Yixing : " ကိုယ်လည်းသိပ်မသိဘူး။ ကိုယ်သိတာက သူအရမ်းချမ်းသာနေတယ်ဆိုတာပဲ။ သူရဲ့အရင်အလုပ်တွေရော KS ရဲ့မိဘလုပ်ငန်းတွေရော၊ သူ့မိဘလုပ်ငန်းတွေရောဆိုတော့ဘသူဘယ်လောက်ချမ်းသာနေမလဲကိုယ်မသိဘူး။ နောက်တစ်ခုက Ks ရဲ့လုပ်ငန်းတွေရောပဲ "

Tao : " KS မသိအောင် အရာအားလုံးလုပ်ပေးထားတာပဲ "

Luhan : " သေချာတာတစ်ခုကတော့ မင်းတို့ကြားမှာ ငါကအရူးလိုဖြစ်နေတာပဲ။ ဘာမှကိုမသိတာ "

Chen : " ကျွန်တော်လည်းမသိဘူး ကော်ဖီဆိုင်အလုပ်ကလွဲလို့ "

Luhan : " ငါရောပဲ ဆေးကုဖို့ကလွဲလို့ဘာမှမသိဘူး "

Chen : " လာ hyun အဲ့ကောင်တွေကိုသူ့ဘာသူနေခိုင်းတော့ ကျွန်တော်တို့နှစ်ယောက် စကားပြောရအောင် "

Luhan : " အကောင်းဆုံးပဲ လာ ဟိုဘက်သွားထိုင်ကြမယ်။"

နေရာတွေက ကြိုက်သလိုထိုင်လို့ရတာကြောင့် Chen တို့နှစ်ယောက်သူတို့နဲ့နဲနဲဝေးရာကိုမှာထိုင်ရင်းစကားပြောနေကြသည်။

Tao နဲ့ suho လည်းစကားဝိုင်းတစ်ခုဖြစ်သွားသည်။ yixing kai kris sehun xuimin တို့ 5 ယောက်ပေါင်းမိသွားကာ Chan နဲ့ပက်သက်တဲ့ စီးပွါးရေးတွေ နောက်ထပ် Chanyeol ကလွဲရင် ဘယ်သူမှမသိသေးတဲ့ အကြောင်းအရာတွေကိုအသေလဲ ဆွေးနွေးနေကြသည်။ ဒီအလုပ်တွေက လျှို့ဝှက်ချက်အနေနဲ့သတ်မှတ်ထားတာကြောင့် သူတို့ 6 ယောက်အပြင် ဘယ်သူ့ကိုမှပေးမသိ။ သူတို့မသိတာက Suho က အတော်ဆုံး hacking သမားတွေထဲကတစ်ယောက်ဆိုတာပါ။ အကုန်လုံးကိုယ့်အဖွဲ့နဲ့ကိုယ်​စီစကားပြောကာ Hawaii သို့ရောက်ခဲ့လေပြီ။
လေယာဥ်ပေါ်က ဆင်းဆင်းချင်းတွေ့လိုက်ရတာက သူတို့ကိုကြိုဆိုနေတဲ့လူတန်းကြီး ။ Kai ကတော့ Baek ရဲ့လက်ကိုဆွဲကာဆင်းနှင့်သည်။ နောက်တော့ Lay တို့အတွဲ Kris တို့အတွဲ Xuimin တို့အတွဲ Sehun တို့အတွဲ ကိုယ်စီဆင်းသွားကြသည်။ Chan ကတော့ အိပ်ပျော်နေတဲ့ ငယ် ကိုလှုပ်နိုးလိုက်တော့ အင်း အဲ နဲ့နိုးလာတဲ့ ငယ်။ သူ့ကိုအူကြောင်ကြောင်နဲ့ကြည့်လာတာကြောင့်

Chan : " အိပ်ပုတ်လေး ရောက်နေပြီ "
KS : " ရောက်ပြီလား ဟိုကောင်တွေရော "

Happy House(U+Z)حيث تعيش القصص. اكتشف الآن