5

81 5 3
                                    

Unicode
🏙🏙

ရုံးခန်းအတွင်းစာရင်းစာအုပ်များ ကြားခေါင်းစိုက်ကာအလုပ်ရှုပ်နေသည့် ရောင်နီသည် လက်ပတ်နာရီ အားလှမ်းကြည့်မိရာ

"ဟင် နေ့လည်တစ်နာရီတောင်ထိုးနေပြီ ငါ့ကို ကိုကိုဖုန်းလည်းမဆက်ဘူး ဘာတွေများအလုပ်ရှုပ်နေတာပါလိမ့်"

"အရေးကြီး လူနာတွေ့စရာရှိတယ် ဆိုတော့ ဘာတွေများအရေးကြီးပြီး ငါ့ကိုတောင် ဖုန်းမဆက်နိုင်ရတာလဲ ညနေမှ ဆေးရုံထိလိုက်သွားပြီး အပြစ်ပေးလိုက်အုံးမယ် ဟွင်း ဟွင်း"(လူယုတ်မာရီသံနဲ့😏)

ရောင်နီသူ့အတွေးနှင့်သူ အလုပ်ရှုပ်နေစဥ်

"သား အလုပ်တွေရှုပ်နေလား"

"ဖေဖေ မရှုပ်ပါဘူး ဘာပြောစရာရှိလို့ ရုံးအထိတောင်လိုက်လာတာလဲ"

"ဟုတ်တယ်သားရေ အဖေသားကိုပြောစရာရှိလို့ ဒါနဲ့သားနေ့လည်စာစား ပြီးပြီလားမစားရသေးရင် နေ့လည်စားစားရင်း ပြောကြတာပေါ့"

"ဟုတ် ဖေဖေ သားမစားရသေးဘူး သွားကြတာပေါ့"

စားသောက်ဆိုင်တွင်....
"ဖေဖေသားကို ဘာပြောစရာရှိလို့လဲ"
ကျွန်တော်မေးတော့ ဖေဖေက ဓာတ်ပုံတစ်ပုံထုတ်ပြသည်။

"ဖေဖေ သူက"

"သူ့နာမည်က နွေဥသြတဲ့ သူကစက်ာပူမှာကျောင်းတက်ပြီး ပြန်လာတာမကြာသေးဘူး သားရဲ့"

"အဖေက သူနဲ့ဘလိုလုပ်ပြီးသိတာလဲ"

"သူအဖေက အဖေ့ရဲ့ ငယ်သူငယ်ချင်းလေ အာ့တာသမီးလေးက ကျောင်းပြီးခါစ ဆိုတော့ အလုပ်အကြောင်းတွေနားမလည်လို့ သားစီမှာ အလုပ်လုပ်ရင်း အလုပ်အကြောင်းတွေသင်ပေးဖို့ အကူညီတောင်းထားလို့လေ"

"Aww ဟုတ်"

"ပြီးတော့ သူက သားလက်ထပ်ရမယ့်မိန်းကလေးဘဲ"

"ဗျာ ဖေဖေ ဘာပြောလိုက်တာလဲ သားကသူ့ကိုလက်ထပ်ရမယ် ဟုတ်လား"

"ဟုတ်တယ်သား အဖေတို့လူကြီးချင်း တိုင်ပင်ထားကြတယ် သမီးလေးကလည်း လက်ခံတယ်"

"ဒါပေမယ့် ဖေဖေ သားသူ့ကိုလက်မထပ်ချင်ဘူး"

"ဘာလို့လဲ သားရယ် သားမှာချစ်သူရှိတယ် လို့ပြောမလို့လား မပြောနဲ့နော်သား အဖေ သားနေကိုမေးပြီးပြီ သားမှာ ချစ်သူမရှိဘူးတဲ့ "

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 19, 2020 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မောင့် ကိုကိုDonde viven las historias. Descúbrelo ahora