Zawgyi
အလကား ရလိုက်သော Brocon အကိုကြီး
ဝါးပင်များနှင့် စိမ်းစိုလှပသော ခြံဝန်းထဲတွင် အဖြူ ရောင် ပိုးဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော လွန်စွာ ချောမောသည့် သခင်လေးတစ်ယောက်သည် သူ၏ အခြွေရံနှင့် အတူ လမ်းလျှောက်နေသည်။
ထိုမြင်ကွင်းသည် အဝေးမှ ကြည့်လျှင်ပင် ပန်းချီဆွဲချင်စရာ ကောင်းလောက်အောင် သက်ဝင်လှပလွန်းနေသည်။ ထိုမျှ ဆွဲဆောင်မှုရှိလှသော သခင်လေးသည် အခြားလူမဟုတ်။ သိပ်မကြာသေးခင်က ဝိညာဉ်ကူးပြောင်းခံလိုက်ရသော ကောင်လေး ရီဟွားပင်။
ရီဟွား လက်နှစ်ဖက်ကိုနောက်ပစ်လိုက်ပြီး ဟိုဟိုသည်သည်ကြည့်ကာ မှတ်ချက်ပြုလိုက်သည်။
"တစ်ခြံဝန်းလုံးကို စိမ်းနေတာဘဲ...မသိရင် ဝါးရုံတောထဲရောက်နေသလိုလို...မင်း သခင်လေး အကြိုက်ကလည်း ထူးဆန်းလိုက်တာ"
ရီဟွားစကားကြောင့် ဘေးတွင်အတူ လမ်းလျှောက်နေသော ယွီလေး နားဝေတိမ်တောင်ဖြစ်သွားရ၏။ သခင်လေးခေါင်း တကယ်တစ်ခုခုဖြစ်သွားပြီဟု တွေးမိသွားပြီး အရမ်းဝမ်းနည်းကာ စတင်ငြီးတွားတော့သည်။
"ကျွန်တော့် သခင်လေးက သခင်လေးဘဲလေ သခင်လေးရဲ့...သခင်လေး ဘာမှကို မမှတ်မိတော့ဘူးလား သခင်လေး...အမလေး အဖြစ်ဆိုးလှချည်လား သခင်လေး...ဒီကျွန် သခင်လေးအတွက် ရင်တွေနာလိုက်တာ...အမလေး သခင်လေးတွက် ဒီကျွန် ဝမ်းနည်းရလွန်းလို့ သေတော့မယ်...မိုးနတ်မင်းကြီး သခင်လေးကို ပြန်မှတ်မိအောင် ကူညီပါ...သခင်လေးကို ကယ်တင်ပေးကြပါ နတ်မင်းကြီးအပေါင်းတို့ရယ်"
"တိတ်စမ်း...နိမိတ်မရှိ နမာမရှိ အော်မနေစမ်းနဲ့...သခင်လေးဆိုပြီး ပါးစပ်ကမချဘဲ အာပြဲသံကြီးနဲ့ဆက်တိုက်အော်နေတာ...ငါ နားကန်းတော့မယ်ဟ"
![](https://img.wattpad.com/cover/228214036-288-k660638.jpg)
आप पढ़ रहे हैं
ရာဇဝင်ထဲက ကျွန်တော့်ချစ်သူ(Complete)
ऐतिहासिक साहित्यZawgyi "ကိုယ့်ပြည်သူတွေ ကိုယ်ဂရုစိုက်ပါတယ်။ ဒါပေမဲ့ မင်းနဲ့ယှဥ်လာရင်တော့ ကိုယ်မင်းတစ်ယောက်ကိုပဲ မြင်တယ်" ကံကြမ္မာသည် ဆန်းကြယ်လွန်းလှသည်။ ရာဇဝင်ထဲ အချိန်ခရီးသွားပြီးနောက် သူ၏နှလုံးသားတစ်ခုလုံးနှင့်ရင်း၍ ချစ်ရသူအား ရှာဖွေတွေ့ရှိခဲ့သည်။ Unicode "ကိုယ့်...