💚💚💚💚💚💚Extra 2

4.2K 491 42
                                    

ရှောင်ကျန့် ဆေးခန်းအပြန် ကားပေါ်မှာ ရိပေါ်ကို
တတွတ်တွတ် တောင်းပန်နေမိသည်။

"ကော အပြစ်တွေပါ ဝမ်လေးရာ
ရိပေါ် အစပ်နဲ့မတည့်မှန်း ကော မသိလိုက်လို့
ကော တောင်းပန်ပါတယ်နော် "

"အာ....ကျန့်ကောကလည်းကွာ
ရပါတယ်ဆို
ကျွန်တော်ကိုယ်တိုင်က အစပ်နဲ့မတည့်မှန်း
သိသိရက် စားချင်လို့ကို စားခဲ့တာ
ကော အပြစ်မဟုတ်ဘူး ...နော်..
ဒါကြောင့် မတောင်းပန်နဲ့တော့
ဆေးခန်းပြန်တည်းက တောင်းပန်တာ ကော အိမ်တောင် ပြန်ရောက်တော့မယ်
ခုထိ တောင်းပန်လို့ မပြီးသေးဘူး
ကျွန်တော်က ကော ကျွေးတာဆို အဆိပ်ဖြစ်နေပစေ
စားမှာပဲ "

"ဟာ ကို့ကလေးလေးကို အဆိပ်ကျွေးစရာလား
ချစ်လို့တောင် မဝတာကို ကလေးငယ်ရယ်
နောက် ကော ပိုပြီး သတိထားမယ်
ရိပေါ် အကြောင်းကို ပိုသိအောင်လုပ်မယ်နော်
အခု သက်သာလား ဝမ်လေး"

"သက်သာတာပေါ့ သက်သာတာမှ အရမ်းကို
သက်သာနေပြီ ကောအချစ်တွေနဲ့ ဟီးဟီးဟီး"

"ချစ်ဖို့ ကောင်းလိုက်တဲ့ ခွေးပေါက်လေးကွာ
ဒါက ကောကြောင့် နစ်နာသွားတာမို့ အစား
လျော်ပေးတာ အွန့် မွက်စ်"

ရိပေါ်ပါးနုနုလေးကို ရှောင်ကျန့်မွှေးကြူ လိုက်တော့

"အာာ တစ်ဖက်တည်းလား ကောကလဲ
နှစ်ဖက်လုံးပေးမှ သက်သာမှာပေါ့"

"အွန်း ဝမ်လေးသဘော"

"မွက်စ် "

"နဖူးရော"

"မွက်စ်"

မေးစေ့ရော

"မွက်စ်"

နှာခေါင်းရော

"မွက်စ် ပြွတ်"

"ဒါက ဝမ်လေး မတောင်းဘဲ အဆစ်ပိုပေးတာ"

နှုတ်ခမ်းကို နမ်းခံလိုက်ရတဲ့ ဝမ်ရိပေါ်တို့ကလည်း
ဟန်တောင်မဆောင်နိုင်ပါဘူး။

တဟီးဟီးနဲ့ သဘောတွေ ကျနေတာဆိုတာလေ..

......................................................................

ရိပေါ်နဲ့ ရှောင်ကျန့်တို့ အချစ်ရေးက ထင်ထားတာ
ထက်ကို အများကြီး အဆင်ပြေခဲ့ပါသည်။

Strawberry Lollipop🍭🍬Hikayelerin yaşadığı yer. Şimdi keşfedin