💚💚💚💚💚Extra 1

3.8K 482 70
                                    

ရိပေါ်ရဲ့ စတော်ဘယ်ရီ နှုတ်ခမ်းလေးကို
တရှိုက်မက်မက် နမ်းရှိုက်အပြီးမှာတော့
နှစ်ယောက်လုံး မျက်နှာရဲရဲတွေနဲ့ ဂုတ်ပွတ်ရင်း
မြေပြင်ကိုပဲ ငုံ့ကြည့်နေကြသည်။

တစ်ချိန်လုံး ရူးခဲ့ရတဲ့ နှုတ်ခမ်းရဲရဲလေးကို
နမ်းချင်လို့သာ နမ်းလိုက်တာ
ရှောင်ကျန့်လည်း ရှက်တာက ရှက်တာပဲလေ
ဟဲဟဲ....
ပြီးတော့ ဒါက FIRST KISSလည်းဖြစ်တာမို့..

ရှောင်ကျန့်ကပဲ စကားစပြီး
"ဝမ်လေး ကောသိချင်နေတာတွေ ပြောပြမယ်ဆို
ပြောပြဦးလေ
ကောကို ဘယ်ချိန်တည်းက သိတာလဲ.."

ကျန့်ကော မေးသံအဆုံး ဝမ်ရိပေါ်
စပ်ဖြဲဖြဲကြီးတောင် ဖြစ်သွားသည်။
ဲဒီယုန်ငတုံးလေးရှောင်ကျန့် ရဲ့ အချစ်တွေကို
ရိပေါ်ရအောင် ဥာဏ်နီဥာဏ်နက်တွေ
ဘယ်လောက်တောင် ထုတ်ပြီး ချဉ်းကပ်ခဲ့ရသလဲ??

"အင်းးး ကျန့်ကောကို ကျွန်တော်  အရင် စတွေ့
ခဲ့တာ
ပြီးတော့ ကျွန်တော်ကပဲ မြင်မြင်ချင်း ချစ်ခဲ့ရတာ"

"တကယ်......?"

"တကယ်ပေါ့  ကောရ
ကောကို ဒီ သစ်ပင်အောက်မှာပဲ စတွေ့ခဲ့တာ
ကောက အိပ်နေတာများ သိုးလို့"

လူပျို ကြီး ရှောင်ကျန့်က ရှက်ရယ်ရယ်တယ်။
"ဆက်ပြောပါဦး"

"ကော တွေ့မလားဆိုပြီး ဘတ်စကတ်ဘော
အသင်းထဲ ဝင်ပြီးလည်း ရှိုးပြခဲ့တယ်။
အဲ့တာနဲ့ မရတော့ ကောနဲ့ တူတူ BUS ကား
လိုက်စီးပြီး ကြံဖန်ရတာပေါ့"

"အဲ့ဆို ကားပေါ်မှာ ဝမ်လေးကို ကော
အမြဲငေးနေတာရော ဝမ်လေးသိတယ်ပေါ့"

"သိတာပေါ့ ယုန်ကြီးကျန့်ရဲ့
ဒူလိုက်တာလည်း လွန်ရော
ဒါပေမဲ့လည်း ဒီ ဒူဒူလေးကိုပဲ ချစ်နေရတာပါပဲလေ.."

"ကော Strawberry ချို ချဉ်တွေလာထားတိုင်း
လည်း ကျွန်တော် နောက်က အမြဲပါတယ်
ကောကသာ မသိတာ...
ပြီးတော့ အဲ့ချိုချဉ်လေးတွေ ကောပေးထားတာမို့
မစားရက်လို့ ကျွန်တော် ဖန်ဘူးလေးနဲ့ သေချာ
သိမ်းထားတယ်။
ကျန့်ကောစည်းပေးတဲ့ လက်ကိုင်ပုဝါ အဖြူ လေး
ကတော့ ဒီမှာ ။
ကျွန်တော်ပဲ အပိုင်ယူထားလိုက်တော့မယ်နော်"

Strawberry Lollipop🍭🍬Where stories live. Discover now