ep 5

485 61 5
                                    

Jin တွေဝေမနေဘဲ suga နဲ့ j hope ရှိရာသို့ ထွက်
လာခဲ့သည်။

"မင်းအဆင်ပြေရဲ့လား jin "

Hope ရဲ့အမေးကြောင့် တွေနေရာမှ

"ငါသတ်ရမဲ့လူရဲ့ သားက ငါ့အသက်ကို ကယ်ထားတယ်....."

"မင်း အဲ့ဒီ့ကိစ္စကို လူမှုရေးနဲ့မရောနဲ့ jin.မင်းဘယ်လောက်သွေးအေးလဲ ငါတို့အသိဆုံး.အဲ့တာကြောင့်
မင်းစိတ်ရှုတ်ထွေးအောင်မလုပ်နဲ့..မင်းမိဘတွေအတွက်
ကလဲ့စားချေ ချင်တယ်ဆိုရင်ပေါ့"

Yoongi ရဲ့ ခပ်အေးအေးစကားသံကြောင့်

"ငါသိပါတယ်ကွာ.ငါမနက်ဖြန် သူ့အထေဆီသွားမှာ"

ထို့နောက် သူတို့ တိုက်ခန်းလေးတွင် တိတ်ဆိတ်မှုတို့နေရာယူထားလေတော့သည်။ထိုတိတ်ဆိတ်မှုကို အသား
မကျသော j hope မှာ
"လာပါကွာ..သွားသောက်ရအောင်"

ကျန်နှစ်ယောက်မှာလဲ မငြင်းပေ။

------------------------

နောက်တစ်နေ့

ရေတပ်ဗိုလ်ချု ပ်ကြီးမှာ jimin ဆေးရုံတတ်နေသော
ကြောင့် အိမ်ကို သိပ်ဂရုမစိုက်မိ..ထိုညနေစောင်းမှ အဝတ်စားယူရန် အိမ်သို့ပြန်လာလေသည်။အိမ်ရောက်ရောက်ချင်းမူမမှန်သည်ကိုသိသောကြောင့် ချက်ချင်းစာဖတ်
ခန်းထဲသို့ အလေတကြီးဝင်လာလေသည်။

ထို့နောက်ရှုပ်ပွနေသော အခန်းကြောင့် တစ်စုံတစ်ယောက်လာသွားသည်ကို သတိထားမိသည်။အခန်းတွင်းမှ
စားပွဲဆီပြေးသွားရင်း ပျံ့ကျဲနေသော ပစ္စည်းများကြား
တစ်စုံတစ်ခုကို လိုက်ရှာနေလေသည်။

"ခင်ဗျား ဒီပုံကိုရှာနေတာလား''

ပြောပြောဆိုဆို အသံလာရာဘက်သို့ ကြည့်မိသောအခါ
လက်ထဲတွင်ဓာတ်ပုံကို ကိုင်ထားသော လူတစ်ယောက်

"ဟား..ခင်ဗျားက မအံ့သြ သွားဘူးဆိုတော့ ကျွန်တော်
လာမှာ သိနေတာပဲ..ဗိုလ်ချုပ်ကြီး"

"မင်းက Kim hyung ရဲ့သားလား"

"..........."

တစ်ဖက်မှ ပြန်ဖြေသံမကြား.

"ငါ မင်းကို စောင့်နေတာ.မင်းငါ့ကို သတ်ချင်သတ်သွားလို့ရတယ်.ဒါပင်မဲ့ မင်းကိုသိစေချင်တဲ့ အမှန်တရားက
ငါ hyung ကိုမသတ်ခဲ့ဘူး. ငါကာကွယ်ပေးခဲ့တာ"

The Past(S-1 Complete)Where stories live. Discover now