘာမွ မလုပ်ထားဘူးလေ။ သူ့ဘက်က ကြည့်လျင် ကျိုးကွမ်းမင်ကသာ တုန်လှုပ်နေရမှာ ဖြစ်သည်ပဲ။ နောက်ပြီး၊ ကျိုးကွမ်းမင်မှာ ရသွားသည့် ဒဏ်ရာက အပေါ်ယံလေးပဲဟာကို။
မိမိဘက္က သူ့ကို ဒီလို အေးအေးဆေးဆေး လွှတ်ပေးခဲ့ပြီပဲ မဟုတ္လား
နင်က ငါ့သားကို ဒဏ်ရာရအောင် လုပ်တဲ့ သူပေါ့ ဟုတ္လား မစ္စက်ကျိုးက စကားစလာသည်။
သူ ဘာလုပ်ခဲ့သလဲ ဆိုတာကို အရင်မေးသင့်တယ် ဟော်မြန်က ပုံမှန်ပင် ပြန်ဖြေပေး၏။
ငါ့သား ဘာလုပ်ခဲ့လဲ ဆိုတာ ငါ ဂရုမစိုက္ဘူး။ ဘာပဲဖြစ်ဖြစ်၊ နင့်မှာ သူ့ကိုလူကို နာကျင်အောင် လုပ်ဖို့ အခွင့် မရွိဘူး။ နင်က အဆင့်နိမ့်တဲ့ လူတန်းစားပဲကို ၊ နင့်ကိုယ်နင် ဘာမ်ား ထင်နေတာလဲ။ ငါ့သားကိုမ်ား ထိခိုက်အောင် လုပ်ရဲတယ်။ နင်တော့ အသက်ရှင်နေရတာ ပင်ပန်းလွန်းနေပြီထင်တယ် ..ဟမ်
ဒါတော့ ရှင်တွေးတာ မှားနေပြီထင်တယ်၊ က်မက အသက်ရှင်သန်ချင်နေတုန်းပဲ၊ က်မ လုံးဝ မငြီးငွေ့ဘူး။ နောက်ပြီး .. ဒီလို အမူအယာတွေက ရှင့်သားနဲ့ ပိုသင့်တော်လိမ့်မယ် ထင်တယ်၊ ဘာလို့ ဆိုတော့ သူနဲ့ ထိုက္တန္တာကို သူရသွားတာလေ။ စဉ်းစားကြည့်ပါဦး .. အဲ့ဒီညမွာ ဘာလို့ သူတစ်ယောက်ထဲပဲ ထိခိုက်ဒဏ်ရာ ရခဲ့သလဲ ဆိုတာ။ ဒါက သူ့ရဲ့ မအေတစ်ယောက်အနေနဲ့ ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ရောင်ပြန်ဟပ်နေတဲ့ အပြုအမူတွေဆိုတာ သိသာနေတာပဲလေ
မစ္စက်ကျိုးရှေ့မှာ ရပ်နေရတဲ့အတွက် ဟော်မြန်မှာ နည်းနည်းမှ စိတ်ဖိစီးမှုမျိုး မခံစားရ။ သူ့ရဲ့ စကားလုံးတွေကလည်း ဓါးသြားလို ထက်မြနေသလို၊ သူ့ထံကို ဘာပဲလာလာ ထိုးခြဲ ပိုင်းမည် သကဲ့သို့ ဖြစ်နေ၏။
မစ္စက်ကျိုး တစ်ယောက် ဒေါသထွက်လွန်းလို့ မျက်နှာတောင် ဖြူရော်သွားရလေပြီ။
အေး .. နင်ပြောတဲ့စကားသာ နင်သေချာအောင်လုပ်ထား၊ ဒါပေမဲ့ နင်ကောင်းကောင်း နောင်တ ရရလိမ့်မယ်။ နင် တရားရုံးခေါ်စာကို ရပြီးပြီ မဟုတ္လား
ရပြီးပါပြီ ဟော်မြန်က ဆင့်ခေါ်စာကို လှမ်းယူကာ လှုပ်ပြလိုက်၏။ ဒါကို လုံးဝ အရေးမစိုက်သလိုပင်..
ငါကိုယ်တိုင် ဒီတစ်ပတ်အတွင်း သေချာပြင်ထားမယ်။ နင့်ကို ထောင်ထဲမှာ အနည်းဆုံး ဆယ်နှစ်လောက် နေရအောင် လုပ်ပြမယ်။ နင့်ဘက်က လျော်ကြေးရော၊ အသနားခံတာရော လုပ်ချင် လုပ်နိုင်တယ်၊ ဒါပေမဲ့ ငါတို့က ဘာမွ လက်ခံမှာ မဟုတ္ဘူး၊ နင် .. စောင့်သာ နေလိုက်
မစ္စက်ကျိုး .. က်မေတာ့ ရှင်တွေးတာ လွန်နေပြီလို့ ထင်တယ်။ .. တကယ်လို့ က်မ ဘာမွ မလုပ်ထားဘူးဆိုရင် .. ဘာလို့ က်မက တောင်းပန်တာတွေ ၊ လျော်ကြေးပေးတာတွေ လုပ်နေရမှာလဲ။ က်မက က်မပိုက်ဆံကို ကျမအသက်လောက် တန္ဖိုးထားတယ်ဆိုတာ ရှင်လည်း သိထားသင့်တယ်
အေး .. နင် ဒီလိုပုံစံနဲ့ နောက် ၇ ရက်ထက် ပိုမေနရေတာ့ပါဘူး။ ငါကိုယ်တိုင် နင့်ကို ထောင်ကျအောင် လုပ်မှာမို့လို့ပဲ
နောက်တော့ မစ္စက်ကျိုးက လှည့်ထွက်သွားလေတော့ သူ့နောက်မှ သက်တော်စောင့် နှစ်ဦးသည်လည်း လိုက်ပါသွားလေ၏။
ဟော်မြန် က တော့ ဆွံ့အကျန်ခဲ့ရ၏.. ဒီ အမျိုးသမီးကြီးက မိမိကို လာရွာတာ က သူက မိမိကို တစ်ပတ်အတွင်း ထောင်ကျအောင် လုပ်မည်ဟု ပြောဖို့ သက်သက်ပဲတဲ့လား..
ဒါဆိုရင်တော့ ကျိုးကွမ်းမင်ရဲ့ ဦးနှောက်က ကောင်းကောင်း အလုပ္မလုပ္တာ မထူးဆန်းတော့ပါဘူး၊ သူ့အမေလည်း အတူတူပဲ ဟာကို..
ကျိုးအိမ်မှာ ငွေတွေ၊ အာဏာတွေ ရှိကောင်းရှိမယ်၊ ဒါပေမဲ့ မိမိရဲ့ ယောက်ျားကရော အဲ့လောက် လွယ်မယ် ထင်လို့လား။
ဟော်မြန်တစ်ယောက် ငွေကြေးနှင့် အာဏာ ကြားက ရပ်တည်မှုကို စတင် ခံစားလာရသည်၊ နောက်ဆုံးမှာ အနိုင်ရသူက ဘယ်သူမ်ား ဖြစ်လေမလဲ။
အဖြေကတော့ သိသာထင်ရှားနေတာပဲ .. လာနောက်နေတာလား၊ C မြို့မှာ ဘယ်သူကမ်ား ချင်းချူရဲ့ အာဏာနဲ့ ဥစ္စာဓနကို ယှဉ်နိုင်မှာ မို့လို့လဲ။
အရင်တုန်းကတော့ မိမိရဲ့ ခင်ပွန်းဖြစ်သူကို မှီခိုရမည့်အကြောင်းကို ဘယ်တုန်းကမှ မစဉ်းစားခဲ့မိ၊ ဒါပေမဲ့ အခုတော့ စိတ်ထဲ တွေးနေမိတာ တစ္ခုက မိမိမွာ ဒီလောက် အင်အားရှိသည့် ခင်ပွန်းသည်မျိုး ရှိနေတာ ဘယ်လောက်များ ကောင်းလိုက်သလဲ ဆိုတာပင်။
-
ကျူလင်းလင်းက လေယဉ်ပေါ်က ဆင်းဆင်းချင်းမှာပဲ ကောင်းရန် ပို့လာသော စာကို မြင်လိုက်ရ၏။
(ဟော်မြန်တော့ နင့်ကြောင့် ဒုက္ခ အကြီးကြီးရောက်ပြီ၊ နင် အဲ့ဒါ သိရော သိရဲ့လား)
ဒီစာကို မြင်တော့ ကျူလင်းလင်းတစ်ယောက် ဟန်ပင် မလုပ်နိုင်တော့ဘဲ ကောင်းရန်ထံ ဖုန်းဆက်ရ၏။ ဟော်မြန် ဘာဖြစ်လို့လဲဟင်
-

အချစ်စတင်ခဲ့ရာ( Volume two)Where stories live. Discover now