💚💚💚

4.2K 558 5
                                    

"ကျန့်ကော"

ရိပေါ်က ရှောင်ကျန့်လက်ကို ဆွဲထားတာ မလွှတ်သေးဘဲ ခေါ်တယ်။

"ရိပေါ် မင်းငါ့နာမည်ကို သိနေတယ်?"

ရှောင်ကျန့် အံ့ဩတကြီး ဆ်ိုလိုက်တော့
ရိပေါ်က မျက်ဝန်းလေးတွေ မှိတ်သွားတဲ့ထိ
ရယ်မောနေလေသည်။

"...ချောလိုက်တာ...
"ရိပေါ်ရယ်တာ အခုမှ မြင်ဖူးတယ်
ငါအသက်ရှူတောင် ရပ်တော့မလိုပဲ"
​ရှောင်ကျန့် အတွေးထဲမှာ အခါတစ်ရာလောက်
ပြစ်မှားနေတဲ့ စကားသံတွေပဲ ဖြစ်ပါမယ်။

ပြီးမှ ရိပေါ်က  ရှောင်ကျန့်ပခုံးတွေကို
ဆုပ်ကိုင်ထားရင်း

"ကျန့်ကော သိချင်နေတာတွေ နောက်မှဖြေပေးမယ်။
ခုကျွန်တော်သိချင်တာက ဘာလို့ ဒီနေ့ Strawberry lollipop လာမကျွေးတာလဲ။
ဘာလဲ ကျွန်တော့်ကို စိတ်ကုန်သွားလို့လား။
မချစ်တော့လို့လား ကျန့်ကောက"

ရိပေါ် စကားသံအဆုံးမှာ ရှောင်ကျန့် ခေါင်းကို
မိုးကြိုးအစင်းတစ်ရာ ပစ်ချလိုက်သလိုပဲ။

ရိပေါ်က... ရိပေါ်က.. သူ နေ့တိုင်း စတော်ဘယ်ရီချိုချဉ်လေးတွေ လာထားပေးနေတာ
သိတယ်။ ပြီးတော့ သူ့ကို မချစ်တော့လို့လားတဲ့။
အဲ့တာဆ်ို ရ်ိပေါ်က ရှောင်ကျန့်တစ်ဖက်သတ်
ချစ်နေတာကိုလည်း သိတယ်ဆိုတဲ့ သဘောပေါ့။

ရှောင်ကျန့် စိတ်ကိုငြိမ်ငြိမ်ထားရင်း
"ရိပေါ် ဟို.. ဟို.. ကော က "

"ဘာမှ ဟိုဟိုဒီဒီတွေ လုပ်မနေနဲ့ ကျန့်ကော။
Lollipopတွေ ကျန့်ကော လာလာထားတာ
ကျွန်တော်သိတယ်။ ကျွန်တော်နဲ့ ညနေတိုင်း
Bus ကားအတူတူစီးတဲ့ အကိုကြီးက
ကျန့်ကော ဆိုတာလည်း သိပြီးသား။
ခု မေးနေတာပဲ ဖြေကွာ~
ကျွန်တော့်ကို မချစ်တော့လို့ Lollipop
မပေးတော့တာလားလို့"

ရိပေါ်ရဲ့ ကလေးဆိုးဆိုးတဲ့ အသံချွဲချွဲအောက်မှာ
ရှောင်ကျန်​့ ဘယ်လိုမှ တောင့်မခံနိုင်တော့။
မျက်နှာပူတာတွေ ရှက်တာတွေ နောက်မှာထား။
ကလေး သိချင်နေရင် ဖြေပေးရမှာ
ကျန့်ကော အလုပ်~ဟုတ်တယ်ဟုတ်~~

"မဟုတ်ပါဘူး ဝမ်လေးရာ
ဟို ကောက..ကောက..ဝမ်လေးကို ချစ်ပါတယ်ကွာ"

Strawberry Lollipop🍭🍬Where stories live. Discover now