Baekhyunပြောရင်း ထိုင်ရာကထာလာကာ ဘေးကChanyeolလက်မောင်းကိုချိတ်ထားလိုက်သည်။

"မြူတွေအများကြီးပဲ တွေ့လား လှတယ်.. တော်တော်လေးလှတယ်နော်"

"အင်း အရမ်းလှတယ်"

ရှေ့ကမြူတွေထဲကို ပြုံးပြီးကြည့်နေတဲ့Baekhyunကို Chanyeolဘေးကကြည့်နေရင်းဖြေသည်။

မင်းနဲ့ယှဉ်ရင် သဘာဝအလှကကောဘယ်လောက်ထိလှနိုင်မှာတဲ့လဲ..
ငါ့မျက်လုံးထဲမှာ မင်းကတော့အလှဆုံးပဲ..

"ငါဆရာဝန်ဖြစ်ရင် ဒီနယ်လေးမှာ မင်းနဲ့အတူတူလာနေမယ်..
နော် Chanyeol..
ငါနဲ့တူတူနေနော်"

"အင်း"

Baekhyun Chanyeolကိုကြည့်လာခဲ့ကာ နှုတ်ခမ်းတထော်ထော်နဲ့ Chanyeolဆီကအသိအမှတ်ပြုတာကိုတောင်းခံနေပြီး လက်ခံပေးလာတာနဲ့ သွားတန်းလေးတွေပေါ်အောင်တဟီးဟီး ရယ်ပြနေသည်။

"အာ့.. ယာ့.. ပြုတ် ပြုတ်ကျသွားမယ်လေ..
ကြောက်တယ် ကြောက်တယ်လို့"

အသည်းရားစရာကောင်းနေတဲ့ Baekhyunကို Chanyeolပုခုံးနှစ်ဖက်ကနေကိုင်လှည့်ပြီး ကမူအစွန်းနားပို့လိုက်တာကြောင့် Baekhyunမှာ မလှုပ်ရဲ..
နောက်က ထိန်းကိုင်ထားတဲ့ Chanyeolရဲ့အင်္ကျီစကို လက်ပြန်ကိုင်ဆုပ်ထားသည်။

"အီယားးးး Chanyeol-Ya.. ငါပြုတ်ကျမှာကြောက်တယ်လို့"

ဒီနေရာက လှလည်းမလှတော့ဘူး

ကြောက်တယ်..

အခုနေ မင်းလက်သာလွှတ်လိုက်ရင် ငါတော့ ပြုတ်ကျသွားတော့မယ်

အမြင့်ကြီးနေမှာ.. အောက်ရောက်ရင် ငါသေမှာကျိန်းသေပဲ

အူ ဝါးးး

မသေချင်သေးဘူး....

"ငါလွှတ်ချလိုက်ရမလား"

"ဟင့်... မသေချင်သေးဘူး.. မင်းနဲ့တူတူနေချင်သေးပါတယ်ဆိုမှ

မလွှတ်လိုက်ပါနဲ့
ကြောက်တယ် ကြောက်တယ်"

Chanyeolစနေပြီး ကိုယ်လေးတုန်နေပြီဖြစ်တဲ့Baekhyunကို အပြုံးတစ်ခုနဲ့အတူနောက်ကနေဖက်ထားလိုက်သည်။

Chanyeolကငါ့ကိုဖက်ထားပေးတယ်

ကြောက်‌ ကြောက်နေပါတယ်ဆိုမှ.. ပြုတ်ကျသွားမှာစိုးလို့ ငါရင်တောင်မခုန်ရဲဘူး

HE'S ✓Where stories live. Discover now