➶➶두➷➷

339 41 80
                                    

𝕦𝕟𝕚𝕔𝕠𝕕𝕖

မိုးရွာထားသော်လည်း နေ့လည်အချိန်ရောက်လာပြန်လျှင် ပူအိုက်အိုက်နှင့်အလွန်နေရခက်သော မိုးရာသီဖြစ်သည်။ အခန်းပြတင်းပေါက်ကနေဖြတ်ပြီး တစ်ဖက် အဆောင်မှာ စာထိုင်လုပ်နေတဲ့ ဆရာ့ကိုငေးကြည့်လိုက်တော့ နဖူးစပ်နားလေးမှာ ချွေးစလေးတွေခိုလို့။

ဆရာ့အတွက် အချိုအေးအေးလေးသွားဝယ်ပေးဖို့ရာ ကျောင်းဆင်းချိန်ကိုစောင့်နေမိသည်။ နာရီလက်တံနှစ်ချောင်း ထိပ်မှာသွားဆုံသည်နှင့် မင်းခက်ပိုင်မတ်တပ်ရပ်လိုက်ကာ ကျောင်းကန်တင်းကိုတစ်ချိုးတည်းပြေးတော့သည်။

××××××××××

"ဒီမင်းသားတွေကိုဘာလို့ကြိုက်နေတာလဲ အရမ်းလည်းမချောဘဲ နောက်ပြီး BL Actor တွေဟာ"

တစ်ဖက်မှ သူ့ချစ်သူ ရဲသွေးမာန်၏ စကားကြောင့် ယုဇနကဗျာ တစ်ချက် စုတ်သက်လိုက်ရင်း မျက်နှာတွင် အလိုမကျမှုများက တဖြည်းဖြည်းထင်ဟပ်ပေါ်လွင်လာသည်။

"ဘာလဲ ကိုကိုကကလေးကိုငြိုငြင်နေတာလား ကလေးမင်းသားတွေကိုအဲ့လိုမှိုချိုးမျှစ်ချိုးမပြောပါနဲ့"

စိတ်ကောက်လွယ်တဲ့သူလေးကိုမှချစ်သူတော်ထားရတဲ့ ရဲသွေးမာန်တစ်ယောက်အခုလည်း လိုက်ချော့ရပါဦးမည်။ စိတ်မထင်ရင်မထင်သလို အရွဲ့တိုက်တတ်တာကြောင့် သူပြောလိုက်တဲ့ စကားမှားသွားပြီဆိုတာသိလိုက်ရသည်။ အခုလည်း သူ့ကိုစိတ်ဆိုးကာ ကျောင်းကန်တင်းဘက်ကိုစောင့်စောင့်အောင့်အောင့်ထွက်သွားလေပြီ။

ဟင့် သူများရည်းစားတွေဆို သူ့ချစ်သူကောင်မလေးကြိုက်တာတွေ‌ဝယ်ပေး၊ မင်းသားတွေဆိုလည်း အတူတူ Support ပေးနဲ့ ငါ့ကျမှအဖြစ်ဆိုးလိုက်တာနော်။

ရှေ့တွင်ရှိသော ကြေးအိုးပန်းကန်ကြီးအား ယုဇနကဗျာ အငြိုးကြီးစွာဖြင့်ကြည့်လိုက်သည်။

"ငါ့ဒေါသတွေကို နင့်ဆီပဲပုံချရတော့မှာပေါ့ ဟား...ဟား..ဟား"

‌‌ယုဇနကဗျာ ကြေးအိုးကြီးကိုအမြင်ကတ်စွာနဲ့ပဲ တစ်လုတ်ပြီးတစ်လုတ် တစ်လုတ်ပြီးတစ်လုတ် စားပစ်လိုက်သည်။ မျက်လုံးထဲတွင်ကြေးအိုးထဲမှ ခေါက်ဆွဲဖက်များက သူ့အားတောင်းပန်နေပုံကိုလည်း မြင်ယောင်ကြည့်နေသေးသည်။ သူဆိုတာ စိတ်မကြည်တော့ရင် ပြားနှစ်ဆယ်လောက်လျော့သွားတတ်တာမျိုး။

➶➶ Dear Teacher ➷➷Unde poveștirile trăiesc. Descoperă acum