➶➶세➷➷

349 34 108
                                    

𝕦𝕟𝕚𝕔𝕠𝕕𝕖

လဝန်းထက်သျှန် မင်းခက်ပိုင်ဘေးနားမှာ တိတ်ဆိတ်စွာ တစ်ယောက်တည်း ထိုင်နေမိသည်။ မင်းခက်ပိုင်ကို စကားပြောရန်သတ္တိတစွန်းတစမျှမရှိပေ။ သူအပြစ်မလုပ်ထားပါ‌သော်လည်း ခုနကတွေ့လိုက်သော မင်းခက်ပိုင်၏ပုံစံကို တွေးမိလိုက်တိုင်း ကြက်သီးမွေးညှင်းများထလာခဲ့သည်။

တဖြေးဖြေးနှင့်မင်းခက်ပိုင် လဝန်းထက်သျှန်ဘက်သို့ လှည့်လာလိုက်သည်။ လဝန်းထက်သျှန် တွေးထားသည်နှင့်ခြားနားစွာ မင်းခက်ပိုင်၏ ပုံစံမှာ ဝမ်းနည်းမှုများဖြင့်ပြည့်နေသည်။

"ဆရာ ကျတော် တောင်းပန်ပါတယ် ကျတော် ဆရာ့ကို ချစ်မိသွားလို့ပါ"

လဝန်းထက်သျှန်အံ့ဩ၍ ခဏတာမင်သက်နေပြီးမှ တစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့၊

"ဆရာ ကျတော်ပြောတာကို ဆုံးအောင်နားထောင် ပေးပါ ကျေးဇူးပြုပြီး"

လဝန်းထက်သျှန် ပြောရန်စကားများကိုပြန်မျိုသိပ်လိုက်ပြီး မင်းခက်ပိုင်ကို ခေါင်းငြိမ့်ပြလိုက်သည်။ အမှန်ဆိုကိုယ်ပြောချင်တာက အရေးမကြီးပါဘူး၊ ကိုယ့်ချစ်ရသူပြောချင်တာကမှ ပိုအရေးကြီးသည်မဟုတ်လား။

"ကျတော် တဖက်သတ်တွေးမိတာထင်တယ် ဆရာ့ရဲ့ ခံစားချက်ကိုပိုပြီးအလေးပေးရမှာပါ ဆရာ့မှာ ချစ်သူရှိနေတယ်ဆိုတာကိုလည်း မသိခဲ့လို့ပါ ဒါပေမဲ့ကျတော် စိတ်ရင်းနဲ့ ချစ်ခဲ့တာပါ
တောင်းပန်ပါတယ် ဆရာ"

သူ့ကိုဘာမှပြောခွင့်မပေးဘဲ အတင်းတောင်းပန်၊ အတင်း ခါးညွတ်ပြီး အလေးပြုနေတဲ့ မင်းခက်ပိုင်ကြောင့် ဒီတစ်ခါတော့ လဝန်းထက်သျှန်ရယ်ချင်သွားသည်။

"မင်း ငါပြောတာကိုနားမထောင်ချင်တော့ဘူးလား"

"ပြောပါဆရာ"

လဝန်းထက်သျှန် မင်းခက်ပိုင်နား နားကိုကပ်သွားလိုက်ပြီး အနီးဆုံးရောက်တော့မှ

"ငါလည်းမင်းကိုချစ်ပါတယ် ဘာလို့ငါ့ခံစားချက်ကို မမေးကြည့်တာလဲ"

အလွန်းတိတ်ဆိတ်လွန်းတဲ့ အားကစားခန်းမထဲ နှစ်ယောက်တည်း ရှိတာကြောင့် တစ်ယောက်ရဲ့ ရင်ခုန်သံကို တစ်ယောက်အတိုင်းသားကြားနေရသည်။ ဒီအချိန်မှာ လဝန်းထက်သျှန်ကို အချစ်ဟာခါးလားအရမ်းချိုမြိန်လားဆိုတဲ့ သီချင်းသာဖွင့်ပြမယ်ဆို သေချာပေါက်သူ‌ပြန်ပြောမိမှာကတော့ အချစ်ဟာ တော်တော်အသံကျယ်တယ်။ ရင်ခုန်သံပြောပါတယ်။

➶➶ Dear Teacher ➷➷Where stories live. Discover now