"သားပြန်ရောက်ပြီ မေမေ"

"မုန်းမပါဘူးလား သား"

ထင်ပါတယ် မေမေမေးတော့မယ်ဆိုတာကို။

"ဟုတ်မေမေ ဒီနေ့ မုန်းလိုက်မလာဘူး။ မေ့ကိုသတိရတယ်လို့ ပြောပေးပါတဲ့"

"မုန်းအိမ်မလာတာကြာပြီသားရယ်။ မေမေမုန်းကို သတိရလိုက်တာ"

"အမလေးမေမေ မုန်း အိမ်မလာတာ နှစ်ရက်ပဲရှိပါသေးတယ် မေမေရယ်။ မေမေတို့ သားအမိတွေ ပိုကိုပိုတယ်"

"အမလေး မပိုပါဘူးနော် လိုတောင်လိုသေး"

ဟုတ်ပါတယ် မေမေက မုန်းကိုသိပ်ချစ်သလို မုန်းကလည်း မေ‌မေ့ကို သိပ်ချစ်တာပါ။ မုန်းကအဲ့လိုပဲ ကလေးရုပ်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတာမို့ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုနဲ့ ပြည့်တယ်လို့ပဲ ပြောရမှာပေါ့။ မေမေ့အတွက်တော့ မုန်းကသားလေးလို ဖြစ်နေတာပင်။ ကလေးဘဝကတည်းကမုန်းက အိမ်ကို အမြဲ အလည်လိုက်လာတာဆိုတော့ မေမေ့အတွက်က ဒုတိယသားလေးပေါ့။ မုန်းအတွက်လည်း မေမေက ဒုတိယမေမေလို့ မုန်းက တစ်ခါပြောဖူးတယ်။

ကျွန်တော်နဲ့မုန်းက ဟိုးကလေးဘဝကတည်းက ခင်လာခဲ့ကြတာ အခုရှစ်တန်းနှစ်ထိဆိုပါတော့။

ကျွန်တော်တို့က ခုနေတဲ့ မြောင်းမြဇာတိမဟုတ်ကြဘူး။ ဇာတိက မြန်အောင်ပေါ့။ ဖေဖေက ဟင်္သာတနည်းပညာတက္ကသိုလ်(HTU)က မေမေကတော့ ဟင်္သာတကွန်ပျူတာတက္ကသိုလ်(UCSH) ကျောင်းဆင်းပေါ့။

ဖေဖေက မြောင်းမြ Position နဲ့ အလုပ်ရတော့ မေမေက ရန်ကုန်က အလုပ်ကိုထွက်ပြီး ဖေဖေနေတဲ့မြောင်းမြကို လိုက်လာရတယ်။ ဖေဖေက Telecom မှာ အင်ဂျင်နီယာ မေမေကတော့ မြောင်းမြရုပ်ရှင်ရုံက မန်နေဂျာပေါ့။

ကျွန်တော့်ဖိုးဖိုး ဖွားဖွားနဲ့ တီတီ‌အကြီးဆုံးက မြန်အောင်မှာ နေကြပါတယ်။ တီတီလတ်ကတော့ ရန်ကုန်မှာနေတယ်။ ကျွန်တော်ကတော့ ကျောင်းလေးရက်လောက်ပိတ်တဲ့ရက်တွေဆို ရန်ကုန်ကိုသွားတယ်။ သီတင်းကျွတ်နဲ့ ဒီဇင်ဘာကျောင်းပိတ်ရက်နဲ့ ကျောင်းနှစ်လပိတ်ချိန်တွေဆိုရင်တော့ မြန်အောင်ကို ပြန်ဖြစ်ပါတယ်။

မုန်းရဲ့အလင်းရောင်On viuen les histories. Descobreix ara