3

57 4 0
                                    

Unicode

🏥🏥🏥
ဆေးရုံတွင်...

နေဝန်း နက်ခင်းပိုင်း ဂျူတီချိန်ပြီးသည်နှင့် မောင့်အားဖုန်းဆက်၍ နေ့ခင်းစာ စားရန် သတိပေးရပါသည်။

☎☎☎☎

"ဟယ်လို...မောင်...

အစည်းဝေးပြီးပြီ မဟုတ်လား နေ့လည်စာစားတော့နော် ဆယ့်တစ်နာရီထိုးပြီးပြီ"

"ဟုတ်ကဲ့ပါ ကိုကိုရယ်...
မောင်အခုစားနေပါပြီ  "

"ဒီလိုဆိုတော့လဲ ကိုကို က မောင့်ကိုဂရုစိုက်သားဘဲ"

"......."

"ဒါနဲ့ကိုကို ညနေဘယ်ချိန် ဂျူတီပြီးမှာလဲ မောင်လာကြိုမယ်လေ"

"ရတယ် မောင် လာမကြိုနဲ့ ညနေ ဦးဧည့်သည်တွေနဲ့ညစာစားဖို့ ချိနိးထားလို့ မောင်အရင်အိမ်ပြန်လိုက်တော့နော်  ထမင်းလည်း ဒေါ်လေးနဲ့အတူ စားထားနှင့်လိုက်တော့"

"ဟင် ဟုတ်လား ဖေဖေက ဘယ်ကဧည့်သည်တွေမို့ ကိုကို့ ကိုပါခေါ်တာပါလိမ့်"

"အာ့တာတော့ကိုကိုလည်း သေချာမသိဘူး ဦးသူငယ်ချင်းမိသားစု လို့တော့ပြောတယ် "

"Aww သိပြီ ဖေဖေက အနာဂတ်ရဲ့သမက်လောင်းလေးကို သူငယ်ချင်းမိသားစုရှေ့ လူလုံးထုတ်ပြချင်လို့ဖစ်မယ် ဟီးဟီးး"

"မောင်ကတော့လုပ်ပြီ ဖေဖေက ကိုကိုတို့အကြောင်းမှမသိသေးတာ ပြီးတော့သိခဲ့ရင်လည်းး..."စကားသံနောက်ဖျားလေးအား အားမရှိသည့်အသံလေးဖြင့်ဆိုရင်း ဆက်မပြောဘဲရပ်တန့်လိုက်သည်။

"သိခဲ့ရင်လည်း ဘာဖစ်လဲ ဆက်ပြောပါအုံး ကိုကိုရဲ့"

"သိခဲ့ရင်လည်း လက်ခံပေးနိုင်မှာမဟုတ်ဘူး လေ😔"

"ကိုကိုရယ် ပြောမကြည့်ဘဲဘသူက သေချာသိမှာလဲ
လက်မခံလဲ ဘာဖစ်လဲ မောင်က ကိုကို့ကို ရအောင်ယူပြီး မောင့်မိန်းမဖစ်အောင်လုပ်မှာဘဲ "

"ဟာ မောင်နော် ဘာမိန်းမလည်း"

"ဟားးးဟုတ်ပါပြီ ယောက်ျားလေးရယ် ဒါဆိုရင် ဖေဖေတို့ကို မောင်ယောက်ျားယူပါတော့မယ် မောင်ယူမယ့်ယောက်ျားက ကိုကိုပါလို့ပြောလိုက်ရမလား"

မောင့် ကိုကိုWhere stories live. Discover now