1

357 6 1
                                    

ပြတင်းပေါက်မှတိုက်ခတ်လာသော လေနုအေးလေးနှင့်အတူ ကုတင်ဘေးရှိခုံပေါ်မှနာရီလေးသည် သူ၏တာဝန်အရ နေဝန်းအားနိုးထရန် သတိပေးနေသည်။

နှိုးစက်ပိတ်ကာကုတင်ပေါ်မှဆင်း၍ ရေချိုးခန်းအတွင်းဝင်ကာ မျက်နှာသစ်သွားတိုက် ရေချိုးပြင်ဆင်ပြီး
တစ်ဖက်အခန်းရှိ မောင့်အားနှိုးရန် တာဝန်ကျချေပြီ။

မောင့်အခန်းအတွင်းတခါးအသာဖွင့်ဝင်ကာ
"မောင် ... မောင်ထတော့လေ ၇နာရီထိုးပြီမောင်ရဲ့"
အိပ်ပျော်နေဆဲမောင်မှ ဘာသံမှထွက်မလာ

"မောင်..ထတော့ ဆိုကွာ ဒီနေ့ရုံးမှာ Meeting ရှိတယ်ဆို"
ကာလနဂါးလေးက ဘာစကားမှမဆို
"မောင် မထရင်လည်း နေတော့ကွာ အောက်ဆင်းနှင့်ပြီ"ဟုဆိုကာ ဆူထွက်လာသောနှုတ်ခမ်းလေးနှင့် စောင့်အောင့်ကာ လှည့်အထွက်

"အင့်"
မောင်မှ ကိုကို့လက်တစ်ဖတ်အား အားထည့်၍ဆွဲလိုက်ရာ မောင့်ကိုယ်ပေါ်သို့ အလိုက်သင့်ပြုတ်ကျလာသော
ကိုကို ခန္ဓာကိုယ် လေးအားခါးမှဖွဖွလေးဖတ်ထားရင်း မျက်လုံးအစုံအား ပြန်ပိတ်ထားလိုက်သည်

"မောင်..ဘာလုပ်တာလဲလွှတ်တော့လေ ဦးနဲ့ဒေါ်လေးတို့တက်လာပြီး မြင်သွားရင်မကောင်းဘူး လွှတ်"

"ဟင်း ကိုကိုကလည်း မောင်ကကို့ချစ်သူကိုဖတ်တာဘဲဘာမကောင်းစရာရှိလည်း "

"Aww မောင်ရယ် ကိုကိုတို့ကိစ္စသိသွားလို့ မရဘူးလေ အခြေနေအားလုံးအဆင်သင့်မဖစ်ခင် ဦးနဲ့ဒေါ်လေးကို
ဖွင့်မပြောဖို့လဲ သဘောတူညီမှုယူထားကြတယ်လေကွာ"

"ပြီးတော့ဦးနဲ့ဒေါ်လေးရှေ့မှာလည်း အနေထိုင်ဆင်ခြင်ပါ့မယ်လို့ မောင်ကတိပေးထားတယ်လေ"

ထိုအခါမှမောင်က
"Omm ပါကိုကိုရယ် မောင်နားလည်ပါပြီ ဖေဖေနဲ့မေမေရှေ့မှာ မောင်ဆင်ခြင်ပ့မယ် ဒါပေမယ့် ဖေဖေနဲ့မေမေ မရှိတဲ့ခုလိုချိန်မှာတော့ "ဟုဆိုကာမောင်သည်မျက်လုံးရွဲကြီးများနှင့်ကြည့်ကာ မောနီးkissပေးရန် နှုတ်ခမ်းအား ထော်ပြလာသည်။

"ပွတ်"
မောင့်အားမောနီးkissပေးကာအခန်းအပြင်သို့ပြေးထွက်လာရသည်။မောင့်ကို မောနီးkiss ပေးခဲ့ပါသည်
သိုသော် မောင်တောင်းဆိုသောနှုတ်ခမ်းအစုံသို့ မဟုတ်ဘဲ မောင်၏အိစက်ရဲမို့နေသောပါးပြင်ထက်သို့သာလျှင်..

မောင့် ကိုကိုWhere stories live. Discover now